Header AD

ငယ်ငယ်ရွယ်ရွယ်မှာ လူသတ်သမားဖြစ်ခဲ့သော သမိုင်းထဲက ကလေးများ

သင်ကလေးတွေကို မြင်လိုက်တဲ့အခါမှာ အပြစ်ကင်းကြတဲ့ကလေးသူငယ်တွေလိုပဲြ့မင်ပါလိမ့်မယ်။ကလေးအရွယ်လေးတစ်ယောက်ဟာ လူသတ်မူမျိုးကို ရက်ရက်စက်စက်ကျူးလွန်နိုင်မယ်လို့ သင်စိတ်ကူးနဲ့တောင်တွေးမိမှာမဟုတ်ပါဘူး။ဒါပေမဲ့ မိဘပါတ်ဝန်းကျင်က မကောင်းတဲ့အခါမှာ သူတို့ဟာလည်းမကောင်းမူဒုစရိုက်တွေကို အလွယ်တကူ ပြုလုပ်တတ်လာကြပါတယ်။အခုဒီမှာတော့ ထင်ရှားခဲ့တဲ့ ကလေးလူသတ်သမားတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒီကလေးလေးဟာ ၁၉၉၇ နှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီးတော့ အသက် ၁၁ နှစ်အရွယ် ၂၀၀၉ ခုနှစ်ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ သူအဖေနဲ့ စေ့စပ်ထားတဲ့ မိန်းကလေးဖြစ်သူ ကန်ဇီမာရီဟော့ ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။သူရဲ့ ပြစ်မူဟာ တစ်သက်တစ်ကျွန်းကျခံရနိုင်တဲ့အမူဖြစ်ပေမဲ့ သက်ညှာစွာနဲ့ အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယား ပြည်နယ်မှာရှိတဲ့ ကလေးသူငယ်စောင့်ရှောင့်ရေးစခန်းမှာပဲ ထိန်းသိမ်းအပြစ်ပေးခဲ့ပါတယ်။
1983 ခုနှစ် ကယ်လီဖိုးနီးယားပြည်နယ်၊အော်ဘန်ပြည်နယ် မှာ အသက် ၁၄ နှစ်အရွယ် ရှီလေ၀ိုဖ်နဲ့ ၁၅ နှစ်အရွယ် စင်ဒီကော်လီယာတို့ ဟာ အော်ဘန်မှာရှိတဲ့ ကွန်ဒိုအခန်းပေါင်းများစွာကို ကြုံရာအခန်းကို တံခါးလိုက်ခေါက်ခဲ့ကြပါတယ်။တံခါးဖွင့်ပေးမိတဲ့ အသက် ၈၅ နှစ်အရွယ် မစ်စ်ဘရက်ကပ်ကို အကြိမ်ပေါင်းများစွာ ဓားနဲ့ထိုးခဲ့ကြပါတယ်။သူတို့နှစ်ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ Fun ဆိုတဲ့ ၁၉၉၄ မှာထွက်ရှိခဲ့ပြီး နာမည်ပေးဖြစ်ခဲ့ပုံက ရှီလ်လေရဲ့ ဒိုင်ယာရီမှာ ရေးထားတဲ့ စာကြောင်းတစ်ကြောင်းကြောင့်ဖြစ်ပြီး ” ဒီနေ့ စင်ဒီနဲ့ ကျွန်မအခန်းတွေကို တံခါးလျှောက်ခေါက်ခဲ့ပြီး အဖွားကြီးတစ်ယောက်ကိုသတ်ခဲ့တယ်။တော်တော်ပျော်ဖို့ကောင်းတာပဲ” ရေးခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
Eric Smith ဆိုသူကောင်လေးဟာ ၁၉၈၀ ဇန်န၀ါရီလ ၂၂ ရက်မှာ မွေးဖွားခဲ့သူဖြစ်ပြီး သူ့ရဲ ဆံပင်အနီရောင်၊မျက်မှန်နဲ့ သူရဲ့ နားရွက်တွေကြောင့် ကျောင်းမှာ အမြဲတမ်းအနိုင်အကျင့်ခံခဲ့ရသူ တစ်ယောက်ဖြစ်ပါတယ်။၁၉၉၃ ဩဂတ်လမှာ စမစ်ဟာ အသက်လေးနှစ်အရွယ်ရှိကလေးတစ်ယောက်ကို သတ်ခဲ့ပြီး သူရဲ့ခံပြင်းမူတွေကို လူသတ်ပြီး ပုံချခဲ့ပါတယ်။စမစ်ဟာ လူသတ်မူအတွက် ကလေးသူငယ်တွေအတွက် ပြစ်ဒဏ်အမြင့်ဆုံး အဖြစ် ၉ နှစ်ထောင်ဒဏ်ကျခံခဲ့ရပါတယ်။
Pomeroy ဟာ မက်ဆာချူးဆက်ပြည်နယ်သမိုင်းတစ်လျှောက်မှာ အသက်အငယ်ဆုံးလူသတ်သမားအဖြစ်စာရင်း ၀င်ခဲ့ပြီး ၁၈၅၉ ခုနှစ်မှာ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။လူငယ်တစ်ယောက်အနေနဲ့ ရန်ဖြစ်ပွားခြင်းများရှိခဲ့ပြီး အသက် ၁၄ နှစ်အရွယ်မှာတော့ အသက် ၁၀ နှစ်အရွယ်ကောင်မလေးတစ်ယောက်နဲ့ အသက် ၄ နှစ်အရွယ်ကောင်လေးတစ်ယောက်ကို ကိုယ်လက်အင်္ဂါတွေကို ဖြတ်ပြီး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ဒီအလေင်းတွေကိုတော့ Pomeroy ရဲ့ အမေအိမ်နောက်ဖေးမှာ တွေရှိခဲ့တာဖြစ်ပြီး ဒီပြစ်မူကြောင့် Pomeroy ဟာ ၁၉၃၂ သူသေဆုံးချိန်အထိ ထောင်ထဲမှာပဲနေထိုင်သွားရတာဖြစ်ပါတယ်။
1957 ခုနှစ်မှာမွေးဖွားခဲ့တဲ့ mary ဟာ အင်္ဂလိပ်လူမျိုးကောင်မလေးတစ်ယောက်ဖြစ်ပြီး ၁၉၆၈ ခုနှစ် သူမ အသက် ၁၁ နှစ်အရွယ်မှာ အသက် ၁၀နှစ်နဲ့  ၁၁ နှစ်အရွယ်ကောင်လေး ၂ယောက်ကို လည်ပင်းညစ်ပြီး သတ်ခဲ့တာဖြစ်ပါတယ်။သူမကို ထောင်ထဲမပို့ခင် သူသတ်ခဲ့တဲ့ကောင်လေးတစ်ယောက်ရဲ့ အခေါင်းကို ကြည်ရူ့ခွင့်တောင်းခဲ့ပါသေးတယ်။သူမဟာ ထောင်ကျခဲ့ပေမဲ့ ၁၉၈၀ ခုနှစ်မှာ ပြန်လွတ်လာခဲ့ပြီးတော့ နာမည်အသစ်ပြောင်းပြီး နေထိုင်ခဲ့ပါတယ်။
Joshua Philip ဟာ ၁၉၈၄ ခုနှစ်မှာမွေးဖွားခဲ့သူဖြစ်ပြီး အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာနေထိုင်သူဖြစ်ပါတယ်။အသက် ၁၄ နှစ်အရွယ်မှာ ဖိလစ်ဟာ အသက် ၈နှစ်အရွယ်အိမ်နီးချင်းကောင်မလေးတစ်ယောက်ကို သတ်ပြီး သူရေအိပ်ယာထဲမှာ ၀ှက်ထားခဲ့တာဖြစ်ပါတယ်။သူ့ရဲအမေဖြစ်သူဟာ ဖိလစ်ရဲ့ အိပ်ယာမှာရေတွေယိုစိမ့်ထွက်နေတာကို မြင်တော့မှ သူ့သားလူသတ်ခဲ့မှန်းသိခဲ့တာဖြစ်ပါတယ်။ဖိလစ်ဟာအဲ့ဒီအချိန်က အသက် ၁၆ နှစ်သာ ရှိသေးခဲ့တဲ့အတွက် သေဒဏ်က လွတ်ခဲ့ပြီး အခုအခါ တစ်သက်တစ်ကျွန်းထောင်ဒဏ်ကျခံနေရဆဲဖြစ်ပါတယ်။
Lumos(Shwemom)
Ref : The Line Up

ငယ်ငယ်ရွယ်ရွယ်မှာ လူသတ်သမားဖြစ်ခဲ့သော သမိုင်းထဲက ကလေးများ ငယ်ငယ်ရွယ်ရွယ်မှာ လူသတ်သမားဖြစ်ခဲ့သော သမိုင်းထဲက ကလေးများ Reviewed by Unknown on 11:28 AM Rating: 5

Post AD