အမျိုးသမီးများရဲ့ ရင်သားကိုကိုင်ကြည့်ရုံနဲ့ အနာဂတ်ကိုဟောနိုင်သည်ဆိုသည့် တရုတ်ဗေဒင်ဆရာ
တရုတ်နိုင်ငံက ဗေဒင်ဆရာတစ်ယောက်ဟာ အမျိုးသမီးများရဲ့ ရင်သားကို ဆုပ်နယ်ကြည့်ရုံဖြင့် ယင်းအမျိုးသမီးရဲ့ ရောဂါတွေကို ကုသပေးသည့်အပြင် အနာဂတ်အလားအလာ၊ ကြီးပွားရေး၊ စီးပွားရေးစတဲ့အချက်တွေကို မှန်ကန်စွာ ဟောနိုင်တယ်လို့ နာမည်ကြီးနေပပါတယ်။ သူရဲ့ ဟောပြောမှု ဗွီဒီယိုဖိုင်ဟာ All about the Philippines ဆိုတဲ့ Facebook မှာ ပေါ်ထွက်လာပြီးနောက် အများ ပြည်သူရဲ့ ဝေဖန်ဆဲဆိုမှုတွေ ခံခဲ့ရပါတယ်။
အများစုကတော့ အဆိုပါ ဗေဒင်ဆရာဟာ အယောင်ဆောင်မျှသာ ဖြစ်ကြောင်း၊ မည်သည့်ဗေဒင်ပညာရပ်မှ ဒီလို လုပ်ဆောင်ဟောပြောတာမျိုး မရှိကြောင်း၊ အမျိုးသမီးတွေကို လိင်ပိုင်ဆိုင်ရာစော်ကားဖို့ သက်သက်ဂွင်ဆင်ခြင်း ဖြစ် ကြောင်း၊ ဒါကို အမျိုးသမီးတွေက မသိဘဲ မိမိတို့အခက်အခဲတွေ ပြေလည်မည်ဟု ယုံကြည်ကြကြောင်း ဝေဖန်ခဲ့ကြပါ တယ်။
https://www.facebook.com/onlyinPinas2016/videos/1673597719610080/
ယခင်ကလည်း ချိုင်းထောက်နဲ့ ဗေဒင်ဆရာအမည်ခံ ပုဂ္ဂိုလ်တစ်ယောက် တရုတ်လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့ဖူးပြီး၊ အဆိုပါ ဗေဒင်ဆရာကတော့ အမျိုးသမီးတွေရဲ့ ရင်သားအတွင်းထဲအထိ နှိုက်စမ်းကာ ရှေ့ဖြစ်ဟောသူ ဖြစ်ပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေက ပြင်းထန်စွာ သတိပေးခဲ့ပြီးနောက် ဗေဒင်ဆရာလည်း အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရပါတယ်။
အခု ဗွီဒီယိုဖိုင်ထဲပါ ဗေဒင်ဆရာကိုတော့ မည်သည့်အရေးယူမှု ပြုလုပ်တယ်ဆိုတာကို သိရခြင်း မရှိပါဘူး။ ယင်းဗွီဒီယိုဖိုင်ကို ၀င်ရောက်ကြည့်ရှုသူပေါင်းဟာ တစ်သိန်းကျော်အထိ ရှိခဲ့ပြီး၊ ဝေဖန်သူအများစုကတော့ ဗေဒင်မေးသူ အမျိုးသမီးတွေရဲ့ အသိဉာဏ်မဲ့မှုကို ပြင်းထန်စွာ ဝေဖန်ထားပါတယ်။
လင်းဇော်ကို (Shwemom)
source : viral4real.com

Reviewed by Unknown
on
6:28 AM
Rating:
Reviewed by Unknown
on
6:28 AM
Rating:

Post a Comment