Header AD

အမျိုးသားတစ်ဦးရဲ့တင်ပါးထဲကို ပုလင်းတစ်လုံးရောက်နေရတဲ့ ပဟေဠိ

အသက် 36 နှစ်အရွယ် အိန္ဒိယအမျိုးသားတစ်ဦးဟာ ၎င်းရဲ့တင်ပါးထဲမှာ ပုလင်းတစ်လုံးဝင်နေခဲ့တာကို နှစ်များစွာ ကြာတဲ့အထိ သတိမထားမိခဲ့ပါဘူး။ သူဟာ ၀မ်းဗိုက် မခံမရပ်နိုင်အောင် အလွန်နာကျင်လေ့ရှိပြီး၊ နောက်ဆုံး ဆေးရုံ တက်ရ တဲ့ အထိ ဖြစ်ခဲ့ပါတယ်။

တကယ်တော့ တင်ပါးထဲကို ဘယ်လိုလမ်းကြောင်းကနေ ဒီပုလင်းဝင်လာသလဲဆိုတာ အခြားသူတွေ အတွက်တော့ ဟာသတစ်ခုဆိုပေမယ့် ကာယံရှင်အမျိုးသားကတော့ ဆေးစစ်ချက်နဲ့ ဓာတ်မှန်ရလာဒ်ထွက်ပေါ်လာချိန်ထိ မယုံနိုင်ေ သးတဲ့ သဘောပါ။ ပုလင်းဟာ 16cm အရှည်ထိရှိပါတယ်။



နီးစပ်သူတွေရဲ့ ထင်မြင်ယူဆချက်အရ ကာယကံရှင်အမျိုးသားဟာ အရက်အလွန်အကျွံ မူးနေချိန်မှာ ပုလင်းက တင်ပါးထဲ ကို မတော်တဆ၀င်သွားတာဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒီမှတ်ချက်စကားကြောင့်ပင်လျှင် ရယ်စရာ ပိုဖြစ်စေခဲ့ ပြီး၊ အချို့ကတော့ ပုလင်းက သူ့ဘာသာသူ ခြေထောက်ပေါက်ပြီး အမျိုးသားတင်ပါးထဲကို ၀င်သွားတာ-လို့ ဟာသ လုပ်နေကြပါတယ်။

အမျိုးသားရဲ့ တင်ပါးထဲက ပုလင်းကို ဖယ်ထုတ်ဖို့အတွက် ခွဲစိတ်ဆရာဝန်လေးဦး တာဝန်ယူခဲ့ပြီး၊ Maharaja Agrasen Institute of Medical Research and Education ဆေးရုံမှာ အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါတယ်။ ၀ါရင့် ခွဲစိတ်ဆရာ ၀န်ကြီး Gopal Singal ကတော့ ရယ်ကာမောကာနဲ့ သူတာဝန်ထမ်းဆောင်တဲ့ တစ်သက်မှာ ဒီလို Case မျိုး တစ်ခါမှ မကိုင်တွယ်ဖူးခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။



နတ်စည်တော် (Shwemom)
source : thesun.co.uk
Shwemom မှကူးယူဖော်ပြသည်

အမျိုးသားတစ်ဦးရဲ့တင်ပါးထဲကို ပုလင်းတစ်လုံးရောက်နေရတဲ့ ပဟေဠိ  အမျိုးသားတစ်ဦးရဲ့တင်ပါးထဲကို ပုလင်းတစ်လုံးရောက်နေရတဲ့ ပဟေဠိ Reviewed by Unknown on 10:16 AM Rating: 5

Post AD