အင်းစိန်မြို့နယ် တွင် စိတ်ကြွရူးသွပ်ဆေးပြား များဖမ်းဆီးရမိ
မင်းထက်လွင် မောင်းနှင်လာသည့် Toyota Success မော်တော်ယာဉ် ရောက်ရှိလာသဖြင့် မော်တော်ယာဉ်နှင့် ဝင်းကိုတို့အားရှာဖွေရာ ဝင်းကို၏ ခန္ဓာကိုယ် ပေါ်တွင် မူးယစ်ဆေးဝါး မတွေ့ရှိသော်လည်း မင်းထက်လွင် လက်ထဲရှိ စီးကရက်ဘူးခွံအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၅ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့ပါသည်။
စစ်ဆေးချက်အရ Toyota Success မော်တော်ယာဉ်ပေါ်လိုက်ပါလာသူ ထွန်းထွန်းဝင်း က ဝင်းကို ထံသို့ စိတ်ကြွဆေးပြားများ ပို့ဆောင်ပေးရန် စေခိုင်းပြီး ထွန်းထွန်းဝင်း မှာ သီရိမြိုင် လမ်းထိပ်တွင် မော်တော်ယာဉ်ပေါ်မှ ဆင်းကျန်နေခဲ့ကြောင်းသိရှိရသည်။
ပူးပေါင်းအဖွဲ့သည် ထွန်းထွန်းဝင်းအား သွားရောက်ဖမ်းဆီးခဲ့ပြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ အုပ်စု (၄/က)၊ သီရိမြိုင်လမ်း၊ တိုက်(၆၁)ရှိ ထွန်းထွန်းဝင်း၏ နေအိမ်ကိုဆက်လက်ရှာဖွေရာ နေအိမ် အောက်ထပ် အိမ်သာအပေါ်ဘက်စင်ပေါ်ရှိ ပလတ်စတစ်ဘူးအတွင်းမှ ကပ်ခွာအိတ်များဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြားကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
မင်းထက်လွင် (၂၃) နှစ်၊ ဝင်းကို (၁၉) နှစ်၊ ထွန်းထွန်းဝင်း (ခ) တာကော (၃၆)နှစ် တို့ ၃ ဦး အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
Credit : Sunthit

Reviewed by Unknown
on
8:25 AM
Rating:
Reviewed by Unknown
on
8:25 AM
Rating:

Post a Comment