တူတူပုန်းတိုင်းကစားစဉ် သေတ္တာထဲ ၀င်ပုန်းသော ကလေးငယ် အသက်ရှုရပ်၍ သေဆုံး
မုံရွာ၊ ဧပြီ ၂၆။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ စကားကုန်းရွာတွင် ဧပြီ ၂၄ ရက် ညနေပိုင်းက နေအိမ်တွင် တူတူပုန်းတိုင်းကစား သော ကလေးငယ်တစ်ဦး သံသေတ္တာထဲဝင်ပုန်းစဉ် အသက်ရှုရပ်၍ သေဆုးံသွားခဲ့ကြောင်း ကသာရဲတပ်ဖွဲ့ရုးံမှ သတင်းရရှိသည်။
သံသေတ္တာထဲတွင် အသက်ရှုမွန်းကြပ်မေ့မျောနေသော နှစ်တန်းကျောင်းသားကို မိဘများကတွေ့၍ ကျေးရွာဆေးပေးခန်းသို့အမြန်ပို့၍ ကုသသော်လည်း အသက်မမီခဲ့ကြောင်း သိရသည်။
၎င်းဖြစ်စဉ်အား နယ်မြေ ခံကျောက်ထုးံကြီးရဲကင်းစခန်းမှူး ရဲအုပ်ဝင်းမင်းထွန်းမှ ဖြစ်စဉ်ပါအတိုင်း သေဆုးံခြင်းဟုတ်မဟုတ် စစ်ဆေးနိုင်ရန် သေမှုသေခင်း ဖွင့်၍ စုံစမ်းနေကြောင်း သတင်းရရှိသည်။
ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar

Reviewed by Unknown
on
6:57 AM
Rating:

Post a Comment