Header AD

မဝယ်နိုင်ဘူးလို့ အထင်သေးတဲ့အကြည့်နဲ့ ကြည့်တဲ့ အရောင်းမိန်းကလေးကို ငွေထုပ်နဲ့ကောက်ပေါက်တဲ့ ဗွီဒီယိုရုပ်သံ နာမည်ကြီး

မဝယ်နိုင်ဘူးလို့ အထင်သေးတဲ့အကြည့်နဲ့ ကြည့်တဲ့ အရောင်းမိန်းကလေးကို ငွေထုပ်နဲ့ကောက်ပေါက်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်ရဲ့ လက်ဝတ်ရတနာအရောင်းဆိုင် တစ်ဆိုင်မှာ အရောင်းကောင်တာ အမျိုးသမီးတစ်ဦးက လာရောက်ဝယ်ယူ သူကို အထင်သေးတဲ့ မျက်လုံးအမူအရာမျိုးနဲ့ ဆက်ဆံခဲ့တာကြောင့် ဈေး ဝယ်သူအမျိုးသမီးက ငွေထုတ်နဲ့ အရောင်းအမျိုးသမီးကို ပစ်ပေါက်ရန်တွေ့ ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ယင်းဖြစ်စဉ် ဗွီဒီယိုဖိုင်က တရုတ်ဆိုရှယ်နက်ဝက်ကို အလျှင်အမြန်ပဲ ပျံ့နှံ့ သွားခဲ့ပြီး လူသိများလာခဲ့ကာ အဘယ့်ကြောင့် ထိုသို့ ဖြစ်ရတယ်ဆိုတဲ့ အ ကြောင်းတွေကို ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
ဗွီဒီယိုဖိုင်ထဲမှာ အဆိုပါ ဈေးဝယ်သူအမျိုးသမီးက ရတနာတွေ ပြသတဲ့ ကောင်တာမှာ စိတ်ကြိုက်လက်ဝတ်ရတနာကို ဝယ်ယူဖို့ ကြည့်ရှုနေစဉ်မှာပဲ ယင်းအရောင်းကောင်တာက မိန်းကလေးက ဈေးဝယ်အမျိုးသမီးကို ဝယ်ယူနိုင်မယ့်ပုံလည်း မပေါ်ဘူးဆိုတဲ့ မျက်နှာထားနဲ့ အခြားဈေးဝယ် သူများကိုသာ အာရုံစိုက်ပြီး ပြသနေခဲ့ပါတယ်။
ထို့အတွက်ကြောင့် ယင်းဈေးဝယ်သူအမျိုးသမီးက ဒေါသထွက်လာကာ အရောင်းမိန်းကလေးကို အော်ဟစ်ပြောဆိုပြီး သူမက ဘယ်လောက်ချမ်း သာကြောင်း၊ လက်ဝတ်ရတနာတွေကိုလည်း ဝယ်ယူနိုင်ကြောင်း၊ သူမဖခင် ကဘယ်သူဘယ်ဝါဖြစ်ကြောင်းနဲ့ပြောဆိုပြီး လက်ကိုင်အိတ်ထဲက ယွမ်တစ် သောင်းနီးပါးရှိတဲ့ ပိုက်ဆံထုပ်နဲ့ မိန်းကလေးရဲ့ မျက်နှာကိုကောက်ပေါက်ခဲ့ တာပဲဖြစ်ပါတယ်။

Search Myanmar
မဝယ်နိုင်ဘူးလို့ အထင်သေးတဲ့အကြည့်နဲ့ ကြည့်တဲ့ အရောင်းမိန်းကလေးကို ငွေထုပ်နဲ့ကောက်ပေါက်တဲ့ ဗွီဒီယိုရုပ်သံ နာမည်ကြီး  မဝယ်နိုင်ဘူးလို့ အထင်သေးတဲ့အကြည့်နဲ့ ကြည့်တဲ့ အရောင်းမိန်းကလေးကို ငွေထုပ်နဲ့ကောက်ပေါက်တဲ့ ဗွီဒီယိုရုပ်သံ နာမည်ကြီး Reviewed by Unknown on 7:21 AM Rating: 5

Post AD