ဆင်းရဲပေမဲ့ အိမ်ယာမဲ့လူများကို ဘဲဥပေါင်း ၁၀၀၀ ကျွေးမွေးခဲ့တဲ့ အိန္ဒိယ မိသားစု
အိန္ဒိယ မိသားစုတစ်ခု ဘဲဥ ၁၀၀၀ခန့်ကို ချက်ပြုတ်နေတဲ့ ဗီဒီယို တစ်ခုဟာ အိန္ဒိယ နိုင်ငံ မှာ ရေပန်းစားနေပါတယ်။ပထမတော့ ထိုဗီဒီယိုဟာ သာမန်ဟင်းချက်ပြုတ်နည်း ဗီဒီယို တစ်ခုလိုသာ ဖြစ်နေပေမဲ့ နောက်ပိုင်း အိန္ဒိယ မိသားစုရဲ့ သဒ္ဓါ တရားဟာ မြင်ရသူတိုင်း လေးစားစရာတစ်ခု ဖြစ်ခဲ့ပါတယ်။
အိမ်ယာမဲ့ လူတွေဟာ နိုင်ငံတိုင်း အတွက် ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်နေပြီး အိန္ဒိယ လို လူဦးရေ ထူထပ်တဲ့ နိုင်ငံ မျိုးမှာ အိမ်ယာမဲ့ လူဦးရေဟာ များပြားလှပါတယ်။အိမ်ယာမဲ့ များဟာအစာစားစရာမရှိတဲ့ အတွက် လမ်းပေါ်မှာ ပဲ သေဆုံးသွားကြပြီး နေပူ မိုးရွာ ကျောခင်းစရာနေရာတောင် မရှိတဲ့သူတွေ ဖြစ်ကြပါတယ်။ဒါပေမဲ့ အိမ်ယာမဲ့ လူတွေရဲ့ ဒုက္ခတွေကို မိမိဒုက္ခလို ခံစားပေးတတ်တဲ့ ယခု အိန္ဒိယ မိသားစုတွေလည်း အိမ်ယာမဲ့တွေကို တတ်နိုင်သလောက် ကူညီပေးတာကို မြင်ရတာဟာ ပီတိ ဖြစ်စရာပဲ ဖြစ်ပါတယ်။
ဒီဗီဒီယိုကို Youtube Channel တစ်ခု ဖြစ်တဲ့ Village Food Factory မှဖော်ပြခဲ့တာ ဖြစ်ပြီး ဗီဒီယိုထဲမှာ အိန္ဒိယ မိသားစုတစ်စုဟာ ဘဲဥ တစ်ထောင်ခန့်နဲ့ ကြက်သွန်နီ၊ငရုတ်သီးများနဲ့ ဟင်းချက်ပစ္စည်းများကို ပြင်ဆင်နေပါတယ်။ပြင်ဆင်ပြီးတဲ့ အခါမှာ ဟင်းချက်ပစ္စည်းတွေကို ဒယ်အိုးကြီးတစ်ခုထဲ ရောထည့်လိုက်ပြီး ဘဲဥကြော်နေကြတာ ဖြစ်ပါတယ်။အစ ပထမပိုင်းမှာ မိသားစု ပျော်ပွဲရွှင်ပွဲတစ်ခု ပြင်ဆင်နေတယ် လို့ထင်ရပေမဲ့ နောက်ပိုင်းမှာ အိမ်ယာမဲ့ လူတွေကို တကူးတက ထမင်းထုတ်ဝေပေးခဲ့တာ ဖြစ်ပါတယ်။
ဒီဗီဒီယိုလေးကို ကြည့်ရှုကြတဲ့ အင်တာနက် အသုံးပြုသူတွေကတော့ ဆင်းရဲတဲ့ သူတွေကပဲ ဆင်းရဲတဲ့သူတွေကို ကူညီကြတယ် လို့မှတ်ချက်များရေးသားခဲ့ပြီး ဘယ်လောက်ဆင်းရဲဆင်းရဲ ရှိသမျှကို အခြားသူတွေအတွက် ကူညီပေးရဲတဲ့ ထိုမိသားစုကို လေးစားကြောင်းပြောဆိုခဲ့ကြပါတယ်။
Credit: Shwemom
Ref : Viral For Real

Reviewed by Unknown
on
8:23 AM
Rating:
Reviewed by Unknown
on
8:23 AM
Rating:

Post a Comment