Header AD

မင်းသမီးသစ် အမြန် အလိုရှိနေတဲ့ မနော

တေးသံရှင် မနောကတော့ မင်းသမီးသစ်တွေ အမြန်အလိုရှိတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပြောထားပါတယ်။

မနောရဲ့ ဗိုလ်အောင်ဒင်လိုလူကြမ်းသီချင်းနဲ့ နွေသီချင်းအတွက် မင်းသမီးအသစ်တွေနဲ့သာ ရိုက်ကူးချင်တာကြောင့် မင်း သမီးအသစ်တွေ လိုအပ်တယ်လို့ ကြေညာထားပါတယ်။ အနုပညာကို ဝါသနာပါပြီး ရုပ်ရည်ချောမော်လှပသူ လူကြမ်း ကြီးတွေ ကြွေလောက်တဲ့ အနေအထားရှိသူတွေနဲ့ ဆက်သွယ်နိုင်တယ်ဆိုပြီး ဖုန်းနံပါတွေလည်း ပေးထားပါတယ်။

ဝါသနာပါသူများအနေနဲ့ ဖုန်း- 09963525944 နဲ့ Viber ကို ပုံပို့ပြီး ဆက်သွယ်နိုင်တယ်လို့ ဆိုထားပါတယ်။ မင်းသမီး အသစ် ရွေးချယ်ခြင်းကိုတော့ (၅)လပိုင်း (၃၀)ရက်နေ့ အပြီး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

“အမြန်အမြန် အလိုရှိပါသည် မင်းသမီးအသစ်ဖြင့် ရိုက်ကူးဖို့ဆုံးဖြတ်ထား တယ်ဗျို့ကျွန်တော့်ရဲ့ချမ်းမြေ့ပါစေအမေ မြန်မာသံစဉ်ခွေလေး MTV ထွက်ဘို့ ၂ ပုဒ်ပဲကျန်တော့တယ် ။ ဗိုအောင်ဒင်လိုလူကြမ်း သီချင်းနှင့်နွေ သီချင်းအတွက် မင်းသမီးအသစ်လိုအပ်ပါတယ်။
ဝါသနာပါပြီး ရုပ်ရည်ချောမောလှပ သူ လူကြမ်းကြီးတွေကြွေလောက်တဲ့ အနေအထား ရှိသူများ 09963525944 ဖုန်းသို့ Viber မှပုံပို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျား မောင်မနော 30 .5 2017 ရက်နေ့အပြီးရွေးချယ်မှာပါခင်ဗျာ” ဆိုပြီး ပြောထားပါတယ်။

လူကြီးလူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မနောကတော့ ဒီဇင်ဘာ (၂၁)ရက်နေ့ညက Shwe FM က ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံး မြန်မာသံ အမျိုးသားတေးသံရှင်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ ပါတယ်။

မနောရဲ့ သီချင်းတွေဟာ ၂၀၁၆ခုနှစ် သင်္ကြန်ကာလကနေစပြီးတော့ ပရိသတ်တွေ သတိထားမိလာတာဖြစ်ပြီး နယ်ပရိသ တ်များပါက ရန်ကုန်ပရိသတ်များရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ အဆိုတော် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ မနောရဲ့ ဗိုလ်အောင် ဒင်သီချင်းကတော့ ကထိန်ကာလတစ်လျှောက်လုံးသာမက ယခုလက်ရှိအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှု ရရှိနေတာ ဖြစ်ပါတယ်။

Credit to Duwun
မင်းသမီးသစ် အမြန် အလိုရှိနေတဲ့ မနော  မင်းသမီးသစ် အမြန် အလိုရှိနေတဲ့ မနော Reviewed by Unknown on 7:24 AM Rating: 5

Post AD