မအောင်မြင်ခဲ့တဲ့ မြောက်ကိုရီးယား ရဲ့ ဒုံးကျည် အမျိုးအစားကို ဖော်ထုတ်ဖို့ ကျွမ်းကျင်သူတွေကြိုးပမ်းနေဆဲ
အခုနောက်ဆုံး မြောက်ကိုရီးယား ကပစ်လွှတ်တဲ့ဒုံးကျည်ဟာ အမျိုးအစားအသစ်တစ်မျိုးဖြစ် နိုင်ပြီး အခုချိန်ထိ ရေရေရာရာမသိရသေးတဲ့သည်စနစ်ကို ကင်ဂျုံအန်းအစိုးရတီထွင်ဆန်းသစ်ထားတာဖြစ်နိုင် တယ်လို့ တနင်္လာနေ့က လက်နက်ဆိုင်ရာကျွမ်းကျင်သူတစ်ဦးကဆိုပါတယ်။
ပင်တဂွန်ကတော့ တနင်္ဂနွေနေ့အစောပိုင်းက မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်း ဆင်ပိုမြို့နားကနေ ဒုံးကျည်ပစ်လွှတ်ပြီးပြီးချင်းလောက်မှာ ပေါက်ကွဲပျက်စီးသွားခဲ့တဲ့ ဒုံးကျည်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်းမရှိပါဘူး။ အိမ်ဖြူတော်ကတော့ သည်ပစ်လွှတ်ခဲ့တဲ့ဒုံးကျည်ဟာ တာလတ်ပစ်အမျိုးအစားဖြစ်နိုင်တယ်လို့ ပြောပါတယ်။ 38 North လေ့လာစောင့်ကြည့်ရေးအဖွဲ့က လက်နက်ကျွမ်းကျင်သူ ဂျွန်ရှီးလင်း က သည်မအောင်မြင်ခဲ့တဲ့ ပစ်လွှတ်မှုဟာ စနစ်သစ်စမ်းသပ်မှုတစ်ရပ်ရဲ့ အစဖြစ်နိုင်တယ်လို့ဆိုပါတယ်။
“သည်မအောင်မြင်ခဲ့တဲ့ စမ်းသပ်မှုအကြောင်းကိုဆွေးနွေးဖို့က စောလွန်းနေပါတယ်။ အခုလိုမျိုးပစ်လွှတ်စမ်းသပ်မှု တွေက အစောပိုင်းအဆင့်တွေမှာမအောင်မြင်တာက ဖြစ်နေကျပါပဲ။ အစောပိုင်းမှာ ဒုံးကျည်ရဲ့ တွန်ကန်နှုန်းနဲ့ ပဲ့ထိန်းစနစ်တွေကိုတွက်ချက်တိုင်းတာတာမှုတွေဆောင်ရွက်နေရတာကြောင့် လွဲချော်တာတွေရှိနိုင်ပါတယ်”လို့ ရှီးလင်းကအေအက်ဖ်ပီကိုပြောပါတယ်။ “ပိုပြီး သေသေချာချာသိရရင်တော့ကောင်းတာပေါ့။ ဒါပေမယ့် ကျွန်တော်အနေနဲ့ အခုဒုံးကျည်က အမျိုးအစား အသစ်လား၊ ဒါမှမဟုတ် သေသေချာချာ မလုပ်ရသေးတဲ့ဒုံးကျည်လားဆိုတာကို လေ့လာဖို့ လိုပါသေးတယ်” လို့လည်းသူကဆိုပါတယ်။ အခုပစ်လွှတ်တဲ့ဒုံးကျည်က KN-17 လို့ခေါ်တဲ့ အမျိုးအစားသစ်ဒုံးကျည်တစ်မျိုးဖြစ်တယ်၊လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတွေက Fox News ကိုဖြေကြားခဲ့ပါတယ်။ သည်ဒုံးကျည်ကို သင်္ဘောတွေကိုပစ်ခတ်ဖို့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သည်စမ်းသပ်မှုဟာ စနေနေ့က ပြုံယမ်းမှာလုပ်ဆောင်ခဲ့တဲ့ စစ်ရေးပြချီတက်ပွဲမှာ ကင် ပွဲထုတ်ပြသခဲ့တဲ့ ဒီဇိုင်းသစ် ဖြစ်နိုင်တယ်လို့လည်း ရှီးလင်း ကယူဆနေပါတယ်။
သည်ဒုံးကျည်ကို မူဆူဒန် တာလတ်ပဲ့ထိန်းဒုံး ဒုံးပစ်စင်ကနေပစ်လွှတ်ခဲ့တာဖြစ်ပြီး ဒုံးကျည်အမျိုးအစားအသစ် တစ်မျိုးဖြစ်နိုင်တယ်၊လို့ သူကပြောပါတယ်။ အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆူဆန်သွန်တန်ကတော့ ဒုံးကျည်ဟာ ပစ်လွှတ်ပြီးဘယ်လောက်အချိန်အတွင်းမှာပျက်ကျသွားတာလဲဆိုတာနဲ့ပတ်သက်ပြီး အချက်အလက်တွေကိုပိုမို သိရှိနိုင်ဖို့ခက်ခဲနေတယ်လို့လည်းဆိုပါတယ်။
မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုစနစ်တွေကို ဟက်ကင်းလုပ်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေက မြောက်ကိုရီးယားရဲ့အခုနောက်ဆုံးဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်ရတဲ့အကြောင်းအရင်းမှာ ကဏ္ဍတစ်ရပ် အနေနဲ့ ပါဝင်နေနိုင်တယ်လို့ လေ့လာသုံးသပ်သူအချို့ရဲ့ထင်ကြေးပေးမှုတွေလည်း ရှိခဲ့ပါတယ်။
မအေးသီမွန်
[Ref:AFP; 18 April 2017]
Credit: Kumudra
ပင်တဂွန်ကတော့ တနင်္ဂနွေနေ့အစောပိုင်းက မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်း ဆင်ပိုမြို့နားကနေ ဒုံးကျည်ပစ်လွှတ်ပြီးပြီးချင်းလောက်မှာ ပေါက်ကွဲပျက်စီးသွားခဲ့တဲ့ ဒုံးကျည်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်းမရှိပါဘူး။ အိမ်ဖြူတော်ကတော့ သည်ပစ်လွှတ်ခဲ့တဲ့ဒုံးကျည်ဟာ တာလတ်ပစ်အမျိုးအစားဖြစ်နိုင်တယ်လို့ ပြောပါတယ်။ 38 North လေ့လာစောင့်ကြည့်ရေးအဖွဲ့က လက်နက်ကျွမ်းကျင်သူ ဂျွန်ရှီးလင်း က သည်မအောင်မြင်ခဲ့တဲ့ ပစ်လွှတ်မှုဟာ စနစ်သစ်စမ်းသပ်မှုတစ်ရပ်ရဲ့ အစဖြစ်နိုင်တယ်လို့ဆိုပါတယ်။
“သည်မအောင်မြင်ခဲ့တဲ့ စမ်းသပ်မှုအကြောင်းကိုဆွေးနွေးဖို့က စောလွန်းနေပါတယ်။ အခုလိုမျိုးပစ်လွှတ်စမ်းသပ်မှု တွေက အစောပိုင်းအဆင့်တွေမှာမအောင်မြင်တာက ဖြစ်နေကျပါပဲ။ အစောပိုင်းမှာ ဒုံးကျည်ရဲ့ တွန်ကန်နှုန်းနဲ့ ပဲ့ထိန်းစနစ်တွေကိုတွက်ချက်တိုင်းတာတာမှုတွေဆောင်ရွက်နေရတာကြောင့် လွဲချော်တာတွေရှိနိုင်ပါတယ်”လို့ ရှီးလင်းကအေအက်ဖ်ပီကိုပြောပါတယ်။ “ပိုပြီး သေသေချာချာသိရရင်တော့ကောင်းတာပေါ့။ ဒါပေမယ့် ကျွန်တော်အနေနဲ့ အခုဒုံးကျည်က အမျိုးအစား အသစ်လား၊ ဒါမှမဟုတ် သေသေချာချာ မလုပ်ရသေးတဲ့ဒုံးကျည်လားဆိုတာကို လေ့လာဖို့ လိုပါသေးတယ်” လို့လည်းသူကဆိုပါတယ်။ အခုပစ်လွှတ်တဲ့ဒုံးကျည်က KN-17 လို့ခေါ်တဲ့ အမျိုးအစားသစ်ဒုံးကျည်တစ်မျိုးဖြစ်တယ်၊လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတွေက Fox News ကိုဖြေကြားခဲ့ပါတယ်။ သည်ဒုံးကျည်ကို သင်္ဘောတွေကိုပစ်ခတ်ဖို့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သည်စမ်းသပ်မှုဟာ စနေနေ့က ပြုံယမ်းမှာလုပ်ဆောင်ခဲ့တဲ့ စစ်ရေးပြချီတက်ပွဲမှာ ကင် ပွဲထုတ်ပြသခဲ့တဲ့ ဒီဇိုင်းသစ် ဖြစ်နိုင်တယ်လို့လည်း ရှီးလင်း ကယူဆနေပါတယ်။
မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုစနစ်တွေကို ဟက်ကင်းလုပ်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေက မြောက်ကိုရီးယားရဲ့အခုနောက်ဆုံးဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်ရတဲ့အကြောင်းအရင်းမှာ ကဏ္ဍတစ်ရပ် အနေနဲ့ ပါဝင်နေနိုင်တယ်လို့ လေ့လာသုံးသပ်သူအချို့ရဲ့ထင်ကြေးပေးမှုတွေလည်း ရှိခဲ့ပါတယ်။
မအေးသီမွန်
[Ref:AFP; 18 April 2017]
Credit: Kumudra
မအောင်မြင်ခဲ့တဲ့ မြောက်ကိုရီးယား ရဲ့ ဒုံးကျည် အမျိုးအစားကို ဖော်ထုတ်ဖို့ ကျွမ်းကျင်သူတွေကြိုးပမ်းနေဆဲ
Reviewed by Unknown
on
11:37 AM
Rating:
Reviewed by Unknown
on
11:37 AM
Rating:

Post a Comment