Header AD

အိမ်ပေါ်တက်၍ အရက်မူးရန်ရှာသူကို အိမ်ရှင်က ဓားဖြင့်ခုတ်၊ နေရာတွင် ပွဲချင်းပြီးသေဆုံး



ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ကွမ်းခြံကျေးရွာအုပ်စု ကျေးနီရွာမှာ ဧပြီလ ၂ ရက်နေ့ နေ့လ ယ်ပိုင်းက အိမ်ပေါ်တက်ပြီး အရက်မူးရန်ရှာသူကို အိမ်ရှင်ဖြစ်သူမှ ဓားနဲ့ ခုတ်ခဲ့တာကြောင့် အရက်မူးပြီး ရန်ရှာခဲ့သူ သေ ဆုံးခဲ့တယ်လို့ လက်ပံတန်းမြို့နယ် မြို့မရဲစခန်းမှ သိရှိရပါတယ်။
“သေဆုံးသူ ကျော်စွာက တစ်ရွာထဲနေ ဒေါ်မိချက် တိုင်တန်းခဲ့လို့ သူထောင်ကျခဲ့ရတာဆိုပြီး အရက်မူးပြီး ဒေါ်မိချက်ကို ရွာထဲလိုက်ရှာနေတာ ဓားနဲ့ခုတ်လိုက်သူ ကိုခင်မောင်ကြည့် အိမ်ပေါ် မှာ ဒေါ်မိချက် ပုန်းနေတယ်လို့ ထင်ပြီး တက်ရှာရာ က အိမ်ရှင်နဲ့ စကားများပြီး အိမ်ရှင်ဖြစ်သူက ဓားနဲ့ခုတ်လိုက်တာကြောင့် နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ရတာပါ တရားခံဖြ စ်တဲ့ ကိုခင်မောင်ကြည် ကိုတော့ နာရီပိုင်းအတွင်း ဖမ်းမိထားပါပြီ”လို့ လက်ပံတန်းမြို့မ ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ကြ ည်ဇေ က ဒီဗွီဘီကို ပြောပါတယ်။
ကျော်စွာ သေဆုံးမှုနဲ့ပက်သက်ပြီး လက်ပံတန်းမြို့နယ် မြို့မရဲစခန်းမှ (ပ) ၄၁၆/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ ဆောက်ရွက်နေပြီး သေဆုံးသူ ကျော်စွာမှာ လွန်ခဲ့တဲ့ ၃ လလောက်က ကျေးရွာအတွ င်း လက်နက်ကိုင်ဆောင်မှုနဲ့ ထောင်(၃) လ ကျခံခဲ့ရပြီး ဧပြီ ၂၅ ရက်နေ့ကမှ သာယာဝတီ အကျဉ်းထောင်ကနေ ပြန်လ ည်လွတ်မြောက် လာသူဖြစ်တယ်လို့ မှုခင်းဌာန မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဓာတ်ပုံ၊ သတင်း – ဝဏ္ဏထွန်း CJ
Credit to DVB
အိမ်ပေါ်တက်၍ အရက်မူးရန်ရှာသူကို အိမ်ရှင်က ဓားဖြင့်ခုတ်၊ နေရာတွင် ပွဲချင်းပြီးသေဆုံး အိမ်ပေါ်တက်၍ အရက်မူးရန်ရှာသူကို အိမ်ရှင်က ဓားဖြင့်ခုတ်၊ နေရာတွင် ပွဲချင်းပြီးသေဆုံး Reviewed by Unknown on 5:46 AM Rating: 5

Post AD