မပြန်ရဲ၍ လိုက်ပို့သူကို ဦးခေါင်းပြတ်အောင် ဝါးခုတ်ဓားမဖြင့်ခုတ်သတ်
တိုက်ကြီး ဧပြီ ၂၈
တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ချောင်းစောက်ကျေးရွာအုပ်စု ဒေါ်စီ
ဖိုးအင်းစုတွင် ဧပြီလ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်က လူသတ်
မှုဖြစ်ပွားကြောင်း ဥက္ကံရဲစခန်းမှသတင်းရှိသည်။
ဖြစ်စဉ်မှာ ဥက္ကံမြို့ ချောင်းစောက်အုပ်စု ဒေါ်စီဖိုးအင်းစု ဝါးခုတ်စခန်း မမူမူမြင့် ၃၉ နှစ်(ဘ)ဦးအေးလူ အိမ်ထဲ၌ ကျော်
လွင် ၃၄ နှစ် နှင့် ဦးသောင်းမြင့်၃၅ နှစ်တို့ အရက်အတူသောက်
ကြပြီး တဲချင်းကပ်ရှိ ဦးကျော်စိုးတဲသို့ သွာရောက်ကာ အရက်
သောက်နေစဉ် ကျော်လွင်ဇနီး မမဲတူ ၃၃ နှစ်ရောက်ရှိလာပြီး
ဆဲဆိုပူညံသံလုပ်နေသည်ကြား၍ ခဏအကြာ မမူမူမြင့်၏ ခင်
ပွန်းဖြစ်သူ ကိုကျော်ရွှေ ၄၆နှစ်ကသွားရောက်ပြီး ကျော်လွင်အား
ပြန်ခိုင်းရာ ကျော်လွင်မှမပြန်ရဲ၍ လိုက်ပို့ရန်ခေါ်သဖြင့် ကျော်ရွှေ
မှလိုက်ပို့စဉ် ကျော်လွင်၏လက်ထဲတွင် ဝါးခုတ်ဓားမကိုင်သွား
သည်ကိုတွေ့ရပြီး နာရီဝက်ခန့်အကြာ ကျော်ရွှေပြန်မလာသဖြင့်
ဇနီးဖြစ်သူမူမူမြင့်၏ ဝမ်းကွဲမောင်တော်စပ်သူ မြင့်စိုးမှ လိုက် သွားခဲ့ရာ လမ်းတွင်သွေးအိုင်နှင့်ဖိနပ်ကိုတွေ့ရသဖြင့်ကျော်လွင် ၏တဲကိုသွားရောက်ခဲ့ရာ ကျော်လွင်နှင့်ဇနီး မမဲတူကို မတွေ့ရ
သဖြင့်ပြန်လာခဲ့ရာ သွေးအိုင်အနီးလမ်း၏ယာဘက်မြောင်းတွင်
ကျော်ရွှေ ၄၆ နှစ်(ဘ) ဦးပျော့ သည်ဇက်ပိုး ဂုတ်ပြတ်၍ ခေါင်း
တခြားကိုယ်တခြားဖြစ်ပြီးသေနေသည်ကိုတွေ့ရသဖြင့် ကျော်လွင်၃၅ နှစ်(ဘ) ဦးဝင်းမောင်အားဥက္ကံရဲစခန်းမှ (ပ)၆၇
/၂၀၁၇ ရာဇသတ်ကြီပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်လျှက် လူသတ်တ
ရာခံဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိကြောင်းသတင်းရှိသည်။
ဦးထွန်လှိုင်
Myanmaalinn

Reviewed by Unknown
on
7:04 AM
Rating:
Reviewed by Unknown
on
7:04 AM
Rating:

Post a Comment