ဗြိတိန် ၏ နားပူနားဆာ အလုပ်ဆုံး အိမ်ရှင်မ
ဗြိတိန် ၏ အဆိုးဝါးဆုံး မြည်တွန် တောက်တီး နေလေ့ရှိ သည့် အိမ်ရှင်မအဖြစ် သတ်မှတ်ခံလိုက် ရသည့် ဂျူလီဂရစ်ဖစ်ဆိုသည့် အမျိုးသမီး၏ လင်ယောက်ျားအား ဆူပူနေမှုများကို အိမ်နီးချင်းများက တိပ်ခွေဖြင့် အသံဖမ်း ထားပြီး ရဲတပ်ဖွဲ့ထံ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။
အသက် (၄၃) နှစ်အရွယ် မစ္စဂျူလီသည် ခင်ပွန်းဖြစ်သူ နော်မန်အား နှစ်ပေါင်း များစွာ နှုတ်ဖြင့် ဆူပူကြိမ်း မောင်းခြင်း ၎င်းအရှက်တကွဲဖြစ်အောင် တစ်နေကုန် အော်ဟစ်ခြင်းများ လုပ်ခဲ့ရာ အိမ်နီးချင်းများ နားမခံနိုင်သာ ဖြစ်ပြီး စိတ်ပျက်ခဲ့ရသည်။ ၎င်း၏ဒေါသမှာ ကိစ္စပေါင်းစုံပေါ်တွင် ဖြစ်ပေါ်နေပြီး တစ်ခါကဆိုလျှင် အဓိကရုဏ်း နှိမ်နှင်းရေး ရဲကားနှစ်စီးမှာ ရဲ (၂၀) ဦးကိုတင်၍ ရောက်လာခဲ့ ဖူးသည်။ ထိုစဉ်က အိမ်နီးချင်းများမှာ ခင်ပွန်းဖြစ်သူ နော်မန်ကို ၎င်းက သတ်ဖြတ် တော့မည့် အရေးကို စိုးရိမ်ပြီး ရဲခေါ်ခဲ့ရခြင်း ဖြစ်သည်။
မစ္စဂျူလီသည် ထိုစဉ်မှစ၍ ရပ်ကွက်ဟောင်းမှ နေရာသစ်သို့ ပြောင်းရွှေ့ခဲ့သည်။ သို့သော် အိမ်နီးချင်းဟောင်း တစ်ဦးက ““သူတို့ဟာ တစ်နေ့လုံးကို အကြောင်းအရာ မျိုးစုံအတွက် ငြင်းခုံနေကြတာပါ။ သနားစရာ နော်မန်ဟာ ဘယ်လောက်ပဲ မြတ်ခုတ်နေပါစေ ၎င်းဦးထုပ်ကို ချွတ်ထားပါလား ဆိုပြီး အပြစ်ရှာ ချင်လည်း ရှာပြီး ပြောနေတတ်တယ်။ မီးဖိုချောင်မှာ အသံမျိုးစုံ ထွက်ပြီး ဆူဆောင့် နေတာမျိုးတွေကတော့ ပုံမှန်လိုပါပဲ””ဟု ဆိုသည်။
အိမ်နီးချင်း အသံဖမ်းထားသည့် တိပ်ခွေများ အရလည်း ဂျူလီမှာ ဆဲနည်းမျိုးစုံဖြင့် နစ်နစ်နာနာ ဆဲတတ်ပြီး အများစုမှာ နားထောင်၍ မရနိုင်သည့် ညစ်ညမ်းလွန်းသည့် အဆဲများဖြစ်နေကြောင်း တွေ့ရသည်။
ဂျူလီဂရစ်ဖစ်သည် ယမန်နှစ်မှစ၍ ဘိစ်ဘတ်လမ်း ဘက်သို့ ပြောင်းရွှေ့ခဲ့သော်လည်း ခင်ပွန်းနော်မန် (၆၃) နှစ်နှင့် ယခင်အတိုင်းပင် ဆက်ဖြစ်နေခဲ့ရာ ပြီးခဲ့သည့် ခရစ်စမတ်က ဆိုလျှင် နော်မန်မှာ လင်မယား ရန်ဖြစ်ပြီး ဆေးရုံတက်ခဲ့ ရသည်။
အိမ်နီးချင်းဟောင်း များကလည်း ဂျုလီသည် ယခင်ကလည်း ရန်ဖြစ်ပြီး ခြောက်ကြိမ်ခန့် အဖမ်းခံခဲ့ရ ဖူးသဖြင့် နော်မန်၏ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း ဆိုသည်
Credit: www.messengernewsjournal.com
အသက် (၄၃) နှစ်အရွယ် မစ္စဂျူလီသည် ခင်ပွန်းဖြစ်သူ နော်မန်အား နှစ်ပေါင်း များစွာ နှုတ်ဖြင့် ဆူပူကြိမ်း မောင်းခြင်း ၎င်းအရှက်တကွဲဖြစ်အောင် တစ်နေကုန် အော်ဟစ်ခြင်းများ လုပ်ခဲ့ရာ အိမ်နီးချင်းများ နားမခံနိုင်သာ ဖြစ်ပြီး စိတ်ပျက်ခဲ့ရသည်။ ၎င်း၏ဒေါသမှာ ကိစ္စပေါင်းစုံပေါ်တွင် ဖြစ်ပေါ်နေပြီး တစ်ခါကဆိုလျှင် အဓိကရုဏ်း နှိမ်နှင်းရေး ရဲကားနှစ်စီးမှာ ရဲ (၂၀) ဦးကိုတင်၍ ရောက်လာခဲ့ ဖူးသည်။ ထိုစဉ်က အိမ်နီးချင်းများမှာ ခင်ပွန်းဖြစ်သူ နော်မန်ကို ၎င်းက သတ်ဖြတ် တော့မည့် အရေးကို စိုးရိမ်ပြီး ရဲခေါ်ခဲ့ရခြင်း ဖြစ်သည်။
အိမ်နီးချင်း အသံဖမ်းထားသည့် တိပ်ခွေများ အရလည်း ဂျူလီမှာ ဆဲနည်းမျိုးစုံဖြင့် နစ်နစ်နာနာ ဆဲတတ်ပြီး အများစုမှာ နားထောင်၍ မရနိုင်သည့် ညစ်ညမ်းလွန်းသည့် အဆဲများဖြစ်နေကြောင်း တွေ့ရသည်။
ဂျူလီဂရစ်ဖစ်သည် ယမန်နှစ်မှစ၍ ဘိစ်ဘတ်လမ်း ဘက်သို့ ပြောင်းရွှေ့ခဲ့သော်လည်း ခင်ပွန်းနော်မန် (၆၃) နှစ်နှင့် ယခင်အတိုင်းပင် ဆက်ဖြစ်နေခဲ့ရာ ပြီးခဲ့သည့် ခရစ်စမတ်က ဆိုလျှင် နော်မန်မှာ လင်မယား ရန်ဖြစ်ပြီး ဆေးရုံတက်ခဲ့ ရသည်။
အိမ်နီးချင်းဟောင်း များကလည်း ဂျုလီသည် ယခင်ကလည်း ရန်ဖြစ်ပြီး ခြောက်ကြိမ်ခန့် အဖမ်းခံခဲ့ရ ဖူးသဖြင့် နော်မန်၏ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း ဆိုသည်
Credit: www.messengernewsjournal.com
ဗြိတိန် ၏ နားပူနားဆာ အလုပ်ဆုံး အိမ်ရှင်မ
Reviewed by Unknown
on
8:48 AM
Rating:
Reviewed by Unknown
on
8:48 AM
Rating:

Post a Comment