Header AD

အော်ရီဒူးကုမ္ပဏီ မိုဘိုင်းဖုန်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်း စတင်မည်

မြန်မာနိုင်ငံရဲ့ တယ်လီဖုန်းဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းသုံးခုထဲမှာ တခုအပါအ၀င်ဖြစ်တဲ့ အော်ရီဒူးကုမ္ပဏီက မိုဘိုင်းဖုန်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကိုပါ စတင်တော့မယ်လို့ သိရပါတယ်။

ကာတာနိုင်ငံအခြေစိုက် အော်ရီဒူးဟာ မိုဘိုင်းဖုန်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို သမဝါယမဘဏ် CB နဲ့အတူ ပူးပေါင်းလုပ်ကိုင်မှာဖြစ်ပြီး၊ မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ရရှိဖို့ စောင့်ဆိုင်းနေပါတယ်။

မြန်မာနိုင်ငံလူဦးရေရဲ့ ၇၇ ရာခိုင်နှုန်းဟာ ဘဏ်စာရင်း မရှိကြသေးတဲ့အတွက် မိုဘိုင်းဖုန်းကတဆင့် ငွေပေးငွေယူကိစ္စတွေ ဆောင်ရွက်နိုင်တဲ့ ၀န်ဆောင်မှု ပေါ်ပေါက်လာတာပါ။

မြန်မာနိုင်ငံမှာ အဲဒီဝန်ဆောင်မှုကို တယ်လီနောကုမ္ပဏီတခုတည်းက ဆောင်ရွက်နေတာဖြစ်ပြီး၊ အခုအခါ အော်ရီဒူးကပါ သူ့ရဲ့ သုံးစွဲသူ ၈ သန်းကျော်အတွက် ငွေကြေးဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးတော့မှာဖြစ်တယ်လို့ အော်ရီဒူး မြန်မာ မိုဘိုင်းကုန်သွယ်ရေးအရာရှိချုပ်က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အော်ရီဒူးကုမ္ပဏီ မိုဘိုင်းဖုန်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်း စတင်မည်  အော်ရီဒူးကုမ္ပဏီ မိုဘိုင်းဖုန်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်း စတင်မည် Reviewed by Unknown on 6:55 AM Rating: 5

Post AD