ထူးထူးဆန်းဆန်း မျက်နှာတွေပေါ်ကို ကွန်ဒုံးတွေပုံစံအမျိုးမျိုးနဲ့ ကပ်ခဲ့ကြသည့်တရုတ်မလေးများ
ပေကျင်းမြို့ပတ်ရထားပေါ်မှာ လူအလွန်စည်ကားချိန်မှာ တရုတ်လှပျိုဖြူလေးတွေဟာ သူမတို့ မျက်နှာပေါ်ကို အမျိုးသား သုံး ကွန်ဒုံးတွေ ပုံစံအမျိုးမျိုးနဲ့ ကပ်ခဲ့ကြပါတယ်။ ဒီသတင်းဓာတ်ပုံတွေဟာ အင်တာနက်ကွန်ယက်တွေပေါ်မှာ ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး လူတွေ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။တစ်ချို့ကတော့ ဒီလုပ်ရပ်ဟာ ကမ်းပိန်းတစ်ခုခုအတွက် ရည်ရွယ်ပုံရတယ်လို့ ယူဆကြပါတယ်။ တစ်ချို့ကတော့ မည်
သည့်ရွယ်ရွယ်ချက်ကြောင့်ဖြစ်စေ အများပြည်သူသွားလာရာ နေရာမျိုးမှာတော့ ဒါဟာ ဣနြေ္ဒမဲ့လွန်းတယ်လို့ ဝေဖန်ကြပါ တယ်။ အမှန်က ဒီဖြစ်ရပ်နောက်ကွယ်မှာ အကြောင်းရှိပါတယ်။ ဒီအကြောင်းကို သိသွားတဲ့လူတွေဟာ ပိုပြီး ဒေါသတကြီး ဝေဖန်ခဲ့ကြပြန်ပါတယ်။အကြောင်းကတော့ အမျိုးသမီးတွေ မျက်နှာပေါ်မှာ ကပ်ထားတဲ့ ကွန်ဒုံးတွေဟာ တရုတ်ကွန်ဒုံးထုတ်လုပ်ရေးကုမ္မဏီတစ်ခု
မှ ပရိုမိုးရှင်းအနေနဲ့ ဖြန့်ဝေခဲ့တာပါ။ ဒါ့အပြင် ကုမ္မဏီက ၎င်းတို့ထုတ်လုပ်ထားတဲ့ ကွန်ဒုံးမှာပါဝင်တဲ့ ချောဆီဟာ အမျိုးသမီးတို့ အသားရေကို အထူးထိန်းသိမ်းပေးတယ်လို့် အာမခံခဲ့ပါတယ်။ဒါကြောင့် ကွန်ဒုံးရရှိခဲ့တဲ့ အမျိုးသမီးတွေဟာ သူတို့အသားရေ လှပလေမလားလို့ ပေါင်းတင်တဲ့သဘောနဲ့ အခုလို ကွန်ဒုံးတွေကို မျက်နှာအနှံ့မှာ ကပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအတွက် ဝေဖန်သူများက ကုမ္မဏီကို ဆဲရေးတိုင်းထွာခဲ့ကြပြီး၊ မလျှော်ကန်သောနည်းဖြင့် အရောင်းမြင့်တင်ခြင်းလို့ ဝေဖန်နေကြပါတယ်။ညီလင်းထက် (Shwemom)
source : viral4rea.com

Reviewed by Unknown
on
6:40 AM
Rating:
Reviewed by Unknown
on
6:40 AM
Rating:

Post a Comment