Header AD

အိမ်ခြေယာမဲ့တွေအတွက် လိုတရ ဣစ္ဆာသယ ရေခဲသေတ္တာ

အင်္ဂလန်နိုင်ငံ Pop Brixton အမည်ရ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတစ်ချို့မှာ ဣစ္ဆာသယရေခဲသေတ္တာတွေကို ထားရှိထားပါတယ်။ အဆိုပါရေခဲသေတ္တာတွေထဲကို အလှူဒါနပြုလိုသူတွေက စားသောက်စရာ မည်သည့်အမယ်ကို မဆို လာရောက်ထားရှိနိုင်သလို၊ အိမ်ခြေယာမဲ့နဲ့နဲ့ လိုအပ်နေသူတွေအတွက်လည်း လိုအပ်သမျှကို ရယူစားသောက်နိုင်
ကြောင်း သိရပါတယ်။
၎င်းရေခဲသေတ္တာကို Event venue လို့ အမည်ပေးထားပြီး၊ Brixton People’s Fridge အဖွဲ့မှ လှုပ်ရှားမှုတစ်ခုအ
ဖြစ် စတင်တပ်ဆင်ခဲ့တာပါ။ Brixton People’s Fridge အဖွဲ့ရဲ့ လှုပ်ရှားမှုမှာ ဒေသခံအမြောက်အများလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Brixton People’s Fridge ရဲ့ ရည်ရွယ်ချက်ကတော့ အစားအစာ မပြုန်းတီးဖို့အတွက်နဲ့ လိုအပ်ချက်ရှိသူတွေ တစ်ဖက်တစ်လမ်းက ပြည့်မီစေဖို့အတွက် ရည်ရွယ်ပါတယ်။ ဒီအစီအစဉ်သာ အောင်မြင်သွားတယ်ဆိုရင် ပရဟိတ လူငယ်တွေရဲ့ စုပေါင်းအားနဲ့ ထပ်မံချဲ့ထွင်သွားမှာလို့ သိရပါတယ်။

လောလောဆယ်တော့ အနီးအနားမှာရှိတဲ့ အိမ်ခြေယာမဲ့နဲ့ အစာပြေစားလိုသူတွေအတွက်တော့ အလွန်အဆင် ပြေ နေပြီး၊ အစားအစာ ဖြည့်တင်းပေးနေတဲ့ စေတနာရှင်တွေလည်း မရှားဘူးလို့ ဒေသခံတစ်ဦးက ဆိုထားပါတယ်။ လက်ရှိအချိန်ထိတော့ အစားအသောက်တွေကို လိုအပ်ချက်မရှိဘဲ အလဟဿလာရောက်ယူငင်သူ မရှိသေးဘူးလို့ ဆိုပါတယ်။
လင်းဇော်ကို (Shwemom)
source : viral4real.com


အိမ်ခြေယာမဲ့တွေအတွက် လိုတရ ဣစ္ဆာသယ ရေခဲသေတ္တာ အိမ်ခြေယာမဲ့တွေအတွက် လိုတရ ဣစ္ဆာသယ ရေခဲသေတ္တာ Reviewed by Unknown on 12:08 PM Rating: 5

Post AD