Header AD

မြောက်ကိုရီးယားအနီးပင်လယ်ပြင်သို့ နောက်ထပ်လေယာဉ်တင်သင်္ဘောကြီး ၂စင်းထပ်မံစေလွှတ်ထားဟု အမေရိကန်သတင်းများကဖေါ်ပြ - - -



စစ်ရိပ်စစ်ငွေ့ များလွှမ်းခြုံနေသော ကိုရီးယားကျွန်းဆွယ်ဒေသရှိ အထီးကျန်မြောက်ကိုရီးယားနိုင်ငံ အနီးဝန်းကျင်တွင် စစ်အင်အားထပ်မံအားဖြည့်သည့်အနေဖြင့် နျူကလီယားစွမ်းအင်သုံးလေယာဉ်တင်သင်္ဘောကြီးများဦးဆောင်သော တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စု ၂အုပ်စုထပ်မံစေလွှတ်လိုက်သဖြင့် မြောက်ကိုရီးယားရဲ့ အရှေ့ နှင့်အနောက်ဖက်ပင်လယ်ပြင်တွင် စုစုပေါင်း အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုကြီး ၃အုပ်စုအထိ ၀န်းရံတပ်စွဲထားမည်ဟုဆိုပါတယ်။
ကနဦးစေလွှတ်ခဲ့သော အမေရိကန်လေယာဉ်တင်သင်္ဘောကြီး USS Carl Vinson (CVN-70) ဦးဆောင်သော တိုက်ခိုက်ရေးအုပ်စုကြီးအပြင် USS Nimitz (CVN-68) နှင့် USS Ronald Reagan (CVN-76) နျူကလီယားစွမ်းအင်သုံးလေယာဉ်တင်သင်္ဘောအုပ်စုကြီးများကို အမေရိကန်ရေတပ်မှထပ်မံစေလွှတ်တပ်စွဲစေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကြားထဲမှာ အမေရိကန်တို့ ရဲ့ တိုက်ခိုက်ရေးစစ်သင်္ဘောကြီးအုပ်စု-၁ (CSG-1)ကိုဦးဆောင်သည့် လေယာဉ်တင်သင်္ဘောကြီး USS Carl Vinson ရဲ့ လမ်းကြောင်းကိုခြေရာခံဖို့ အတွက် ရုရှားနှင့်တရုတ်ရေတပ်တို့ က သူတို့ ရဲ့ ခေတ်အမှီဆုံးရေဒါစနစ်သူလျှိုသင်္ဘောများ စေလွှတ်နောက်ယောင်ခံလိုက်နေတာကိုတွေ့ ရှိရသဖြင့် ဂျပန်နှင့်တောင်ကိုရီးယား ရေတပ်တို့ က အင်အားဖြည့်တင်းပြီးပိုမိုစောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။
Dr.Myo Tun
မြောက်ကိုရီးယားအနီးပင်လယ်ပြင်သို့ နောက်ထပ်လေယာဉ်တင်သင်္ဘောကြီး ၂စင်းထပ်မံစေလွှတ်ထားဟု အမေရိကန်သတင်းများကဖေါ်ပြ - - - မြောက်ကိုရီးယားအနီးပင်လယ်ပြင်သို့ နောက်ထပ်လေယာဉ်တင်သင်္ဘောကြီး ၂စင်းထပ်မံစေလွှတ်ထားဟု အမေရိကန်သတင်းများကဖေါ်ပြ - - - Reviewed by Unknown on 9:08 PM Rating: 5

Post AD