Header AD

သံဖြူဇရပ်မြို့လယ်ရှိ ဟသာင်္အ၀ိုင်းကို အရက်မူးနေတဲ့ ယာဉ်မောင်းဝင်တိုက် ဟသာင်္ရုပ်ထုပျက်စီး

ကားသမားနဲ့စပယ်ယာ နှစ်ယောက်စလုံးက မူးနေတယ်။ ကားကိုလည်း သတ်မှတ်မိုင်နူန်းထက်လည်းပိုမောင်းနေတယ်။ အဲ့သည်နေရာက အ၀ိုင်းကျယ်ပြီး လမ်းက ကျဉ်းနေတယ်။ကျွန်တော်မြို့မှာဖြစ်တဲ့အတွက် ကျွန်တော်ကတော့ဥပဒေနဲ့အညီဆောင်ရွက်မှာဖြစ်ပါတယ် ”လို့ သံဖြူဇရပ်မြို့နယ်ပြည်သူလွတ်တော်ကိုယ်စားလှယ် ဦးဥာဏ်ဟိန်းကပြောပါတယ်။
ဟင်္သာအ၀ိုင်းကိုဝင်တိုက်ခဲ့တဲ့၁၂ဘီးကားက မော်လမြိုင်ဘက်ကနေပြီးတော့ ဘိလပ်မြေအိတ်များကို တင်ဆောင်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။
သံဖြူဇရပ် မြို့နယ် ဟင်္သာအ၀ိုင်းကို  ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့ ပြည်ထောင်စုနေ့၊ (၇၀)ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ယာဉ်မောင်းကို သံဖြူဇရပ်မြို့နယ်ရဲစခန်းက  ယ(ပ) ၂၀/၂၀၁၇ အများပြည်သူသွားလာတဲ့ နေရာမှာယာဉ်မဆင်မခြင်မောင်းနှင်မှု နဲ့အမှုဖွင့်အရေးယူထားတယ်လို့လည်းသိရပါတယ်။

Author  နှင်းနှင်း
သံဖြူဇရပ်မြို့လယ်ရှိ ဟသာင်္အ၀ိုင်းကို အရက်မူးနေတဲ့ ယာဉ်မောင်းဝင်တိုက် ဟသာင်္ရုပ်ထုပျက်စီး  သံဖြူဇရပ်မြို့လယ်ရှိ ဟသာင်္အ၀ိုင်းကို အရက်မူးနေတဲ့ ယာဉ်မောင်းဝင်တိုက် ဟသာၤရုပ္ထုပ်က္စီး Reviewed by Unknown on 7:06 AM Rating: 5

Post AD