အမျိုးသားတွေရော အမျိုးသမီးတွေပါ တစ်ယောက်တည်းနေရင် လုပ်တတ်တဲ့ ညစ်ညမ်းတဲ့ အရာများ
အများစုအတွက် ယုံကြည်ဖို့ ခက်ခဲမယ်လို့ ယူဆပါတယ်။ ဒါပေမယ့် မိန်းကလေးတွေရော၊ ယောင်္ကျားလေးတွပါ တစ်ယောက်တည်းနေတဲ့အချိန်မှာ ညစ်ညမ်းတဲ့အရာတွေ လုပ်လေ့ရှိကြပါတယ်။ ညစ်ညမ်းအရာတွေဆိုတော့ အားလုံးလန့်တော့မသွားပါနဲ့။ ဘေးနားမှာ ဘယ်သူမှမရှိတော့တဲ့အချိန် ဘယ်သူမဆို စိတ်လွတ်ကိုယ်လွတ် ပြုမူလုပ်ဆောင်လေ့ရှိတဲ့အရာတွေကို ပြောတာပါ။ ခုဖော်ပြမယ့် မိန်းကလေးတွေ တစ်ယောက်တည်းရှိချိန် လုပ်ဆောင်လေ့ရှိတဲ့ အရာတွေကိုပဲ ယောင်္ကျားလေးတွေလည်း လုပ်ဆောင်တတ်ကြပါတယ်။ ဥပမာ ပထမဆုံးအချက်လိုမျိုးပေါ့။ ၁။ ရေပန်းအောက်မှာ ဆီးသွားခြင်း သင့်ကောင်မလေးနဲ့ ရေအတူ ချိုးဖူးရင် သူမ အရမ်းသန့်ရှင်းနေသလို ဟန်ဆောင်နေခဲ့တာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့မှာ သူမ ရေပန်းအောက်မှာ အကြိမ်ကြိမ် သေးပေါက်ဖူးပါတယ်။ ယောင်္ကျားလေးတွေကရော မပေါက်ဘူးလို့ ထင်ပါသလား။ သူတို့လည်း ပေါက်မှာပါပဲ။ ၂။ အဝတ်မပါဘဲနဲ့ အိမ်မှုကိစ္စတွေပြုလုပ် မိန်းကလေးတွေဟာ အိမ်မှာ တစ်ယောက်တည်းနေဖို့ အခွင့်အရေးရတိုင်း အထူးဆန်းတစ်ခုခုလုပ်ဖို့ ကြိုးစားတတ်ပြီး အဲဒီထဲ ဝတ်လစ်စားလစ်နေတာက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အချက်အပြုတ်၊ သန့်ရှင်းရေး၊ ပန်းကန်ဆေး စတဲ့ အိမ်မှုဝေယျာဝစ္စတွေကို ဒီပုံပန်းအတိုင်း ဆောင်ရွက်ပါတယ်။ အမျိုးသားတွေလည်း တစ်ယောက်တည်း နေတဲ့အချိန် ဘာမှမ၀တ်ပဲ နေတဲ့လူတွေမှ အများကြီးပါ။ ၃။ ကိုယ့်အီးနံ့ကို လိုက်ရှူကြည့် အမျိုးသမီးတွေဟာ အမြဲတမ်း ကြိတ်ကြံပြီး လုပ်ဆောင်တတ်ကြပါတယ်။ အီးနံ့က သူမကို စူးစမ်းလိုစိတ်ဖြစ်စေတဲ့ အရာတစ်ခုပါပဲ။ သူမအတွက် လုံးဝစိတ်ဝင်စားစရာကောင်းပြီး သင့်အတွက်တော့ အနည်းငယ် ရွံစရာဖြစ်နိုင်ပါတယ်။ ဒါဆို ယောင်္ကျားလေးတွေကရော ကိုယ်ပေါက်လိုက်တဲ့ အီးနံ့မရှုဖူးဘူးလို့ ထင်ပါသလား။ ဒီလိုထင်ရင် အမှားကြီးမှားသွားမှာပေါ့။ ၄။ အိမ်သာခွက်ထဲ ကိုယ့်ဓမ္မတာသွေး ကိုယ်ပြန်ကြည့် ဒါက အင်မတန်ရွံဖို့ကောင်းပေမယ့် ဆီးနဲ့အတူ မိမိသွေးဘယ်လောက် စီးထွက်ခဲ့လဲ သိချင်စိတ်ပြင်းပြကြပါတယ်။ သူမ သင့်ကို ဒီအကြောင်းတွေ ပြောပြမှာ မဟုတ်ပါဘူး။ ဒီအချက်ကတော့ အမျိုးသားတွေကို ထည့်သွင်းပြောလို့မရတဲ့ အချက်ပါ။ ၅။ တွေ့သမျှ ဝက်ခြံတွေ လိုက်ညှစ် ၀က်ခြံထွက်တဲ့လူတွေတိုင်းကို လက်ကိုငြိမ်ငြိမ်ထားကြဖို့ အမြဲသတိပေးနေရတာပါ။ အဲဒီဝက်ခြံတွေညှစ်တာက အသားအရေ ပိုဆိုးစေမယ်ဆိုတာ သိပေမယ့် မညှစ်ဘဲ မနေနိုင်ကြပါဘူး။ မိန်းကလေးတွေဟာ မျက်နှာကိုတကိုင်ကိုင်လုပ်ပြီး ဝက်ခြံတစ်ခုညှစ်တိုင်း သူမ စိတ်အနည်းငယ်ကျေနပ်မှု ရရှိသလို ခံစားကြရပါတယ်။ ယောင်္ကျားလေးတွေလည်း ထိုနည်းတူပါပဲ။ အားတိုင်းမျက်နှာနဲ့ လက်နဲ့မခွာတမ်းထားတတ်ကြသူတွေ အများကြီးပါ။
Ref:youngisthan Trend Myanmar
Ref:youngisthan Trend Myanmar
အမျိုးသားတွေရော အမျိုးသမီးတွေပါ တစ်ယောက်တည်းနေရင် လုပ်တတ်တဲ့ ညစ်ညမ်းတဲ့ အရာများ
Reviewed by Unknown
on
5:03 AM
Rating:
Reviewed by Unknown
on
5:03 AM
Rating:


Post a Comment