Header AD

တစ်ကြိမ်အိပ်စက်လျှင် ရက်ပေါင်း ၆၄ ရက်အထိ အိပ်စက်နိုင်တဲ့ အမေရိကန်မိန်းကလေးတစ်ဦး

အမေရိကန် မိန်းကလေးငယ်တစ်ဦးရဲ့ ထူးထူးခြား ခြားခံစားရတဲ့ ရောဂါလက္ခဏာက တစ်ကြိမ်အိပ်စက်လျှင် ရှစ်ပတ်မျှ ကြာမြင့်ပြီးမှ ပြန်လည်နိုးလာခြင်းကြောင့် အိပ်စက်ခြင်းအလှမိန်းကလေးလို့ အမည်ပေးခေါ်ကြတယ်လို့ သိရပါတယ်။

အသက် ၁၇ နှစ်အ၇ွယ် နီးကိုးဒီလင်းလို့ခေါ်တဲ့ အဆိုပါမိန်းကလေး Kleine-Levin syndrome ရောဂါကို ခံစားနေ ရပြီးတော့ ဒီရောဂါ ကြောင့် သူမရဲ့ ကြာမြင့်တဲ့အိပ်စက်မှုအကြာဆုံးက ရက်ပေါင်း ၆၄ ရက်တောက် လျှောက်ကို ပင်အိ ပ်ပျော်သွား ခဲ့တာဖြစ်ပြီးတော့ အား လပ်ရက်တွေ ဖြစ်တဲ့ ကျေးဇူးတော်နေနဲ့ ခရစ်စမတ်နေ့ပွဲတော်တွေ ကိုတောင်ကျော် လွန် ကုန်ဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။
ဒီလိုမျိုး ကြာရှည်တဲ့အိပ်စက်မှုတွေကနေ ပြန်လည်နိုးထလာချိန်မှာ ဆိုရင်တော့ သူမအနေနဲ့ဘယ်လိုမျိုး ထူးထူးခြားခြား ခံစားရမှုတွေ မရှိဘူးလို့လည်းဆိုပြီး သူမကိုယ်တိုင် လည်း ဒီလောက်အချိန်ကြာ အိပ်ပျော်သွားခဲ့လိမ့်မယ်လို့လည်း မသိ ဘူးလို့ ဆိုပါတယ်။

ဒီလို ထူးထူးခြားခြား ခံစားရမှုမျိုးကို လွန်ခဲ့တဲ့ ၈ နှစ်အရွယ်ကလေး ငယ်အရွယ်ကတည်းက စတင်ခံစားရပြီးတော့ နီကိုး လ်ကတစ်ရက် လျှင် အနည်းဆုံး ၁၇ နာရီ ၁၈ နာရီ အိပ်စက်လေ့ရှိတယ်လို့ ဆိုပါ တယ်။

Credit to Phothutaw


တစ်ကြိမ်အိပ်စက်လျှင် ရက်ပေါင်း ၆၄ ရက်အထိ အိပ်စက်နိုင်တဲ့ အမေရိကန်မိန်းကလေးတစ်ဦး တစ်ကြိမ်အိပ်စက်လျှင် ရက်ပေါင်း ၆၄ ရက်အထိ အိပ်စက်နိုင်တဲ့ အမေရိကန်မိန်းကလေးတစ်ဦး Reviewed by Unknown on 8:51 PM Rating: 5

Post AD