အခုနှစ် ပထမ ၄ လတာ အတွင်းတရုတ်စီးပွားရေးတိုးတတ်လာ
တရုတ် နိုင်ငံရဲ့ စီးပွားရေးဟာ အခုနှစ် ပထမ ၄ လတာ အတွင်း ၆.၉% တိုးတက် ခဲ့တယ်လို့ တရုတ် အစိုးရက ပြောပါတယ်။
ဒါ့ကြောင့် နှစ်ချုပ်တဲ့အခါ ပိုလို့တောင် အခြေအနေ ကောင်းနိုင်တယ်လို့ မျှော်လင့် ရတဲ့အတွက်၊ ဒါဟာ ၂ဝ၁၅ နောက်ပိုင်း တရုတ် စီးပွားရေး အခိုင်မာဆုံး တိုးတက် လာတာ ဖြစ်ပါတယ်။
တရုတ် အစိုးရက တိုင်းပြည်ရဲ့ အခြေခံ အဆောက်အဦတွေ တည်ဆောက်ရာမှာ ငွေကြေး ပုံအော သုံးစွဲ ခဲ့တာရဲ့ အကျိုးဆက် အဖြစ် ကုန်ထုတ် လုပ်ငန်းတွေနဲ့ အိမ်ရာမြေ ဈေးကွက် ပိုမို ဖွံ့ဖြိုး လာတာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
အမေရိကန်ပြီးရင် ကမ္ဘာ့ စီးပွားရေး အင်အား အကြီးဆုံး ဖြစ်နေတဲ့ တရုတ် နိုင်ငံဟာ အိုဟောင်းပြီး၊ စိတ်မချရတဲ့ စီးပွားရေး ပုံစံဟောင်း တွေ အပေါ် မှီခို လွန်းနေတယ် ဆိုတဲ့ သတိပေးမှု တွေလည်း ရှိနေပါတယ်။
by BBC Burmese

Reviewed by Unknown
on
8:23 PM
Rating:
Reviewed by Unknown
on
8:23 PM
Rating:

Post a Comment