Pixel ဖုန်းအလုံးရေ နှစ်သန်းကျော် ရောင်းချခဲ့ပြီးဖြစ်ကြောင်း Google ဆို
Google ဟာ Pixel ဖုန်းတွေရဲ့ အောင်မြင်မှုကို အားပါးတရ ရှိနေပါတယ်။ ထုတ်ပြန်ချက်တစ်ခုအရ HTC ကုမ္ပဏီနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ Pixel နဲ့ Pixel XL ဖုန်းသစ်တွေဟာ စုစုပေါင်း အလုံးရေ ၂.၁သန်းကျော်တင်ပို့ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
ဒီရောင်းချမှုဟာဆိုရင် Nexuses ဖုန်းတွေရဲ့ ရောင်းအားကို နှိုင်းယှဉ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် Apple ဒါမှမဟုတ် Samsung တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရောင်းအားကိုတော့ ကျော်တက်နိုင်ခြင်းမရှိသေးပါဘူး။
HTC အနေနဲ့ ဒီနှစ်ထဲမှာ ဆက်လက်ထွက်လာမယ့် Pixel 2 ဖုန်းသစ်ကိုလည်း ထုတ်လုပ်ဖို့အတွက် သတင်းပြေးနေပါတယ်။ ဒါပေမယ့် ၂၀၁၈ခုနှစ်မှာ ထုတ်လုပ်မယ့် Pixel 3 မော်ဒယ်ကိုတော့ LG, TCl နဲ့ Coolpad တို့နဲ့အတူ Google က တွဲဖက်လုပ်ဆောင်ဖို့ရှိနေတာပါ။
Google ဟာ နောက်ပိုင်းမှာ ခိုင်မာလာတဲ့ မိုဘိုင်းလ်ဖုန်းရောင်းအားကို ဆက်လက်တိုးမြှင့်နိုင်ဖို့ Supply Chain Management နဲ့ တခြား Distribution ပိုင်းတေါကို ပိုမိုဆောင်ရွက်နေကြောင်းလဲ သိရပါတယ်။
Pixel ဖုန်းအလုံးရေ နှစ်သန်းကျော် ရောင်းချခဲ့ပြီးဖြစ်ကြောင်း Google ဆို
Reviewed by Unknown
on
10:05 PM
Rating:

Post a Comment