ထူးခြားပြီးတိုက်ဆိုင်လွန်းတဲ့ ညီအစ်ကိုနှစ်ယောက် ရဲ့ ကံကြမ္မာ
သိပ်ပြီးတော့ ထူးခြားဆန်းကြယ်လွန်းပြီး တိုက်ဆိုင်လွန်းတဲ့ ကံကြ မ္မာဆိုးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ညီအစ်ကိုနှစ်ဦးရဲ့ စိတ်ဝင် စားဖွယ်ရာ အဖြစ် အပျက်အကြောင်းပါ။ လွန်ခဲ့တဲ့ ၁၉၇၄ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။
အသက် ၁၇ နှစ်အရွယ်ကောင်လေးတစ်ဦးက သူ့ရဲ့ဆိုင်ကယ်အ သေးစားလေးကို စီးရင်းနေရင်းနဲ့မှ အငှားယာဉ်တက္က စီတိုက်မိပြီး သေဆုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့ လူငယ်ကောင်လေး သေဆုံးသွားခဲ့ ပြီး တစ်နှစ်တိတိအကြာမှာတော့ ထူးဆန်း အံ့သြဖွယ်ရာလိုလို၊ တိုက် ဆိုင်မှုလိုလို ဖြစ်လာခဲ့တဲ့ အဖြစ်အပျက်တစ်ခုပေါ်လာပါတော့တယ်။
အဲ့ဒါကတော့ သူသေဆုံးခဲ့တဲ့နေ့မှာပဲ၊ သူ့ရဲ့ညီအရင်းဖြစ်သူကောင် လေးက သူသေဆုံးခဲ့တဲ့ လမ်းမပေါ်မှာပဲ သူစီးခဲ့တဲ့ ဆိုင်ကယ်အ သေးစားလေးကိုပဲ စီးနင်းရင်း အငှားကားတက္ကစီ ထပ်မံတိုက်ခံခဲ့ရလို့ သေဆုံးသွားခဲ့ပြန်ပါတယ်။
ထူးဆန်းတာက သူ့တို့နှစ်ဦးစလုံးကို တိုက်ခိုက်တဲ့ အငှားယာဉ်ကလည်း တစ်စီးတည်းအတူတူဖြစ်နေရုံ မက မောင်းတဲ့ သူကော၊ စီးနင်းတဲ့ ခရီးသည်တို့ပါ အတူတူတွေပဲ ဖြစ်နေကြတာက သိပ်ကိုတိုက်ဆိုင်လွန်းကာ အံ့သြစရာကောင်းနေ ပါတယ်။
Credit:phothutaw

Reviewed by Unknown
on
10:31 PM
Rating:
Reviewed by Unknown
on
10:31 PM
Rating:

Post a Comment