ယုံကြည်ရာကို ခုတ်မောင်းနေတဲ့ နေတိုး ဆီ အားပေးဖို့ ရောက်လာတဲ့ သားငယ်
ရိုက်ကွင်း ကို သွားလည်ခဲ့တာပါ။
Myanmar Idol Season 2 ရဲ့ Winner သားငယ်ကတော့ ပြင်ဦးလွင် ကို ရောက်နေပါတယ်။ ကြော်ငြာတစ်ခုအတွက် ရှမ်းဘောင်းဘီဝယ်ရင်းနဲ့ နေတိုးတို့ ရှုတင် ကို သွားလည်ခဲ့ပါတယ်။
ရှုတင် ကို ရောက်သွားတဲ့ သားငယ် ကို ဒါရိုက်တာ စတီးလ် အပြင် နေတိုး၊ မင်းသမီးများနဲ့ ရှုတင်အဖွဲ့သားတွေ အားလုံးကို ချစ်ချစ်ခင်ခင် ကြိုဆိုခဲ့သလို သားငယ် နဲ့အတူ ဓာတ်ပုံတွေလည်း တွဲရိုက်ခဲ့ပါတယ်။
ဟန်ဆောင်မှု ကင်းတဲ့ သားငယ်ရဲ့ အပြုံး ရှုတင် အဖွဲ့သားတွေရဲ့ ဖော်ရွေမှုကတော့ မြင်ရသူ ပရိသတ် တွေအဖို့ ကြည်နူးစရာမြင်ကွင်းဖြစ်ပါတယ်။ဒါရိုက်တာ စတီးလ် ကလည်း သားငယ် ရှုတင် ကို လာလည်တဲ့အတွက် ဝမ်းသာကြောင်း ပြောခဲ့ပါသေးတယ်။
တည်ကြက် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ စတီးလ်က ရိုက်ကူးနေတာ ဖြစ်ပြီး နေတိုး၊ နေမျိုးအောင်၊ သင်ဇာဝင့်ကျော်၊ ရွှေသမီး၊ ယဉ်လက်၊ နန်းခင်ဇေယျာ၊ မေမြတ်နိုး၊ ကြယ်ဖြူရှင်းသန့်၊ ချောကလျာ နှင့် သရုပ်ဆောင်များစွာပါဝင် ရိုက်ကူးနေတာ ဖြစ်ပါတယ်။
ယင်းဇာတ်ကားရဲ့ ဇာတ်လမ်း ကတော့ ဘရဏီကျော် ဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ မောင်မြတ်ဆွေတို့ဖြစ်ကာ လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

အဲ့ဒီ ရှုတင် ကိုသွားလည်တုန်း သားငယ် ကလည်း ပရိသတ် တွေကို Live လွင့်ပြီး ပြောပြခဲ့ပါသေးတယ်။ သားငယ် ကတော့ လက်ရှိမှာ ဖျော်ဖြေရေးတွေ ဆက်တိုက်သွားနေရပါတယ်။ ဂီတလမ်းကြောင်းပေါ်သို့ ရောက်ရှိလာတဲ့ သားငယ် က တစ်ကိုယ်တော်အခွေကိုလည်း ထွက်နိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။
Photo : သားငယ် ဖေ့စ်ဘွတ်
Credit : Duwun
Photo : သားငယ် ဖေ့စ်ဘွတ်
Credit : Duwun
ယုံကြည်ရာကို ခုတ်မောင်းနေတဲ့ နေတိုး ဆီ အားပေးဖို့ ရောက်လာတဲ့ သားငယ်
Reviewed by Unknown
on
11:00 PM
Rating:
Reviewed by Unknown
on
11:00 PM
Rating:

Post a Comment