Header AD

ကလေးငယ်ကို ရေချိုးခန်းထဲမှာ ပစ်ထားလို့ ရေနစ်သေဆုံး၊ မိဘနှစ်ဦးစလုံးကို ထောင်ဒဏ်ချမှတ်

အင်္ဂလန်နိုင်ငံ Tenbury Wells, Worcs မှာ နေထိုင်တဲ့ Wayne Dale (44)နှစ်နဲ့ ဇနီးဖြစ်သူ Lisa Passey (28)နှစ်
တို့ဟာ သူတိုရဲ့ အသက် 13 လသာရှိသေးတဲ့ Kian Dale အမည်ရ ကလေးငယ်ကို အိမ်မှာ တစ်ယောက်တည်း ပစ်ထားခဲ့ပါတယ်။ သူတို့ကတော့ အိမ်အောက်ထပ်မှာ  သောက်စားမူးရူးပြီး UB40 ရဲ့ သီချင်းအခွေကိုဖွင့်ကာ အဖော်တွေနဲ့  ပျော်ပါးမူး ရူးနေကြ ပါတယ်။
သူတို့လင်မယားနှစ်ယောက်စလုံးဟာ ကလေးငယ်ကို ရေစိမ်ကြွေကန်နဲ့ တွဲလျှက်ထိုင်ခုံမှာ ဒီအတိုင်းထားခဲ့ ဖြစ်ပါတယ်။ အဲဒီနောက် သောက်စားမူးယစ်ပြီးလို့ 13 မိနစ်လောက် အကြာ ရေချိုးခန်းဘက်ကို ပြန်အလာမှာ ကလေးငယ်ဟာ ရေစိမ်
ကြွေကန်ထဲမှာ အသက်မဲ့နေပြီ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ 2015 ခုနှစ် စက်တင်ဘာ 25 ရက်နေ့ ညနေမှာ ဖြစ်ခဲ့တာပါ။
Lisa ကတော့ တရားရုံးမှာ သူတို့ဟာ ကလေးကို ဒီလိုပစ်ထားလေ့ရှိကြောင်း၊ ဒါပေမယ့် မိနစ်ပိုင်းလောက်သာ ဖြစ်လို့ အရင်ကလည်း တစ်ခါမှ ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ကြောင်း ကာကွယ်လျှောက်ထားခဲ့ပါတယ်။ သူမ ဆိုလိုတာက တစ်ခါတလေ ထမင်းဟင်းချက်နေရင်း မအားလို့ ကလေးငယ်ကို ပစ်ထားသလောက်အခြေအနေမျိုးသာ ဖြစ်တယ်လို့ ဆိုလိုချင်တာပါ။
Worcester Crown Court တရားရုံးကတော့ သူမရဲ့ လျှောက်လဲချက်ကို လက်မခံခဲ့ပါဘူး။ လင်မယားနှစ်ယောက်စ လုံးဟာ စွဲချက်တွေမှာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် လင်မယားနှစ်ယောက်သလုံး စုံလျှက်ရှိနေချိန်မှာ ဒီလို အဖြစ်အပျက် ဖြစ်သွားခဲ့တာဟာ ဥပဒေအရ သက်ညှာဖို့မရှိဘူးလို့ ရုံးတော်က ယူဆခဲ့ပါတယ်။
ဒါကြောင့် ခင်ပွန်းဖြစ်သူ Dale ကို ထောင်ဒဏ် 4 နှစ်နဲ့ 6 လ၊ ဇနီးသည် Lisa ကို ထောင်ဒဏ် 4 နှစ် ကျခံစေဖို့ အမိန့်ချ
မှတ်ခဲ့ပါတယ်။ နောက်ဆုံးအမိန့်ချခဲ့တဲ့ နေ့မှာ Lisa က ” ကျမကို စာနာသနားတာတွေ မလိုချင်ပါဘူး … အပေါ်ထပ်ကို မိနစ်ပိုင်းလောက်ကလေး မသွားမိတာက ကျမ အမှားပါဘဲ … ဒါက အခု ကျမနဲ့ ခင်ပွန်းနှစ်ယောက်စလုံးကိုပါ ရေနှစ်သတ် လိုက်သလို ခံစားရပါတယ် … ကျမတို့ အမှားပါဘဲ “လို့ ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwemom)
source : thesun.co.uk


ကလေးငယ်ကို ရေချိုးခန်းထဲမှာ ပစ်ထားလို့ ရေနစ်သေဆုံး၊ မိဘနှစ်ဦးစလုံးကို ထောင်ဒဏ်ချမှတ် ကလေးငယ်ကို ရေချိုးခန်းထဲမှာ ပစ်ထားလို့ ရေနစ်သေဆုံး၊ မိဘနှစ်ဦးစလုံးကို ထောင်ဒဏ်ချမှတ် Reviewed by Unknown on 9:46 PM Rating: 5

Post AD