Header AD

စက္ကန့်ပိုင်းအတွင်း ကလေးအငိုတိတ်နည်းကို ပြသခဲ့တဲ့ဖခင် (ကြည့်ရှုသူ၂၇သန်းရှိခဲ့ပါတယ်)

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမြို့သား Motivational speaker တစ်ယောက်ဖြစ်တဲ့ Daniel Eisenman ဟာ သူ့ရဲ့ လပိုင်းသားရှိသေးတဲ့ သမီးလေး အငိုတိတ်သွားအောင် စက္ကန့်ပိုင်းအတွင်း လုပ်ပြခဲ့ပါတယ်။ အဆိုပါ ဗွီဒီယိုဖိုင်ဟာ ကြည့်ရှုသူ 27 သန်းကျော်အထိ ရောက်ခဲ့ပါတယ်။
ကလေးငိုနေတဲ့အချိန်မှာ Daniel ဟာ Tone မြင့်ရာမှ နိမ့်ရာသို့ပြောင်းသွားတဲ့ အာလုပ်သံအရှည်ကို ပြုခဲ့ပြီး၊ ငိုချင်စိတ် ဖြစ်နေတဲ့ ကလေးအာရုံကို ပြောင်းလဲစေခဲ့တာ ဖြစ်ပါတယ်။ သမီးလေးရဲ့ အမည်ကတော့ Divina ဖြစ်တယ်လို့ သိရပါတယ်။

Daniel ဟာ ‘Om’= ဥုံ-ဆိုတဲ့အသံရှည်ကို ခပ်ကျယ်ကျယ်လေးမှ တိုးတိုးလေးဖြစ်သွားအောင် ပြုလုပ်ခဲ့ပြီး၊ မကြာခင်မှာ သမီး Divina ဟာ အိပ်ပျော်သွားခဲ့ပါတယ်။ တစ်ချို့ကတော့ Daniel လုပ်တဲ့ အသံဟာ တိဘဘုန်းတော်ကြီးတွေရဲ့ ပရိတ်ရွတ်ဖတ်စဉ်မှာ အသုံးပြုတဲ့ ဥုံ-အသံမျိုး ဖြစ်ပြီး၊ ယခင်ကဘ၀က Daniel ဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး တစ်ပါး ဖြစ်ခဲ့ပုံရတယ်လို့ ထင်မြင်ချက် ပေးထားပါသေးတယ်။

ဒါ့အပြင် Om ဆိုတဲ့ အသံထွက်ဟာ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူတွေ ရွတ်လေ့ရှိတဲ့ ‘ဥုံ’ဟူသော အသံထွက်ကိုဖြစ်စေပြီး၊ သံရှည်စွဲရွတ်ပါက ကလေးတွေကို အိပ်ပျော်စေခြင်း၊ ငိုခြင်းမှ ရပ်တန့်စေခြင်း၊ အန္တရာယ်ကင်းစေခြင်းဆိုတဲ့ အကျိုးကျေးဇူး တွေ ရနိုင်ကြောင်း သိရပါတယ်။


စက္ကန့်ပိုင်းအတွင်း ကလေးအငိုတိတ်နည်းကို ပြသခဲ့တဲ့ဖခင် (ကြည့်ရှုသူ၂၇သန်းရှိခဲ့ပါတယ်) စက္ကန့်ပိုင်းအတွင်း ကလေးအငိုတိတ်နည်းကို ပြသခဲ့တဲ့ဖခင် (ကြည့်ရှုသူ၂၇သန်းရှိခဲ့ပါတယ်) Reviewed by Unknown on 9:15 PM Rating: 5

Post AD