ကျပ်သန်းခုနစ်ထောင်ကျော် အလွဲသုံးစားမှု ဆက်လက်ဆောင်ရွက်ရန် သမ္မတရုံးညွှန်ကြားချက် မကွေးဝန်ကြီးချုပ်ထံရောက်ရှိ
ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းခုနစ်ထောင်ကျော် အလွဲသုံးစားမှုနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားစာကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဧပြီ ၂၄ ရက်တွင် လက်ခံရရှိခဲ့သည်။
အဆိုပါ ညွှန်ကြားစာတွင် ပါရှိသည့် အချက်အလက်များကို ဝန်ကြီးချုပ်က ယနေ့ (ဧပြီ ၂၅ ရက်) နံနက် ၈ နာရီခွဲတွင် ဒေသခံ သတင်းထောက်များအား ထုတ် ဖော်ပြောကြားမည်ဟု မကွေး တိုင်းဒေသကြီး အလုပ်သမား၊ လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။
‘‘ဒေသခံ သတင်းထောက် တွေကို ညွှန်ကြားချက်နဲ့ ပတ် သက်တဲ့အကြောင်းအရာတွေကို ထုတ်ဖော်ပြောကြားမယ်ပေါ့’’ ဟု မကွေးတိုင်းဒေသကြီး အစိုးရအ ဖွဲ့ ပြောရေးဆိုခွင့်အဖွဲ့ တာဝန်ရှိ သူ ၎င်းကဆိုသည်။
ယခင်အစိုးရလက်ထက် ဖွံ့ ဖြိုးရေး ရန်ပုံငွေ ၂ ဒသမ ၈ ဘီလီယံ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မကွေးတိုင်း အထူးစုံစမ်းရေး ဦးစီးဌာနက ပြည်ထောင်စုအစိုးရသို့ ၂၀၁၇ ဇန်နဝါရီက တင်ပြရာ ပျောက်ဆုံးမှုတွင် ကျပ် ၂ ဒသမ ၈ ဘီလီယံမကဘဲ ကျပ် ၇ ဒသမ ၄ ဘီလီယံကျော် ရှိသည်။
by ထက်အာကာကျော်/7day news
အဆိုပါ ညွှန်ကြားစာတွင် ပါရှိသည့် အချက်အလက်များကို ဝန်ကြီးချုပ်က ယနေ့ (ဧပြီ ၂၅ ရက်) နံနက် ၈ နာရီခွဲတွင် ဒေသခံ သတင်းထောက်များအား ထုတ် ဖော်ပြောကြားမည်ဟု မကွေး တိုင်းဒေသကြီး အလုပ်သမား၊ လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။
‘‘ဒေသခံ သတင်းထောက် တွေကို ညွှန်ကြားချက်နဲ့ ပတ် သက်တဲ့အကြောင်းအရာတွေကို ထုတ်ဖော်ပြောကြားမယ်ပေါ့’’ ဟု မကွေးတိုင်းဒေသကြီး အစိုးရအ ဖွဲ့ ပြောရေးဆိုခွင့်အဖွဲ့ တာဝန်ရှိ သူ ၎င်းကဆိုသည်။
ယခင်အစိုးရလက်ထက် ဖွံ့ ဖြိုးရေး ရန်ပုံငွေ ၂ ဒသမ ၈ ဘီလီယံ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မကွေးတိုင်း အထူးစုံစမ်းရေး ဦးစီးဌာနက ပြည်ထောင်စုအစိုးရသို့ ၂၀၁၇ ဇန်နဝါရီက တင်ပြရာ ပျောက်ဆုံးမှုတွင် ကျပ် ၂ ဒသမ ၈ ဘီလီယံမကဘဲ ကျပ် ၇ ဒသမ ၄ ဘီလီယံကျော် ရှိသည်။
by ထက်အာကာကျော်/7day news
ကျပ်သန်းခုနစ်ထောင်ကျော် အလွဲသုံးစားမှု ဆက်လက်ဆောင်ရွက်ရန် သမ္မတရုံးညွှန်ကြားချက် မကွေးဝန်ကြီးချုပ်ထံရောက်ရှိ
Reviewed by Unknown
on
9:20 AM
Rating:
Reviewed by Unknown
on
9:20 AM
Rating:

Post a Comment