Header AD

Apple ကုမ္ပဏီ မှ မောင်းသူမဲ့ iCar ထုတ်လုပ်မည်ဟု သတင်းထွက်ပေါ်

မောင်းသူမဲ့ ကားထုတ်လုပ်ရေး ဈေးကွက်မှာ Telsa , Ford, နဲ့ Google တို့ အပြိုင်အဆိုင်ထုတ်လုပ်နေရာမှ စမတ်ဖုန်း ရှေ့ဆောင် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Apple ကပါ Icar  ထုတ်လုပ်တော့မယ်ဆိုတဲ့ သတင်းများကို ကယ်လီဖိုးနီးယားပြည်နယ်  Department of Motor Vehicles ဌာနမှ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။Apple ကုမ္ပဏီကတော့ ဒီသတင်းကို ၀န်ခံခြင်းမရှိသလို ငြင်းဆန်ခြင်းလည်း မရှိပါဘူး။
Apple ကုမ္ပဏီဟာ ကမ္ဘာတစ်ဝှမ်း တန်ဖိုးအကြီးဆုံး ကုမ္ပဏီများထဲမှာ ပါဝင်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး Apple သမိုင်းတစ်လျှောက် Apple ဟာ နည်းပညာပစ္စည်းများကို ဆန်းသစ်စွာနဲ့ ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။iPhone, iPad and iPod တို့ဟာ Apple စတင် မထုတ်လုပ်ခင်ကတည်းက တခြားသော ပစ္စည်းများထွက်ရှိထားပေမဲ့ Apple က ဆန်းသစ်စွာနဲ့ တီထွင်နိုင်ခဲ့တဲ့အတွက် နာမည်ကျော်ခဲ့တာ ဖြစ်ပြီး ယခုမောင်းသူမဲ့ ကားဈေးကွက်မှာလည်း Apple ကုမ္ပဏီဟာ ဘယ်လို ဆန်းသစ်မှုမျိုးနဲ့ ထုတ်လုပ်မလဲဆိုတာကို နည်းပညာစိတ်ဝင်စားသူအများက စောင့်ကြည့်နေကြပါတယ်။

ဒါ့အပြင်နောက်ထပ်ထွက်ပေါ်နေတဲ့ ကောလဟာလတစ်ခုကတော့ Apple ဟာ Tesla ကိုဝယ်ယူမယ်လို့ သတင်းထွက်ပေါ်နေပေမဲ့ ဘယ်သူကမှတော့ အတည်မပြုသေးပါဘူး။
Apple ကနေ တရားဝင် မကြေငြာသေးသ၍ အတိအကျသိရဦးမှာမဟုတ်ပေမဲ့ Icar မှာ ထိုင်ခုံ ၄ ခုံ၊Wifi ထုတ်လွှင့်စက်၊GPS system နဲ့ အလိုအလျောက် မောင်းနှင်ရန်အတွက် ကင်မရာများစွာ ပါဝင်လာမှာ ဖြစ်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ဒါ့အပြင် Icar ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၆၀၀၀၀ ကနေ ၈၀၀၀၀ (မြန်မာငွေ သိန်း ၈၀၀ နဲ့ ၁၀၀၀ )အကြားရှိမယ်လို့သတင်းထွက်ပေါ်ထားပါတယ်။
Arkar Hein (Shwemom)
Ref : Tech digg

Apple ကုမ္ပဏီ မှ မောင်းသူမဲ့ iCar ထုတ်လုပ်မည်ဟု သတင်းထွက်ပေါ် Apple ကုမ္ပဏီ မှ မောင်းသူမဲ့ iCar ထုတ်လုပ်မည်ဟု သတင်းထွက်ပေါ် Reviewed by Unknown on 6:56 AM Rating: 5

Post AD