Header AD

(11)နှစ်အတွင်း ဆယ်ကျော်သက်မလေး 150 ကျော်ကို အဓမ္မကျင့် ခဲ့တဲ့ ရဲတပ်ဖွဲ့အကြီးကဲဟောင်း

ပီရူးနိုင်ငံ Huanuco မြို့မှာတော့ ရာစုနှစ်ရဲ့ အယုတ်မာဆုံးအဖြစ် သတ်မှတ်ခံလိုက်ရတဲ့ တရားခံတစ်ယောက် ထွက်ပေါ် လာခဲ့ပါတယ်။ သူ့ကို ရဲတပ်ဖွဲ့က Huanaco Monster (ဟွာနာကိုမကောင်းဆိုးဝါး)လို့တောင် တံဆိပ်ကပ်ခဲ့ပါတယ်။ သူကတော့ Carlos Eduardo Tumes Lopez ဖြစ်ပြီး၊ ပိုဆိုးတာက သူဟာ ရဲတပ်ဖွဲ့အကြီးအကဲဟောင်း ဖြစ်နေတာပါ ဘဲ။ ဒီအချက်ဟာ ရဲတပ်ဖွဲ့အနေနဲ့ အလွန်ဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။
Carlos ဟာ အသက် 14 နှစ်နဲ့ 14 နှစ်အောက် ကလေးငယ်ပေါင်း 150 ကျော်ကို ဆယ်စုနှစ်ကျော် တစ်ခုအတွင်းမှာ အဓမ္မပြုကျင့်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး၊ ဒီပြစ်မှုတွေထဲက တစ်ချို့လောက်သာ ခိုင်လုံခဲ့လျှင်တောင်မှ Carlos ဟာ ထောင်ပြင်ကို ပြန်ထွက်ရဖို့ လမ်းမမြင်တော့ပါဘူး။
သူဟာ ဟွာနာကိုမြို့ Office of Citizen Participation ဌာနချုပ်မှာ ရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး များပြားလှတဲ့ အဓမ္မမှုတွေနဲ့ တရားစွဲဆို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ မကြာသေးခင်က ကလေးတွေနဲ့ ပတ်သက်တဲ့ အချိန်ပိုင်း အလုပ်ကို လုပ်စဉ်မှာ ကလေးငယ်တစ်ဦးကို အဓမ္မမှုကျူးလွန်ကြောင်း စွပ်စွဲခံရပြီးမှ အခြားအမှုတွေအတွက်ပါ စုံစမ်းစစ် ဆေးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
အမှုစစ်အဖွဲ့မှ Carlos ရဲ့ ကွန်ပျူတာကို စစ်ဆေးစဉ် သူကျူးလွန်ထားတဲ့ ဗွီဒီယိုင်ဖိုင်တစ်ချို့ကိုလည်း သက်သေအဖြစ် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ယင်းဗွီဒီယိုနဲ့အတူ လိင်ပိုင်းဆိုင်ရာ စော်ကားခံထားရတဲ့ ကလေးမလေးတွေရဲ့ ဓာတ်ပုံတွေကိုပါ သိမ်းဆည်းနိုင်ခဲ့ပါတယ်။
သူဟာ အဓမ္မမှုကျူးလွန်ခံရတဲ့ ကလေးငယ်တွေရဲ့ သက်ဆိုင်သူ မိဘတွေကို အပြင်ကို ပေါက်ကြားခဲ့ပါက ကောင်းကောင်း ပညာပေးပစ်မယ်လို့ ခြိမ်းခြောက်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမှုစစ်အဖွဲ့က ကာယကံရှင်ကလေးများရဲ့ မိဘများကို မည်သူ့ကိုမှ ကြောက်ရန်မလိုကြောင်း၊ မိမိတို့ကလေး Carlos ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသည်ဆိုပါက ရဲစခန်းသို့ ရဲရဲဝင့်ဝင့် လာရောက်တိုင်ကြားဖို့အကြောင်း သတင်းထုတ်ုပြန်ခဲ့ရသည်အထိ ဖြစ်ခဲ့ပါတယ်။

လောလောဆယ် Carlos ကို လက်ရှိစစ်ဆေးပေါ်ပေါက်ဆဲ ပြစ်မှုတွေအတွက် ထောင်ဒဏ် ကိုးနှစ်ချမှတ်ထားပြီး၊ အဓမ္မမှုနဲ့ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အမှုတွေအတွက်ကိုတော့ စုံစမ်းဖော်ထုတ်နေဆဲ၊ အမှုတည်ဆောက် ရုံးတင်စစ်ဆေးနေ ဆဲလို့ သိရပါတယ်။ ဒီပြစ်မှုတွေသာ သေချာပေါက်ကျူးလွန်ခဲ့ရင်တော့ Carlos ဟာ ထောင်ဒဏ် တစ်သက်ချမှတ်ခံရဖို့ ရှိပါတယ်။
source : thesun.co.uk
Credit: လင်းဇော်ကို (Shwemom)

(11)နှစ်အတွင်း ဆယ်ကျော်သက်မလေး 150 ကျော်ကို အဓမ္မကျင့် ခဲ့တဲ့ ရဲတပ်ဖွဲ့အကြီးကဲဟောင်း (11)နှစ်အတွင်း ဆယ်ကျော်သက်မလေး 150 ကျော်ကို အဓမ္မကျင့် ခဲ့တဲ့ ရဲတပ်ဖွဲ့အကြီးကဲဟောင်း Reviewed by Unknown on 2:50 PM Rating: 5

Post AD