Header AD

တူမအရင်းကို ပီနံအိတ်ထဲထည့် ရိုက်နှက် နှိပ်စက်ခဲ့တဲ့ အဒေါ်ဖြစ်သူအမျိုးသမီး

ပီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်တွင် အဒေါ်ဖြစ်သူဟု ယူဆရသော အမျိုးသမီးတဦးက ၇ နှစ်အရွယ်ရှိ တူမအရင်းကို ပီနံအိတ်ထဲထည့် ခြေထောက်နဲ့ကန်ကျောက်ကာ ရိုက်နှက်နှိပ်စက်မှု ဖြစ်ပွားခဲ့ပါတယ်။
 ဒေသခံမီဒီယာများ ရေးသားဖော်ပြချက်အရ အဆိုပါလူလတ်ပိုင်း အမျိုးသမီးသည် အနှိပ်စက်ခံ အမျိုးသမီးငယ်၏ အဒေါ်ဖြစ်လိမ့်မည်ဟု ယူဆကြပြီး ယင်းအမျိုးသမီးကို တရုတ်ရဲအရာရှိများ အပူတပြင်း ရှာဖွေ ဖမ်းဆီးဖို့ရန် စုံစမ်း ထောက်လှမ်းနေသည်ဟု သိရပါတယ်။

 လူသားခြင်း ထောက်ထားစာနာမှုမရှိ မိမိ၏ တူမအရင်းအား ထိုကဲ့သို့ နှိပ်စက်ညှင်းပန်းမှုကို လူမှုရေးအသိုင်းအဝိုင်းများက ကဲ့ရဲ့ရှုံ့ချကြပြီး ဒီဗီဒီယိုဖိုင်ကိုတော့ CCTV ကင်မရာမှတဆင့် ရိုက်ကူး ရရှိခဲ့ပါသည်ဟု ဒေသခံ သတင်းယာများမှတဆင့် သိရှိရပါသည်။

တူမအရင်းကို ပီနံအိတ်ထဲထည့် ရိုက်နှက် နှိပ်စက်ခဲ့တဲ့ အဒေါ်ဖြစ်သူအမျိုးသမီး  တူမအရင်းကို ပီနံအိတ်ထဲထည့် ရိုက်နှက် နှိပ်စက်ခဲ့တဲ့ အဒေါ်ဖြစ်သူအမျိုးသမီး Reviewed by Unknown on 1:11 PM Rating: 5

Post AD