Forbes မဂ္ဂဇင်း က ၃၀နှစ်အောက် အယောက်၃၀ အာရှစာရင်း မှာ မြန်မာ အမျိုးသမီး ပါဝင်
မြန်မာနိုင်ငံ ရဲ့ ပထမဆုံး Digital Marketing Agency ဖြစ်တဲ့ အမရာ အေဂျင်စီ ကို မချမ်းမြေ့ခိုင် တည်ထောင်ခဲ့
Forbes မဂ္ဂဇင်းရဲ့ အခုနှစ်အတွက် ၃၀နှစ်အောက် အယောက် ၃၀ အာရှ စာရင်းထဲမှာ မြန်မာနိုင်ငံက အမရာ Digital Marketing Agency တည်ထောင်သူလည်းဖြစ် အမှုဆောင် အရာရှိချုပ်လည်း ဖြစ်သူ မချမ်းမြေ့ခိုင် ဟာ မီဒီယာ၊ ဈေးကွက်ချဲ့ထွင်ရေးနဲ့ ကြော်ငြာ အမျိုးအစားမှာ ဂုဏ်ပြု ဖော်ပြခံခဲ့ရပါတယ်။
မချမ်းမြေ့ခိုင်ဟာ မြန်မာနိုင်ငံ ရဲ့ ပထမဆုံး Digital Marketing Agencyကို ကိုယ်ပိုင်အရင်းအနှီးနဲ့ တည်ထောင်ခဲ့တာ ဖြစ်ပြီး ၂၀၁၆ခုနှစ်မှာ အမရာ အေဂျင်စီရဲ့ ဝင်ငွေဟာ ၄၀၀ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂သိန်းအထိ ရောက်ခဲ့တယ်လို့ Forbes မဂ္ဂဇင်းမှာ ဖေါ်ပြထားပါတယ်။
Forbes မဂ္ဂဇင်းက နယ်ပယ်၁၀ခုမှာ သမားရိုးကျ လုပ်ရပ်တွေကို စိန်ခေါ်ပြီး ကနေ့ကမ္ဘာအတွက် အကျိုးသက်ရောက်မှု ရှိစေဘို့ အားထုတ်နေကြတဲ့ ငယ်ရွယ်တဲ့ လမ်းပြဆောင်ရွက်သူ၊ စွန့်ဦးတီထွင်သူနဲ့ ခေါင်းဆောင် အယောက်၃၀၀ ကို ရွေးချယ်ခဲ့ရာမှာ မချမ်းမြေ့ခိုင်က မီဒီယာ၊ ဈေးကွက်ချဲ့ထွင်ရေးနဲ့ ကြော်ငြာ အမျိုးအစားမှာ အာရှတိုက်အတွက် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
Credit : BBC

Reviewed by Unknown
on
8:54 AM
Rating:
Reviewed by Unknown
on
8:54 AM
Rating:

Post a Comment