Header AD

ဇနီးသည်အိန္ဒြာကျော်ဇင်အတွက် အကြိုမွေးနေ့ပွဲကျင်းပပေးခဲ့တဲ့ ပြေတီဦး

ဧပြီ ၂၄ ရက်တွင် ကျရောက်မည့် မွေးနေ့အတွက် ခင်ပွန်းဖြစ်သူက အကြိုမွေးနေ့ ကျင်းပပေးခဲ့ပြီး  အမာခံပရိသတ် များက ပြင်ဦးလွင်အထိ မွေးနေ့ လက်ဆောင်   ပို့ပေးခဲ့ကြောင်း အိန္ဒြာကျော်ဇင်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် အသိပေး ခဲ့သည်။
အိန္ဒြာကျော်ဇင်၏မွေးနေ့မ ကျရောက်မီ ဧပြီ ၂၃ ရက်ညပိုင်း က ပြင်ဦးလွင်တွင် ဇာတ်ကား ရိုက်ကူးရန်ရောက်ရှိနေသည့် ပြေတီဦးသည်    ဇနီးအတွက် ရှုတင်အဖွဲ့သားများနှင့်အတူ မွေး နေ့အကြိုပွဲစီစဉ်ခဲ့ပြီး Pyay Ti Oo & Eaindra Kyaw Zin Family ဖေ့စ်ဘွတ်ခ်မှ Live လွှင့်ခဲ့သည်။
‘‘အူဝဲရဲ့ မနက်ဖြန်မှ ရောက် မယ့်မွေးနေ့ကို ကိုပြေတီဦးက မွေးနေ့လုပ်ပေးတာပါ’’ဟု အဆိုပါ Live အစီအစဉ်တွင် အိန္ဒြာကျော် ဇင်က ပြောကြားသည်။
ယင်းမွေးနေ့ပွဲတွင် ၎င်းတို့ မိသားစုနှင့်အတူ ပြေတီဦးလက်ရှိ ရိုက်ကူးနေသည့် ‘ရွာခံအုပ်ကြီး’ ရုပ်ရှင်မှ ရုပ်ရှင်အဖွဲ့သားများ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ သည်။ ဧပြီ ၂၄ ရက်တွင် အိန္ဒြာ ကျော်ဇင်၏အမာခံပရိသတ်များ ဖြစ်သည့် Our Princess Eaindra Kyaw Zin အဖွဲ့က မွေးနေ့လက် ဆောင်၊ ပန်းစည်း၊ မွေးနေ့ကိတ် နှင့် ပုံတူပန်းချီကားတို့ကို မွေးနေ့ လက်ဆောင်ပို့ခဲ့သည်။
ယခုကျရောက်သည့်မွေးနေ့ သည် အိန္ဒြာကျော်ဇင်၏ အသက် (၄၀)ပြည့် မွေးနေ့ဖြစ်ကြောင်း ၎င်း၏ပရိသတ်အချို့က လူမှုကွန် ရက်တွင် ရေးသား၍ ဆုတောင်း ပေးထားသည်ကို တွေ့ရသည်။ မွေးနေ့လက်ဆောင်အဖြစ် အိန္ဒြာကျော်ဇင်တို့ မိသားစုအတွက် ရည်ရွယ်၍ ရုပ်သေးရုပ်လေးရုပ် ပါဝင်သည့် မွေးနေ့လက်ဆောင် နှင့်အတူ ပရိသတ်များနှင့် အိန္ဒြာကျော်ဇင်တွဲဖက်ရိုက်ကူးထား သည့်    ဓာတ်ပုံများကို   မွေးနေ့ လက်ဆောင်ပုံးတွင် အပြည့်ကပ် ထားသည်ကိုတွေ့ရသည်။
မွေးနေ့တွင် ပြင်ဦးလွင်သို့ ရောက်ရှိနေသော်လည်း လက် ဆောင်များကို ရောက်အောင် ပို့ ပေးသည့် ပရိသတ်များကို ကျေး ဇူးတင်ကြောင်း Pyay Ti Oo & Eaindra Kyaw Zin Family ဖေ့စ်ဘွတ်ခ်မှ Live လွှင့်ရာ၌ ပြော ကြားသည်။

ဇနီးသည်အိန္ဒြာကျော်ဇင်အတွက် အကြိုမွေးနေ့ပွဲကျင်းပပေးခဲ့တဲ့ ပြေတီဦး ဇနီးသည်အိန္ဒြာကျော်ဇင်အတွက် အကြိုမွေးနေ့ပွဲကျင်းပပေးခဲ့တဲ့ ပြေတီဦး Reviewed by Unknown on 8:18 AM Rating: 5

Post AD