Header AD

အမေရိကန်နိုင်ငံသားခံယူထားသူ မြန်မာတစ်ဦးကို ဓားပြများက သူ့ရင်သွေးငယ်များ ရှေ့တွင်ပင် သတ်ဖြတ်ခဲ့

အိုင်အိုဝါ၊ ဧပြီ ၃၀

အမေရိကန်နိုင်ငံသားခံယူထားသူ မြန်မာအမျိုးသားတစ်ဦးကို လုယက်ဓားပြတိုက်သူများက သူ့ရင်သွေးငယ်များ ရှေ့တွင်ပင် သတ်ဖြတ်ခဲ့ကြကြောင်းသိရသည်။

အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်တွင် နေထိုင်သူ အသက်၄၁နှစ်အရွယ်ရှိ မြန်မာအမျိုးသား စတီဖင် ကင်သည် ဧပြီ ၂၁ရက်က အိုင်အိုဝါပြည်နယ် Des Moinesမြို့တစ်နေရာတွင် သူ့ဇနီးဖြစ်သူပြန်အလာကို သူ၏ ရင်သွေးငယ်သုံးဦးနှင့်အတူ ကားထဲမှ စောင့်နေစဉ် လုယက်သူများက သေနပ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်။

Des Moinesမြို့ရဲတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် တပ်ကြပ်ကြီး ပေါလ်ပါရီဇက်ကမူ လုယက်သူလေးဦးအနက် တစ်ဦးက သေနပ်ဖြင့်ပစ်လိုက်ခြင်းဖြစ်ကြောင်း၊ ယခုလူသတ်မှုသည် အိုင်အိုဝါပြည်နယ်အတွင်း ယခုနှစ်ဝယ်ဖြစ်ပွားခဲ့သည့် ၁၁မှုမြောက်လူသတ်မှုဖြစ်ကြောင်း၊ ယခင်နှစ်ကမူ လူသတ်မှု ၁၃ မှုအထိဖြစ်ပွားခဲ့ကြောင်းပြောသည်။

ကင်နှင့် သူ၏ ဇနီးဖြစ်သူ အက်စသာတို့နှစ်ဦးစလုံးသည် မြန်မာနိုင်ငံမှ ဇိုမီးချင်းတိုင်းရင်းသားများဖြစ်ကြပြီး အမေရိကန်ပြည်ထောင်စုသို့ ၂၀၀၈ ခုနှစ်ကရောက်ရှိနေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
စတီဖင်ကင်၏ နာရေးအခမ်းအနားသို့ အမေရိကန်ရောက် မြန်မာအသိုင်းအ၀ိုင်းမှပုဂ္ဂိုလ်များအပါအ၀င် သူ့မိတ်ဆွေများတက်ရောက်ခဲ့ကြသည်။

ကင်အားပစ်ခတ်သတ်ဖြတ်ခဲ့သူတို့ကိုမိပြီဆိုသည့်သတင်းကိုမသိရသေးသဖြင့် ရဲက စုံစမ်းနေဆဲဖြစ်ကြောင်းယူဆပါရသည်။
PN
Ref:
Burmese-American Refugee Murdered In Front of His Kids During Robbery in Iowa
အမေရိကန်နိုင်ငံသားခံယူထားသူ မြန်မာတစ်ဦးကို ဓားပြများက သူ့ရင်သွေးငယ်များ ရှေ့တွင်ပင် သတ်ဖြတ်ခဲ့  အမေရိကန်နိုင်ငံသားခံယူထားသူ မြန်မာတစ်ဦးကို ဓားပြများက သူ့ရင်သွေးငယ်များ ရှေ့တွင်ပင် သတ်ဖြတ်ခဲ့ Reviewed by Unknown on 6:34 AM Rating: 5

Post AD