Header AD

ကော်ဖီ၏ အသုံးဝင်ပုံ အမျိုးမျိုး

ကော်ဖီကို လူတိုင်းနီးပါး ကြိုက်ကြမယ်.သောက်ဖြစ်ကြမယ်ထင်ပါတယ်။ကော်ဖီခါးခါးကို လူတွေက အချစ်နဲ့ နှိုင်းယှဉ်ပြီး ကဗျာတွေစပ်ကြ ဝတ္ထုတွေရေးတတ်ကြပါတယ်။အလှော်ခံ အမှုန့်ကြိတ်ခံပြီး ရေနွေးပူပူလောင်းထည့်လိုက်မှ သင်းပျံ့တဲ့ ရနံ့ထွက်လာတဲ့ ကော်ဖီကို လူ့ဘဝနှင့်လည်း ဥပမာပေး သင်ခန်းစားပေးတတ်ကြပါတယ်။အခုလည်း ဖတ်ဖူးတဲ့ ကော်ဖီနှင့်ကော်ဖီမှုန့်ရဲ့ အသုံးဝင်ပုံအချို့ကို ပြန်လည်မျှဝေလိုက်ပါတယ်။

1.အာရုံစူးစိုက်လို့မရတဲ့အခါ ကော်ဖီတစ်ခွက်ကို သောက်လိုက်ခြင်းဖြင့် ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေနိုင်တဲ့အပြင် ကော်ဖီရနံ့ကို ရှူရှိုက်ခြင်းဖြင်း လီမွန် ၃ဆ ရှိတဲ့ ဗီတာမင် စီ ကို ရရှိနိုင်ပါတယ်။

2.ကြက်သွန်ဖြူစားပြီး ပါးစပ်ထဲတွင် စွဲကျန်နေသော အနံ့ဆိုးကို ကော်ဖီသောက်ခြင်းဖြင့် ပြေပျောက်စေနိုင်တယ်။

3.ဝမ်းချုပ်နေသူများ မနက်စောစော ကော်ဖီသောက်ရင် ၅မိနစ်မှ ၁၀မိနစ်အတွင်း ဝမ်းသွားစေပါတယ်။

4.စစ်ပြီးသားကော်ဖီမှုန့်ကို ဆေးလိပ်ပြာခွက်ထဲမှာ ထည့်ပေးရင် အနံ့အသက်ပျောက်ကင်းစေနိုင်သလို မီးလည်း ငြိမ်းလွယ်ပါတယ်။

5.ကော်ဖီမှုန့်ကို ရေခဲသေတ္တာထဲ ထည့်ပေးထားရင် အနံ့ပျောက်စေနိုင်သလို ဖိနပ်စင်မှာလည်း ထည့်ထားပေးလို့ရတယ်။

6.အသုံးကြာတဲ့အိုးတွေ ဆီနံ့ဆွဲနေခဲ့ရင် ကော်ဖီမှုန့်အစို သို့မဟုတ် လ္ဘက်ခြောက် ကို အိုးထဲထည့်ပြီး ခြောက်တဲ့အထိလှော်ပေးရင် အနံ့အသက်ပျောက်ကင်းစေနိုင်ပါတယ်။

Myawady Health

ကော်ဖီ၏ အသုံးဝင်ပုံ အမျိုးမျိုး ကော်ဖီ၏ အသုံးဝင်ပုံ အမျိုးမျိုး Reviewed by Unknown on 10:25 AM Rating: 5

Post AD