Header AD

မဲဟောင်ဆောင်မှာ ကလေးပြည့်တန်ဆာဂိုဏ်းနဲ့ပတ်သက်ပြီး ဖမ်းဝရမ်းတွေထပ်ထုတ်ဖို့ကြိုးပမ်း

ဧပြီ ၂၇ – ထိုင်းနိုင်ငံ မဲဟောင်ဆောင်ပြည်နယ်မှာ ကလေးတွေကိုပြည့်တန်ဆာခိုင်းစေမှုနဲ့ပတ်သက်ပြီး နောက်ထပ်လူနှစ်ဦးထက်မနည်းကို ဖမ်းဝရမ်းထပ်ထုတ်နိုင်ဖို့ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့က ကြိုးစားနေတယ်လို့ သိရပါတယ်။
တရားခံတွေရဲ့အမည်ကို ထုတ်ဖော်ပြောကြားဖို့ Persons ခရိုင် လူကုန်ကူးမှုတိုက်ဖျက်ရေးအကြီးအကဲ Kornchai Klayklueng ကငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် တရားခံတွေက ဘယ်လောက်အရှိန်အဝါကြီးနေပါစေ သူတို့ကို လုံးဝသက်ညှာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒုတိယရဲမှူးကြီးတစ်ဦးနဲ့ မဲဟောင်ဆောင်အုပ်ချုပ်ရေးမှူး Suebsak Iamwichan တို့အပါအဝင် အစိုးရအရာရှိကြီးတွေ အများအပြားက သည်ဂိုဏ်းရဲ့ဖောက်သည်တွေဖြစ်တယ်လို့ နစ်နာသူကလေးတစ်ဦးရဲ့ မိခင်က အခိုင် အမာပြောနေပါတယ်။
လူရှာပေးသူလို့ သံသယရှိသူ သုံးဦးကို လူကုန်ကူးမှုနဲ့စွဲချက်တင်ထားတယ်လို့ သိရပါတယ်။ ၎င်းတို့ကတော့ ရဲတပ်ကြပ်ကြီး Yutthachai Thongchat ၊ Piyawan Sukma နဲ့ Piyathas Parpthiensuwan တို့ဖြစ်ပါတယ်။
“ အခုချိန်မှာ စစ်ဆေးရေးစတင်ဖို့ အထောက်အထားတွေ အလုံအလောက်ရှိနေပြီဆိုပေမယ့် ဖမ်းဝရမ်းတွေ ထုတ်နိုင်ဖို့ ကြိုးစားရဦးမယ်” လို့ ရဲတပ်ဖွဲ့ ဒုတိယ Commissioner-General Srivara Ransibrahmanakul က ပြောပါတယ်။
ပြည့်တန်ဆာလုပ်ကိုင်ဖို့ ထောင်ချောက်ဆင်အသုံးချခံရတဲ့ မိန်းကလေးတွေအတွက် တရားမျှတမှုရှာဖွေပေးနေသူ မိခင်တစ်ဦီးကတော့ မဲဟောင်ဆောင်အတွင်းမှာ လိင်လုပ်သားရှာဖွေရေးဂိုဏ်းတွေ ၁၁ ခုရှိတယ်လို့ ဆိုပါတယ်။
Ref: Nation. Apr 27, 2017
YSD
မဲဟောင်ဆောင်မှာ ကလေးပြည့်တန်ဆာဂိုဏ်းနဲ့ပတ်သက်ပြီး ဖမ်းဝရမ်းတွေထပ်ထုတ်ဖို့ကြိုးပမ်း  မဲဟောင်ဆောင်မှာ ကလေးပြည့်တန်ဆာဂိုဏ်းနဲ့ပတ်သက်ပြီး ဖမ်းဝရမ်းတွေထပ်ထုတ်ဖို့ကြိုးပမ်း Reviewed by Unknown on 11:58 AM Rating: 5

Post AD