Header AD

ဒေသခံကို ရိုက်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ပြန်တောင်းပန်

တနင်္သာရီမြို့တိုင်းဒေသကြီး တနင်္သာရီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပဝရွာသားကို ကိုယ်ထိလ က်ရောက်ရိုက်နှက်ခဲ့တာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပဝရွာသူရွာ သားတွေရှေ့မှာ ဒီကနေ့ ပြန်လည်တောင်းပန်ခဲ့လို့ နှစ်ဖက်ကျေအေးခဲ့တယ်လို့ ပြောပါတယ်။
အခင်းဖြစ်စဉ်က ဒေသခံတွေ ကျောင်းဆောက်တဲ့သူတွေနဲ့ ပြဿနာမဖြစ်အောင် ဝင်ထိန်းရင်းနဲ့ ခုလို ဖြစ်ရတာဖြစ် ပြီး နောက်နောင်အခုလိုမျိုးမဖြစ်ရအောင် ပဝရွာဒေသခံတွေရှေ့မှာ ကတိပေးခဲ့တယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။
“သူ့ကို ကနော်က ရိုက်ဖို့ရည်ရွယ်တာမဟုတ်ဘူးခင်ဗျ၊ ကျနော်က သူ့ကို ဒီအခန်းထဲက မောင်း ထုတ်တာ၊ သူကလက် ကာလိုက်တယ်ဆိုတော့ ဗွီဒီယိုကလစ်မှာ ပုံစံတစ်မျိုးတော့ဖြစ်သွားတယ်၊ ကျနော် ဒီနေ့သူ နဲ့ တော့ တွေ့ပြီးသွားပြီခင်ဗျ၊ ဒီဖက်မှာရှိတဲ့မဲဆန္ဒရှင်ပြည်သူတွေလည်း ကျနော့်ရဲ့ အပြုအမူနဲ့ ပတ်သက် ပြီးတော့လည်း တောင်းပန်ပြီးသွားပြီ၊ နော က်နောင်အဲလိုမဖြစ်အောင် ဒီထက်ပိုပြီးတော့ ပြည်သူတွေ အတွက် အလုပ်ပိုလုပ်သွားမယ်ဆိုတာကို ကတိပေးပါတယ် ခင်ဗျ၊ ကျေနပ်လက် ခံပါတယ်ခင်ဗျ၊ အဓိက သူနဲ့ ဒီဒေသခံကျောင်းဆောက်တဲ့ ရွာသားတွေနဲ့  ပွတ်တိုက်မှုဖြစ်မှာစိုးလို့ ကျနော်က ကြားထဲက ဝင်ထိန်းတဲ့ သဘောပါ။”
ပြီးခဲ့တဲ့ဧပြီလ ၈ ရက်နေ့က ပဝချောင်းထဲရွာ စာသင်ကျောင်းအသစ်ဆောက်လုပ်နေတာကို ကွင်းဆင်း စစ်ဆေး ရင်းနဲ့ ပဝရွာသား ဦးထွန်းလှဆိုသူနဲ့ အချင်းများကာ ဦးရဲမြင့်ဆွေက ရိုက်နှက်ခဲ့တဲ့ ဗွီဒီယိုဖိုင် ဟာ အင်တာနက်လူမှု ကွန်ရ က်ပေါ်မှာ ဒီရက်ပိုင်းအတွင်း ပျံ့နှံ့ခဲ့တာပါ။
အရိုက်ခံလိုက်ရတဲ့ ပဝရွာသားကိုထွန်းလှကလည်း အခုလိုတောင်းပန်တာကို ကျေနပ်လက်ခံခဲ့ပြီး အခင်းဖြစ်စဉ်က လည်း ကျောင်းဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး သူ့အမြင်ကိုယ့်အမြင်ချင်း ဆွေးနွေး ကြရင်းက ခုလိုပြဿနာဖြစ်သွား ခဲ့ရတာလို့ ပြောပါတယ်။
အဲဒီစာသင်ကျောင်းဆောင်သစ်ကို ကန်ထရိုက်အဖြစ် တာဝန်ယူဆောက်လုပ်ပေးနေသူက ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဌ ဦးထင်ပေါ်ဆိုသူက တာဝန်ယူဆောက်လုပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဒေသခံကို ရိုက်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ပြန်တောင်းပန် ဒေသခံကို ရိုက်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ပြန်တောင်းပန် Reviewed by Unknown on 10:03 AM Rating: 5

Post AD