Header AD

လူအုပ်စုကြီးကို လက်ခလယ်ထောင်ပြသည့် နိုင်ဂျီးရီးယားနိုင်ငံသား အုပ်စုဖွဲ့ ရိုက်နှက်ခံရ

ထိုင်းနိုင်ငံ၊ ပတ္တယားမြို့မှာ နိုင်ဂျီးရီးယားနိုင်ငံသား အမျိုးသားတဦးဟာ လူအုပ်စုကြီးကို လက်ခလယ် ထောင်ပြခဲ့တဲ့အတွက် အုပ်စုဖွဲ့ ရိုက်နှက်ခံခဲ့ရတယ်လို့ ဆီယန်ချွန်သတင်းတပုဒ်မှာ ဧပြီ ၁၄ ရက်နေ့က ဖော်ပြပါတယ်။
ကန်နက်ဒီ အေကွန်နိုနူ အမည်ရတဲ့ အဲဒီအမျိုးသားဟာ ဆုန်ကရန်ပွဲတော်ကာလအတွင်း ညပိုင်းမှာ ဆွိုင် ၇ အရပ်ဆီ သူ့ကားနဲ့ ရောက်လာခဲ့တာဖြစ်ပြီး တိုးမပေါက်အောင် ပိတ်ဆို့နေတဲ့ လူအုပ်ကြီးကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး လက်ခလယ် ထောင်ပြခဲ့တာပါ။
အဲဒီနောက်တော့ ဒီအပြုအမူအပေါ် စိတ်ဆိုးဒေါသထွက်သွားကြတဲ့ လူအုပ်စုကြီးဟာ သူ့ကို ပုလင်းတွေ၊ ဆိုင်ကယ်စီးဦးထုပ်တွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး သူ့ကားကိုလည်း ထုရိုက်ခဲ့ကြတာပါ။
လက်ရှိမှာတော့ အသက် ၃၅ နှစ်အရွယ် အဲဒီအမျိုးသားကို ပတ္တယားမမ်မိုရီယယ်ဆေးရုံကို ကုသမှုခံယူနိုင်ဖို့ ပို့ဆောင်ထားခဲ့ပြီး ဖမ်းယူရရှိတဲ့ စီစီတီဗွီကင်မရာမှတဆင့် ရိုက်နှက်ခဲ့တဲ့ တရားခံတွေကို ရဲတွေက ရှာဖွေနေကြပါတယ်။
အမည်ဖော်ပြမထားတဲ့ ထိုင်းအမျိုးသားတဦးကတော့ ဒီဖြစ်စဉ်မှာ လူငယ် ၄ ဦးလည်း ပါဝင်ပြီး ရိုက်နှက်ခဲ့ပြီးနောက်မှာ ဆိုင်ကယ်တွေနဲ့ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ရဲတွေကတော့ ဒါဟာ ပတ္တယားမြို့ရဲ့ပုံရိပ်ကို ထိခိုက်စေပြီး အဖြစ်မှန်ကို စုံစမ်း ဖော်ထုတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Credit: DVB
လူအုပ်စုကြီးကို လက်ခလယ်ထောင်ပြသည့် နိုင်ဂျီးရီးယားနိုင်ငံသား အုပ်စုဖွဲ့ ရိုက်နှက်ခံရ လူအုပ်စုကြီးကို လက်ခလယ်ထောင်ပြသည့် နိုင်ဂျီးရီးယားနိုင်ငံသား အုပ်စုဖွဲ့ ရိုက်နှက်ခံရ Reviewed by Unknown on 11:41 AM Rating: 5

Post AD