ဖိလစ်ပိုင် မှ အဆုံးအစမဲ့ နက်သော ထူးဆန်းသော မြစ်ငယ်
ဖိလစ်ပိုင် နိုင်ငံ အရှေ့ မြောက်ပိုင်းက Hinatuan မြို့ ငယ်မှာ ရှိတဲ့ မြစ်တစ်ခု ရဲ့  တစ်နေရာမှာပါ။ Enchanted River လို့ခေါ်ပါတယ်။ ချောင်း အရွယ်လောက် ပဲ ရှိပါတယ်။
သူ့မှာထူးခြားချက်တွေ အများကြီးပါ။ သူ့ အနက်ဘယ်လောက် ရှိတယ် ဆိုတာ ဘယ် သိပ္ပံပညာရှင် မှ မခန့်မှန်းနိုင်ပါဘူး။ ရေငုပ်သမားက အစ လေ့လာမှု ပြုလုပ်ပေမယ့် အောက်အထိ မဆင်းနိုင်ခဲ့ပါဘူး။ သူ့အနက် အင်မတန် ရှည်လျားလို့ ဖြစ်ပါတယ်။ ရေ ကလည်း အပြာရောင် သန်းနေတော့ အောက် ကိုလည်း တော်တော်နဲ့ မဆင်းရဲ ကြပါဘူး။ အပေါ်မှာတော့ ရေ ကစားသူ များပါတယ်။
ရေကူးကြပါတယ်။ သို့ပေမယ့် ညနေ ရောက်ရင် အားလုံး ရေ ထဲမှ ထွက်ရ ပါတယ်။ ညဘက်ရောက်ရင် ငါးများပေါ်ထွက်လာပြီး ရေပေါ်မှာ ကစား ကြလို့ ဖြစ်ပါတယ်။ ရေပေါ်ခုံလိုက်၊ ကူးခတ်လိုက်လုပ်နေတဲ့ ငါးများ၊ အပြာရောင်လက်လက်ရေများကြောင်း ညတိုင်း လာရောက်ကြည့်ရှုသူ များပြီး အပန်းဖြေ စရာ နေရာတစ်ခု ဖြစ်ကြောင်း သိရ ပါတယ်။
Credit : Search myanmar

Reviewed by Unknown
on
11:51 AM
Rating:
Reviewed by Unknown
on
11:51 AM
Rating:

Post a Comment