Header AD

အင်္ဂလန်နိုင်ငံ ကမ်းခြေတစ်ခုတွင် ရေသူမဟု ယူဆရသော အလောင်းတစ်လောင်းကိုတွေ့ရှိ

ရေသူမများအကြောင်းကို ၀ထ္တုများစွာ၊ရုပ်ရှင်များစွာနဲ့ ပုံပြင်များစွာမှာ ခေတ်အဆက်ဆက် ဖော်ကျုးခဲ့ကြပါတယ်။ဘယ်သူမှ ဒဏ္ဍာရီလာရေသူမတွေဟာတကယ်ရှိနေရဲ့လားဆိုတာကို သက်သေမပြနိုင်ကြပေမဲ့ လူအချို့ကတော့ ရေသူမဆိုတာရှိကြောင်း ယုံကြည်ကြပါတယ်။

ဒါပေမဲ့ ရေသူရှိနေကြောင်းကို အထောက်အထားတစ်ရပ်အဖြစ် အင်္ဂလန်နိုင်ငံ နော့ဖော့ပြည်နယ် ဂရိတ်ရေးမောက်မြို့တွင် ရေသူမလို့ ယုံကြည်ရပြီး ဆွေးမြေ့နေတဲ့ အလောင်းတစ်ခုကို တွေ့ရှိခဲ့ရပါတယ်။

လူနဲ့တူတဲ့ ဒီအလောင်းမှာ ငါးအမြီးပါဝင်နေပြီး အမြီးနဲ့ ခေါင်းကတော့အရာသိပ်မယွင်းသေးပေမဲ့ ခန္ဓာကိုယ်အလယ်ပိုင်းကတော့ ပုပ်သိုးနေပြီဖြစ်ပါတယ်။

” ယနေ့ ဂရိတ်ရေးမောက် ကမ်းခြေမှာ ကျွန်တော်တို့ ရေသူမနဲ့တူတဲ့ အလောင်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ် ” လို့ တွေ့ရှိခဲ့သူ ဂျုံးက ရေးသားခဲ့ပါတယ်။

ဒီ ဓာတ်ပုံပေါ်မှာ အငြင်းပွားသူများ အမြားအပြားရှိနေပြီး မြင်တွေ့ခဲ့သူများကတော့ ဒီအလောင်းဟာ ရေသူမရဲ့ အလောင်းဖြစ်တယ် လို့ဆိုခဲ့ကြပေမဲ့ တခြားသောသူများကတော့ သေဆုံးနေတဲ့ အညိုရောင်ဖျံတစ်ကောင်ရဲ့ အလောင်းသာ ဖြစ်တယ် လို့ဆိုခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံ အမျိုးသား သမုဒ္ဒရာနှင့် လေထုဆိုင်ရာကြီးကြပ်ရေးအဖွဲ့(National Oceanic and Atmospheric Administration (NOAA)ကတော့ ရေထဲမှာ  လူဆန်ဆန်သတ္တဝါများရှိနေတယ် ဆိုတဲ့ အထောက်အထားမရှိသေးဘူးလို့ဆိုပါတယ်။

” ရေသူမ နဲ့ရေသူထီးများ ရှိနေတယ် ဆိုတဲ့ အထောက်အထားမရှိသေးပါဘူး။ဒါပေမဲ့ ဘာကြောင့် လူပြောများနေရလဲဆိုတာကတော့ ပင်လယ်ပျော်လူတွေရဲ့ မသိစိတ်ထဲက ရေသူမများရှိတယ် လို့ စိတ်စွဲနေတာကြောင့် ဖြစ်ပါတယ်။ ” လို့ NOAA က သူတို့ရဲ့ Website မှာဖော်ပြခဲ့ပါတယ်။

Source : Shwemom
အင်္ဂလန်နိုင်ငံ ကမ်းခြေတစ်ခုတွင် ရေသူမဟု ယူဆရသော အလောင်းတစ်လောင်းကိုတွေ့ရှိ  အင်္ဂလန်နိုင်ငံ ကမ်းခြေတစ်ခုတွင် ရေသူမဟု ယူဆရသော အလောင်းတစ်လောင်းကိုတွေ့ရှိ Reviewed by Unknown on 2:56 PM Rating: 5

Post AD