မြေပြိုမှု ဖြစ်ပွားခဲ့တဲ့ မြို့တွင် သခင်ယေရှုရဲ့ ပုံရိပ်ပေါ်လာကြောင်း မြို့ခံလူများယုံကြည်ကြ
ဧပြီလ ၁၇၊၁၈ ရက်တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှု ကြောင့် ကိုလံဘီယာနိုင်ငံ အနောက်ပိုင်း မန်နီဇေးလ်မြို့ (Manizales)မှာ လူပေါင်း ၁၇ ယောက် သေဆုံးခဲ့တဲ့အတွက် မြို့ခံလူများဝမ်းနည်းနေကြပြီး ဧပြီလ ၂၅ ရက်နေ့ မန်နီဇေးလ်မြို့ ဆန်ကန်စီယို တောင်တွင် တိမ်များရဲ့ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုကြောင့် ပုံရိပ်သဏ္ဍန် တစ်ခု ပေါ်ခဲ့ပြီး ကိုလံဘီယာ မြေပြိုမှုတွင် အသက်ရှင်ကျန်ရစ်သူများက ကောင်းကင်တွင်ပေါ်လာသည့် ပုံရိပ်ဟာ သခင်ယေရှုရဲ့ ပုံရိပ်ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။
ဒါ့အပြင် ထို သခင်ယေရှုရဲ့ ပုံရိပ်ဟာ မြေပြိုမှုမှာ ဆွေမျိုးသားချင်းများဆုံးပါးသွားခဲ့ကြတဲ့ သူများကို စိတ်သက်သာရာရစေရန် ထင်ရှားပြခြင်း ဖြစ်တယ် လို့ ယုံကြည်ကြပါတယ်။ကောင်းကင်မှာ တိမ်များနဲ့ နေရောင်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့ ပုံရိပ်ကို မာယာ ဒီ အီဆပ် ဆိုသူ အမျိုးသမီးဟာ ဗီဒီယို ရိုက်ကူးခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်ကို တင်ခဲ့ရာတွင် ဆိုရှယ် မီဒီယာ အသုံးပြုသူများက ပေါ်လာတဲ့ ပုံရိပ်ဟာ သခင်ယေရှုရဲ့ ပုံရိပ်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။
ဗီဒီယိုနဲ့အတူ ဒီ အီဆပ်ဟာ ” သခင်ယေရှုဟာ ကျွန်မတို့ရဲ့ ကိုလံဘီယာ မြို့လေးကို အလည်ကြွလာခဲ့ပါတယ်။သူဟာ ကျွန်မ တို့မြို့လေးကို ငြိမ်သက်ခြင်းပေးခဲ့ပြီး ကျွန်မတို့ ကို ဘုရားသခင်ရဲ့ ကောင်းကြီးသက်ရောက်ပါစေသော် ” လို့ရေးသားခဲ့ပါတယ်။ဗီဒီယိုထဲမှာ လူတစ်ယောက်ဟာ ” ဘုရားရေ ငါတို့ဘုရားက ငါတို့ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေကြောင့် လာနှစ်သိမ့်ပေးတယ်ကြည့်ကြစမ်း။မင်းတို့ရော မြင်ကြရဲ့လား။မတ်တပ်ရပ်ပြီး ကြည့်ကြစမ်း ” လို့အော်ဟစ်နေခဲ့ပါတယ်။
ဒီ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာများ ပျံနှံသွားခဲ့ပြီး မှတ်ချက်ပေးသူတစ်ယောက်ကတော့ ” ဘ၀မှာ နာကျင်ရတဲ့ အချိန်တွေမှာ လူအများဟာ ဘ၀မှာ ဆက်လက်နေထိုင်နိုင်ဖို့အတွက် သူတို့ကို မျှော်လင့်ချက်ပေးတဲ့ အရာတွေကို ယုံကြည်ချင်ကြတယ် ” လို့ရေးသားခဲ့ကြပါတယ်။
ကောင်းကင်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပုံရိပ်နဲ့ပါတ်သတ်ပြီး ထင်မြင်ချက် အမျိုးမျိုးပေးသူများရှိခဲ့ပြီး NASA မှာ ကမ္ဘာသစ်တစ်ခုတွေ့ရှိခဲ့လို့ ပုံရိပ်ပေါ်လာတာဖြစ်တယ်လို့ယုံကြည်သူ ဆန်းချက်ဇ်ကတော ” အရူးတွေပဲ။NASA ကလုပ်နေတဲ့ လျှို့ဝှက် စီမံကိန်းဖြစ်တဲ့ အပြာရောင် ရောင်ခြည်တန်းဆိုတာကို မကြားဖူးကြဖူးလား ” လို့ရေးသားခဲ့ပါတယ်။
တချို့သော ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကတော့ ဒီပုံရိပ်ဟာ တိမ်တွေကို ဖောက်ထွက်လာတဲ့ နေရောင်ခြည်တန်းကြောင့် ဖြစ်ပေါ်တာ ဖြစ်တယ် လို့ယုံကြည်ကြပြီး ” ဒီလို ပုံရိပ်ဖြစ်ပေါ်တာ မျိုးဟာ တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်လေ့ရှိတဲ့ သဘာဝ တရားပါ ” လို့ရေးသားခဲ့ကြပါတယ်။
Shwemom
Ref : The Sun

Reviewed by Unknown
on
4:34 AM
Rating:
Reviewed by Unknown
on
4:34 AM
Rating:

Post a Comment