Header AD

မူးယစ်ဆေး ဖြတ်စခန်း တွေမှာ သက်မွေးဝမ်းကျောင်း ပညာပါ သင်ပေးပါ

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေး ဖြတ်စခန်း အသစ်တွေ တည်ဆောက်ရင်ဆေးသုံးစွဲနေသူတွေအတွက် သူတို့ ဝါသနာပါတဲ့သက်မွေးဝမ်းကျောင်းပညာတွေပါတွဲပြီး သင်ပေးမှသာ ပိုပြီး ထိရောက်နိုင်မယ်လို့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ပညာပေး နေတဲ့ အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေး စွဲလူနာတွေကို ပညာပေးနေတဲ့ Justice Drum အဖွဲ့က တာဝန်ခံ ဦးအောင်ဇေက စိုက်ပျိုးရေး မွေးမြူရေးတို့နဲ့ တွဲစေချင်တယ်၊ အတင်းကုပြီးလုပ်တဲ့စခန်းတွေတော့ မဖြစ်သင့်ဘူးလို့ အကြံပြုပါတယ်။
လက်ရှိဖွင့်လှစ်ဖို့လျာထားတဲ့နေရာတွေကတော့ ရှမ်းပြည်နယ် အတွင်းရှိ ကွတ်ခိုင်မြို့နဲ့ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွေ မှာ မြေနေရာတွေရရှိထားပြီးဖြစ်ပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွရဒေသ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြ ကျေးရွာမှာဖွင့်လှစ်မယ့် ဆေးဖြတ်စခန်းကို မြေဧကခြောက်နေရာ ကျယ်ဝန်းပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ကလှူဒါန်းထား တဲ့မြေနေရာမှာဆောက် လုပ်မှာပါ။
အရင်က ရှမ်းပြည်နယ်အတွင်းမှာ ဆေးဖြတ်စခန်း အချို့ တည်ဆောက်ဖူးခဲ့ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် သည်အ သစ်ပြန်ဖွင့်မယ့်စခန်းတွေကိုတော့ အရင်လိုမဖြစ်အောင်တိကျတဲ့ မူဝါဒတွေချမှတ်ပေးဖို့လည်း လိုအပ်တယ် လို့ထောက်ပြပြောဆိုကြ ပါတယ်။
အသစ်ဖွင့်မယ့်ဆေးဖြတ်စခန်းတွေမှာ လူဦးရေ ၃၀ ကျော် လာရောက်ကုသနိုင်မှာဖြစ်သလို ရှိပြီးသားဖြစ်တဲ့မူးယစ်ဆေးြ ဖတ် စခန်းတွေကိုလည်း ပြန်လည်ပြုပြင်ဖို့လုပ်ဆောင်နေတယ်လို့ ရှမ်း ပြည်နယ်အစိုးရအဖွဲ့က ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က ပြောပါတယ်။
သူကဖယ်ခုံမြို့မှာရှိတဲ့ ရွှေပြည်အေးဆေးဖြတ်စခန်းမှာလဲ ပြုပြင် စရာတွေရှိသေးတယ်၊ လူဦးရေ ဘယ်နှယောက်လောက်ထားမလဲ ဆိုတာကလဲ ဒေသအပေါ်မှာပဲမူတည်နေသေးတယ်၊ အခြားဌာနဆိုင် ရာတွေရယ်၊ ရှမ်းပြည်နယ်အစိုးရရယ်အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ အားလုံးပူးပေါင်းဆောင်ရွက်မှာပါလို့ ရှင်းပြပါတယ်။
သက်မွေးပညာသင်ပါ
လက်ရှိရှမ်းပြည်နယ်အတွင်းမှာ မူးယစ်ဆေး သုံးနေသူအများစုက အလုပ်အကိုင်အတည်တကျမရှိသူတွေများတာကြောင့် ဆေးဖြတ် စခန်း တွေမှာ သူတို့တွေကိုအာရုံပြောင်းဖို့ သူတို့စိတ်ဝင်စားတဲ့ သက်မွေးဝမ်းကျောင်း ပညာ တွေပါ တွဲပြီးသင်ပေးဖို့လိုအပ်တယ်လို့ မူးယစ်ဆေး ပညာပေးနေတဲ့အဖွဲ့တွေက ထောက်ပြထားပါတယ်။
သည်လိုဆေးဖြတ်စခန်းတွေမှာ လာကုတဲ့သူတွေကို ပင်ပန်းတဲ့ အလုပ်တွေမလုပ်စေဘဲ စိုက်ပျိုးရေးပညာ၊ ငါးမွေးမြူရေး၊ ဆိုင်ကယ် ပြုပြင်နည်း၊ ဖုန်းပြုပြင်နည်းသင်တန်းတွေ၊ ဝါးနဲ့ပြုလုပ်လို့ရတဲ့ လက်မှု ပညာ တွေသင်ပေးနိုင် ရင်ပိုပြီး အဆင်ပြေနိုင်တယ်လို့ဆိုပါ တယ်။
အရင်ဆေးဖြတ်စခန်းတွေတုန်းက သက်မွေးဝမ်းကျောင်းပညာတွေ တွဲပြီး စနစ်တကျမသင်ပေးခဲ့တဲ့အတွက် ထိရောက်မှုမရှိဘဲ လိုအပ်ချက်တွေများစွာရှိခဲ့တယ်လို့ ရှမ်းပြည်နယ်ကျောက်မဲမြို့မှာ မူးယစ်ဆေးစွဲလူနာတွေကို ကူညီပေးနေတဲ့ မြန်မာနိုင်ငံမူးယစ် ဆန့်ကျင်ရေးအသင်းမှ ဦးတင်မောင်သိန်းက ထောက်ပြပြောဆို ပါတယ်။
သူက ဆေးဖြတ်စခန်းတွေကနေ ပြန်ထွက်ရင် သူတို့မှာအလုပ်မရှိ တဲ့အတွက် မူးယစ်ဆေးဝါးတွေပဲ ပြန်ရောင်း၊ ဒီကနေတစ်ဆင့် အကြီးစားဘိန်းမှောင်ခိုတွေဖြစ်သွားနဲ့ သံသရာလည်နေတော့တာပဲ လို့ ပြောပါတယ်။
အရင်က ဆေးသုံးစွဲနသူတွေက သူတို့မိသားစုဝင်တွေမသိအောင် တိတ်တဆိတ်သုံးစွဲနေရတာတွေကြောင့် အချိန်လွန်မှသာ ဆေးဖြတ်စခန်းတွေကို ပို့ဖို့သတိရကြတယ်လို့ဆိုပါတယ်။
ဒါကြောင့် ဆေးသုံးစွဲနေသူတွေကို မူးယစ်ဆေး ဖြတ်စခန်းတွေမှာ တက်ရောက် ကုသမှုခံယူနိုင်ဖို့ မိဘတွေကိုလည်း ပညာပေးအစီ အစဉ်တွေပြုလုပ်ဖို့ လိုအပ်နေပါတယ်။
လက်ရှိ မူးယစ်ဆေး ဥပဒေ မှာ ဆေးစွဲသူတွေအတွက် မှတ်ပုံတင် ဌာနတို့၊ မူးယစ်ဆေး ဖြတ်နေစဉ် အစားထိုးဆေးဝါးထုတ်ပေးတာ တွေကို ကျန်းမာရေးဌာနလက်အောက်မှာထားရှိမယ်လို့ သိရပါတယ်။
မူးယစ်ဆေး သုံးစွဲသူ တွေကိုလည်း မူးယစ်ဆေးလက်ဝယ်ထား ရှိခွင့်သတ်မှတ်ထားပြီး သတ်မှတ်ချက်ထက်ပိုကိုင်ဆောင်သူတွေနဲ့  ဖမ်းမိအကြိမ်ရေများနေသူ မိဘအုပ်ထိန်းသူတွေနဲ့ဆေးဖြတ် သူကိုယ်တိုင်ရောဂါတစ်ခုအဖြစ်သတ်မှတ်ထားတဲ့ သူတွေကိုသာ ဆေးဖြတ်ပေးမှာဖြစ်တဲ့အတွက် ဥပဒေ အတွက်ကတော့ လုံလောက်နေတယ်လို့ မူးယစ်ပညာပေးနေတဲ့အဖွဲ့တွေက ဆိုပါတယ်။
Justice Drum အဖွဲ့က တာဝန်ခံ ဦးအောင်ဇေက ဆေးဖြတ် စခန်းမှာလာရောက်ကုသတဲ့ လူနာတွေရဲ့ဆန္ဒကို အလေးထားရ မယ်၊ ပြုစုပျိုးထောင်ရမယ်၊ အဲဒီလိုမဟုတ်ဘဲ အရင်ပုံစံအတိုင်းဆိုရင်တော့ ဆေးပြတ်ပြီဆိုပြီး ဆေးရုံကထွက်လာရင်အရင်လိုပဲ ပြန်ဖြစ်မှာပါလို့ ပြောပါတယ်။
Credit : kumudra
မူးယစ်ဆေး ဖြတ်စခန်း တွေမှာ သက်မွေးဝမ်းကျောင်း ပညာပါ သင်ပေးပါ မူးယစ်ဆေး ဖြတ်စခန်း တွေမှာ သက်မွေးဝမ်းကျောင်း ပညာပါ သင်ပေးပါ Reviewed by Unknown on 9:17 AM Rating: 5

Post AD