Header AD

ခန့်မှန်းတန်ဖိုး ကျပ်သန်း (၉၀) ခန့်ရှိ ယာဉ် (၄) စီးဖမ်းဆီး

ဧပြီ(၂၅)မှာ ပြင်ဦးလွင်မြို့ကနေ မန္တလေးမြို့ကို သွားရောက်မယ့် Nissan ပြိုင်ကား(၂)စီး၊ Toyota Hilux Surf ယာ ဉ်(၁)စီးနဲ့ Toyata Crown ယာဉ် (၁) စီးတို့ကို (၁၆) မိုင်ကျောက်ကျောစစ်ဆေးရေး ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း တင်ပြနိုင်ခြင်း မရှိတာကြောင့် ခန့်မှန်းကျပ်သန်း (၉၀) ခန့် တန်တဲ့ အဲဒီယာဉ် (၄) စီးကို ဖမ်း ဆီးခဲ့တယ်လို့အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။
စစ်ဆေးရေးစခန်းတွေက တင်သွင်း၊ တင်ပို့တဲ့ကုန်ပစ္စည်းတွေကို စစ်ဆေးရာမှာ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက ဧပြီ (၂၆) မှာ တားဆီးမှု (၂) မှု ခန့်မှန်းတန်ဖိုးကျပ်(၁၄)သန်းကျော်ဖိုးခန့် ဖမ်းဆီးရမိတယ်လို့သိရပါတယ်။
တရားမ၀င်ကုန်စည်တွေတားဆီး ထိန်းချုပ်ရေးအတွက် ရေပူနဲ့မရမ်းချောင်း အမြဲတမ်းစစ်ဆေးရေးစခန်းတွေကနေ အဲဒီေ န့မှာ မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ပို့ကုန် (၉၄၃) စီး၊ သွင်းကုန် (၄၅၉) စီး ရန်ကုန်-မြ၀တီလ မ်းမကြီး တစ်လျှောက် ပို့ကုန်(၄၀)စီး၊သွင်းကုန် (၁၃၇) စီးနဲ့ ကုန်စည်တွေသယ်ယူ ပို့ဆောင်ခဲ့တယ်လို့ အကောက်ခွန်ဦး စီးဌာနကနေသိရပါတယ်။ ဒီသတင်းကို Central News Bureau ကပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
ခန့်မှန်းတန်ဖိုး ကျပ်သန်း (၉၀) ခန့်ရှိ ယာဉ် (၄) စီးဖမ်းဆီး ခန့်မှန်းတန်ဖိုး ကျပ်သန်း (၉၀) ခန့်ရှိ ယာဉ် (၄) စီးဖမ်းဆီး Reviewed by Unknown on 6:12 AM Rating: 5

Post AD