Sign of the Times' သီချင်းဗီဒီယိုအတွက် ဟယ်လီကော်ပတာပေါ်ကနေ တွဲလောင်းခိုပြီး ရိုက်ကူးနေတဲ့ Harry Styles
ပရိသတ်တွေ မျှော်လင့်တကြီးစောင့်စားနေကြတဲ့ Harry Styles ရဲ့ တစ်ကိုယ်တော် ပွဲဦးထွက်သီချင်း 'Sign of the Times' အတွက် စိတ်လှုပ်ရှားမှုတွေက မလုံလောက်သေးလို့ အမြင့်ပေ ၁၀၀ မှာ ရှိတဲ့ ဟယ်လီကော်ပတာပေါ်ကနေ လေထဲမှာ တွဲလောင်းခိုနေတယ်ဆိုရင် ဘယ်လိုဖြစ်မလဲ တွေးကြည့်ပါ။
One Direction အဖွဲ့ဝင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်က ဒီတစ်ပတ်အစောပိုင်းက သူ့သီချင်းဗီဒီယိုအတွက် စကော့တလန်နိုင်ငံမှာရှိတဲ့ အစွန်အဖျားကျတဲ့ စိုက်ပျိုးမွေးမြူရေးမြေ ကမ်းရိုးတန်းပေါ်က ပျံဝဲပြီး ရိုက်ကူးနေတာဖြစ်ကြောင်း The Sun က သတင်းပို့ခဲ့ပါတယ်။
U.K. သတင်းစာမှာ ဖော်ပြထားတဲ့ Styles ရဲ့ ရိုက်ကွင်းပေါ်က ဓာတ်ပုံ တစ်ဒါဇင်လောက်ကို ကြည့်ပြီးပြောရရင် တော်တော်ကို အစွန်းရောက်တယ်လို့ ပြောရမှာပါ။
ပြီးခဲ့တဲ့တစ်ပတ်က 'Sign of the Times' သီချင်းက ဒီတစ်ပတ် သောကြာနေ့မှာ ထွက်ရှိမှာဖြစ်ကြောင်းကို artwork နှင့်အတူ လူမှုကွန်ယက်ပေါ်မှာ ကြေညာခဲ့ပါတယ်။
Sign of the Times' သီချင်းဗီဒီယိုအတွက် ဟယ်လီကော်ပတာပေါ်ကနေ တွဲလောင်းခိုပြီး ရိုက်ကူးနေတဲ့ Harry Styles
Reviewed by Unknown
on
10:01 PM
Rating:
Reviewed by Unknown
on
10:01 PM
Rating:


Post a Comment