ဖိလစ်ပိုင်ဘတ်စ်ကား လျှိုထဲကျ၊ ၂၅ဦးသေဆုံး
ဧပြီ ၁၈ – အင်္ဂါနေ့က တောင်ထူထပ်တဲ့ ဖိလစ်ပိုင်မြောက်ပိုင်းမှာ နက်ရှိုင်းတဲ့လျှိုကြီးတစ်ခုထဲကို ခရီးသည်တင် ဘတ်စ်ကား တစ်စီးထိုးကျသွားခဲ့တာကြောင့် ၂၅ဦးထက်မနည်းသေဆုံးပြီး ၂၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ၎င်းကားဟာ မွန်းလွဲပိုင်းမတိုင်မီက Nueva Ecija ပြည်နယ်အတွင်း လေထန်တဲ့လမ်းမှာမောင်းနှင်လာစဉ် ဘရိတ်မဖမ်းနိုင်ဘဲ ၂၄မီတာ (ပေ၈၀) လောက်အထိ ထိုးကျသွားခဲ့တာဖြစ်တယ်လို့ ရဲနဲ့သက်ဆိုင်ရာတာဝန်ရှိသူ တွေက ပြောပါတယ်။ “ကားကတော့ လုံးဝစုတ်ပြတ်သွားတယ်။
ခရီးသည်တွေအားလုံးနီးပါး အပြင်လွင့်ထွက်ပြီး သေတဲ့လူသေ၊ ဒဏ်ရာရတဲ့သူရ ဖြစ်ကုန်တယ်” လို့ Carranglan မြို့ ရဲတပ်ဖွဲ့အကြီးအကဲ ရောဘတ်ဒီဂူဇ်မန်း ကပြောပါတယ်။ မတော်တဆမှုရဲ့အကြောင်းရင်းကိုသက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပေမယ့် လူ ၄၅ယောက်သာ တင်ဆောင်နိုင်တဲ့ သည်ကားမှာ ခရီးသည်က အယောက် ၆၀ လိုက်ပါလာတာဖြစ်တယ်လို့ Carranglan မြို့တော်ဝန် မာရီအဘတ် က ပြောပါတယ်။
လမ်းက အရမ်းကိုအန္တရာယ်များပြီး Abra ကိုသွားတဲ့လမ်းတလျှောက်မှာ လျှိုတွေအများကြီးရှိတယ်လို့ သူက ထပ်ပြောပါတယ်။
YSD
Ref: AFP/ec,Apr-18,2017
ဖိလစ်ပိုင်ဘတ်စ်ကား လျှိုထဲကျ၊ ၂၅ဦးသေဆုံး
Reviewed by Unknown
on
5:04 AM
Rating:
Reviewed by Unknown
on
5:04 AM
Rating:


Post a Comment