မက်ဆီနဲ့နာမည်တူနေတဲ့ကလေးငယ်ကို IS အဖွဲ့က ဒဏ်ခတ်သည့်အနေဖြင့် ဖမ်းဆီးထိန်းသိမ်း
IS အဖွဲ့ဝင်တွေဟာ အသက် 3 နှစ်သာ ရှိသေးတဲ့ မက်ဆီလို့အမည်ရတဲ့ကလေးငယ်ကို ဒဏ်ခတ်သည့် အနေဖြင့် 2 နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ မက်ဆီဟာ အသက် 5 နှစ်ကို ရောက်နေပြီဖြစ်ပါ တယ်။
IS အဖွဲ့က ကလေးရဲ့ မိဘတွေကို ၎င်းတို့မရှုစိမ့်သည့် ဘာစီလိုနာနဲ့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီရဲ့နာမည် မပေးဖို့ (Hassan ဆိုတဲ့ အမည်ကိုသာ ပေးဖို့)သတိပေးတားမြစ်ချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းကို အရူးအမူးအားပေးတဲ့ မက်ဆီရဲ့ ဖခင်က IS ရဲ့ ခြိမ်းခြောက်မှုကို မသိကျိုးကျွန် ပြုခဲ့ပါတယ်။
ဒီအတွက် IS အဖွဲ့ဟာ ဒေါသပေါက်ကွဲပြီး 3 နှစ်အရွယ်သာရှိသေးတဲ့ကလေးကို မိခင်ရော အစ်မနဲ့အတူ ပြန်ပေးဆွဲကာ မတရားဖမ်းဆီး ချုပ်နှောင်ခဲ့ပါတယ်။ IS အဖွဲ့ဟာ ကလေးမိဘတွေဟာ ဆင်းရဲတယ်ဆိုတာ သိပေမယ့် မိသားစု ၀င်တွေကို ပြန်လိုချင် ရင် ငွေကြေးအမြောက်အများ ပေးရမယ်လို့ ညှစ်ခဲ့ပါတယ်။
မက်ဆီဟာ 2014 ခုနှစ်တုန်းကတည်း မိခင်၊ အစ်မနဲ့အတူ IS တွေ မတရားဖမ်းဆီးခံခဲ့ရတဲ့ ဓားစာခံအဖွဲ့မှာ ပါဝင်ခဲ့ပါ တယ်။ အခုအခါမှာတော့ မက်ဆီဟာ ပြန်လည်လွတ်မြောက်လာပြီး အီရက်ရှိ Dohuk ဒုက္ခသည်စခန်းမှာ မိသားစုနဲ့ ပြန် နေခွင့် ရနေပါပြီ။
IS တွေဟာ ယာဇီဒီလူမျိုးအများစုနေထိုင်သည့် ဆင်းဂျားဒေသကို 2014 ခုနှစ် သြဂုတ်လက အတင်းအဓမ္မ ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး၊ ကလေးနဲ့ အမျိုးသမီးပေါင်း သောင်းချီဖမ်းဆီးကာ ဓားစာခံပြုလုပ်ခဲ့ပါတယ်။ ၎င်းတို့အထဲမှာ ထောင်နဲ့ချီဟာ နည်းအမျိုးမျိုးကြောင့် လွတ်မြောက်လာကြပြီး၊ ၎င်းတို့လက်ထဲမှာ ကယ်ဆယ်ဖို့ ဓားစာခံ 3000 ခန့် ကျန်နေပါသေးတယ်။
နတ်စည်တော် (Shwemom)
source : dailymail.co.uk

Reviewed by Unknown
on
6:46 AM
Rating:
Reviewed by Unknown
on
6:46 AM
Rating:

Post a Comment