Header AD

"လူ့အသက်ပေါင်းများစွာ သေကြေပျက်စီးခဲ့သော ယာဉ်တိမ်းမှောက်မှု"








27-4-2017)ရက်နေ့ ညနေ(6:00)အချိန်ခန့် (တောင်ငူ -ဇရပ်ကြီး - မှ - မြဝတီမြို့ ) သို့ စတင်ထွက်ခွါ မောင်းနှင် လာသော
ခရီးသည်(39)ဦးခန့် တင်ဆောင်လာသည့် ယာဉ်အမှတ် 9/B -2717("ကပေါ်ထူး")ခရီးသည်တင် မှန်လုံယာဉ်မှာ
(28-4-2017)ရက်နေ့ နံနက် (10:45)အချိန်ခန့်တွင် ကော့ကရိတ် -မြဝတီ အာရှလမ်း ကွမ်းခြံကွေ့ (ခ)ဒေသအခေါ် ဖောက်သည်ကွေ့ကုန်းထိပ် အရောက် မှာတော့
အက်ရှင်ဇာတ်ကားဆန်ဆန် မိုးပျံဂီယာ မှားထိုးမိသကဲ့သို့ တောင်ခပန်းပေါ်ထိုးတက်၍
ပေ(150)ခန့်အနက်ရှိ ချောက်အတွင်းသို့ ဒိုင်ဗင်သဖွယ် ထိုးကျတိမ်းမှောက်မှု ဖြစ်ပွါးခဲ့ပါသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ညနေ(4:00)နာရီ အချိန်အထိ မြဝတီလူမှုကွန်ယက်အဖွဲ့သားများ ၏
လိုက်ပါဆောင်ရွက် သိရှိခြင်းမှ သတင်းပေးပို့မှုအရ မြဝတီ ဆေးရုံအသေတိုက်အတွင်း
သေဆုံးသူ ကျား(7)ဦး မ (10)ဦး ထိရှိနေပြီး
ထိခိုက်ဒဏ်ရာ ရရှိသူ (22)ဦး မြဝတီဆေးရုံတွင် ဆေးကုသမှုခံယူလျှက် ရှိပါသည် ။
နေနော်(မြဝတီ)
လမ်းဆုံက ဂျမ်းပုံ
"လူ့အသက်ပေါင်းများစွာ သေကြေပျက်စီးခဲ့သော ယာဉ်တိမ်းမှောက်မှု" "လူ့အသက်ပေါင်းများစွာ သေကြေပျက်စီးခဲ့သော ယာဉ်တိမ်းမှောက်မှု" Reviewed by Unknown on 5:37 AM Rating: 5

Post AD