Header AD

ကျိန်စာသင့်ရွာကလေး


ည ၂ နာရီ
လင်းထိန်နေသော လရောင်အောက်မှာ အိပ်မောကျနေသောမန်ကျည်းတောရွာကလေး ထိုရွာကလေးဆီသို့ မကြာမီအချိန်အတွင်း ကံကြမ္မာဆိုးဝင်လာတော့မည်ကိုမည်သူမှ မသိကြပါချေ

'' ဝုန်းးးးးးးး ''

'' ဘာသံလဲဟ ''

'' ကမ်းပါးပြိုတာ ပြေးကြဟေ့ ပြေးကြ ''

ရွာရှေ့ပိုင်းက လူတွေရဲ့အော်သံဟစ်သံတွေနဲ့ကမ်းပါးပြိုသံကြီးက ကြောက်မက်ဖွယ်ကောင်းလှတော့သည် ဘာပစ္စည်းမှမယူနိုင် ကိုယ့်အသက်ကိုလု၍သာပြေးကြရတော့သည်

မြစ်ကြီးက တစ်ရွာလုံးအားဝါးမြိုသွားသော်လည်း ကံကောင်းသည်က ဘယ်သူမှအသက်မသေကြ ညတွင်းချင်းပင်တစ်ရွာလုံး အိုးမဲ့အိမ်မဲ့ဘဝရောက်ခဲ့ရတော့သည် ကြိုတင်မမြင်နိုင်သောအနာဂတ်ပေတည်း

ထိုအချိန်က ရွာဦးကျောင်း ဦးဇင်းကလည်း ရန်ကုန်သို့ခရီးလွန်နေသဖြင့် ရွာသားများခိုကိုးရာမဲ့နေကြ၏ ဒီအတိုင်းလည်းနေဖို့မဖြစ်နိုင်တာကြောင့် ကမ်းပါးနဲ့မနီးမဝေး ရွာတည်အခြေချဖို့ ဖြစ်နိုင်တဲ့နေရာလေးကိုရွေးချယ်လိုက်ကြတယ်
ရွာသားများတက်ညီလက်ညီနဲ့ သစ်ခုတ်ဝါးထောင်ကာ
ရွာလေးတစ်ရွာဖန်တီးလိုက်ကြ၏

တောသူတောင်သားများဖြစ်ကြသည်နှင့်အမျှ
အကြမ်းပတမ်းခံနိုင်လေသည်
ရွာပတ်ဝန်းကျင်မှာရှိတဲ့
မြေကွက်လပ်များကို လယ်ယာအဖြစ်ပြောင်းလဲလိုက်ကြသည်

ကံလိုက်သည်လား အဆိုးထဲက
အကောင်းလားတော့မသိ သီးနှံများအောင်ကြသည်
အဖြစ်ရွာလေးလည်းတဖြည်းဖြည်းနဲ့ရွာငယ်အဖြစ်
ရုပ်လုံးပေါ်လာလေပြီ ရွာဦးကျောင်းဆရာတော်လည်းမကြာခင်ကပင်ပြန်ရောက်၍ ရွာအဝင်မှာ ကျောင်းတစ်ကျောင်းတောင်ဆောက်လုပ်လှူဒါန်းကြပြီးပြီ

ဘာလိုလိုနဲ့ရွာပြောင်းဖြစ်တာတောင် တစ်နှစ်ကျော်ကျော်ရှိလာခဲ့လေပြီ ရွာသားများဤမြေနှင့်အကျိုးပေးကြသည် စိုက်သမျှ သီးနှံမအောင်သည်မရှိ မြစ်ကမ်းနားနီးသည်မို့ မြေခံမြေဆီလွှာက ကောင်းပြီးသား
မြေကြီးက ရွှေသီးသလိုမျိုး

သို့သော်ငြား ထိုကံကောင်းမှုကကြာရှည်မခံပါချေ
ရွာလေးဆီသို့ ကြမ္မာဆိုးများက ထပ်မံဝင်ရောက်လာပြန်တော့သည်
အဖြစ်ကတော့ ရွာထဲရှိလူများ အသေအပျောက်များလာခြင်းပင်ဖြစ်သည်
ပထမ ရွာမြောက်ပိုင်းက အမေကြီးဆုံးသည်
ရောဂါဘာညာ နဲ့သေသည်မဟုတ်သော်လည်း လူကြီးပိုင်းမို့ လူကြီးရောဂါနှင့်တိမ်းပါးကြသည်ဟုယူဆကြသည်

နောက်တယောက်ပြီးတယောက် အသေအပျောက်များလာသည် ဘာရောဂါထွေထွေထူးထူးလဲမဟုတ်ဘဲ
၇ ရက်အတွင်းကိုသေသူ၇ ယောက် တစ်ရက်တယောက်နှုန်းနဲ့သေနေသလားအောက်မေ့ရသည်အထိထူးခြားသည်က သေသည့်သူများက ထူးထူးခြားခြား မျက်လုံးအပြူးသားနဲ့ ခန္တကိုယ်နေရာအနှံ့ထုထောင်းထားသည့်အလား အညိုအမည်းကွက်ကြီးများဖြင့်

ကြာတော့ ရွာလူများလည်းသံသယဝင်လာတော့သည်
ဘာကြောင့်ရယ် အတိအကျမပြောနိုင်ပေမယ့် လန့်စပြုလာကြပြီ ညဘက်ဆိုရွာလယ်လမ်းမပေါ်မှာထူးထူးခြားခြား အသံများကြားရတတ်သည် မှောင်စပျိုးတာနဲ့ ရွာထဲမှာလူမရှိတော့ အိမ်ထဲဝင်တံခါးပိတ် မီးပိတ်တစ်ရွာလုံးတိတ်ဆိတ်ငြိမ်သက်လို့ ညအချိန်ရောက်လာပြီဆိုတာနဲ့ ရွာထိပ်ကနေခွေးတွေအဆက်မပြတ
်ဟောင်သံများထွက်ပေါ်လာတော့သည်
တချို့လူများက အိမ်ထဲမှချောင်းကြည့်ကြရာ မည်းမည်းကောင်ကြီးနှစ်ကောင်က ရွာလယ်လမ်းမမှာ လျှောက်သွားနေကြသည်ကိုတွေ့ရသည်ဆို၏
တစ်ရွာလုံးလဲ ထိပ်လန့်တုန်လှုပ်လျက်

ဒီကနေ့လည်းထူးထူးခြားခြား ရွာတောင်ပိုင်းက အရီးဒေါ်အေးကြွယ်က ညဘက် အပေါ့အပါးဆင်းသွားရင်း သူ့ခြံနောက်ဖက်မှာ
မည်းမည်းကောင်ကြီးတွေက သူ့ကိုဆွဲခေါ်ကြတယ်ဆိုလား သူ့အော်သံကြားတော့ အိမ်သားတွေက ဆင်းကြည့်ရာမှာ မြေကြီးပေါ်၌ခြစ်ရာကုတ်ရာများဖြင့် မေ့မြောနေသော အရီးဒေါ်အေးကြွယ်ကိုတွေ့ရသည့်အကြောင်းပင်
ရွာသားတွေလည်းမျက်မြင်မဟုတ်သော်လည်း
ကုတ်ခြစ်ရာများဖြင့် ကယောင်ကတမ်းစကားတွေပြောနေသော အရီးဒေါ်အေးကြွယ်ကိုကြည့်ပြီးလန့်နေကြရသည်

မြို့က ဆရာဝန်သွားခေါ်နေတုန်းမှာပင် နောက်တနေ့ညနေပိုင်းတွင် အရီးဒေါ်အေးကြွယ်တယောက် မျက်လုံးပြူးကြီးဖြင့်


ဆိုပြီး အိပ်ရာပေါ်တွင်လူးလိမ့်လျက် ဘေးနားကလူများကလဲဘာလုပ်ရမှန်းမသိအနားလည်းကပ်လို့မရ
ခဏအကြာတွင် လူးလိမ့်နေတဲ ဒေါ်အေးကြွယ်တယောက် မျက်လုံးကြီးပြူးကာ အသက်ထွက်သွားတော့သည်
အရီးဒေါ်အေးကြွယ်သေအပြီးနာရီအတော်ကြာကာမှ
သူမ၏လည်ပင်းပေါ်တွင် အညိုအမည်းရာကြီးတစ်ခုပေါ်လာတော့သည်

ထိုအကြောင်းအရာက ညတွင်းချင်းပျံ့နှံ့သွားပြီး အရီးဒေါ်အေးကြွယ်အား သရဲသတ်သည်ပြောသူကပြော
်ပြောနေကြသည် တဖြည်းဖြည်းသတင်းကပျံ့နှံ့သွားပြီး
ရွာဦးကျောင်း ဦးဇင်းနားအထိပေါက်သွားတော့သည်

ဦးဇင်းကိုယ်တိုင်လည်း ဒီအကြောင်းနဲ့ပတ်သတ်လို့သိပ်မသင်္ကာ ဒီအကြောင်းကိုစုံစမ်းဖို့ ရွာဘက်ထွက်လာခဲတော့သည်
ရွာကျောင်းနှင့် ရွာအတော်လှမ်းသေးသည်
ရွာထဲရောက် အသုဘအိမ်သို့သွား အသုဘရှုပြီးသော် တစ်ပါးတည်းအတွေးပေါင်းစုံတို့ဖြင့် ကျောင်းကိုပြန်လာခဲ့တော့သည်
ဒကာမကြီး ဒေါ်အေးကြွယ်သေဆုံးသည့်အဖြစ်က ထူးဆန်းနေသည်တော့အမှန် ဂမ္ဘီရ အဖြစ်များနှင့်အမှန်တပယ်ပင်ဆက်စပ်နေရော့သလား

ရွာထဲကထွက်လာတော့ ညနေအတော်ပင်စောင်းနေပေပြီ
ရွာပြင်ကုက္ကိုလ်ပင်နားရောက်တော့ စိတ်ထဲမသိုးမသန့်
ခံစားလိုက်ရတယ် လမ်းကိုခပ်သုတ်သုတ်လျှောက်ရင်း
နောက်ကနေထပ်ချပ်မကွာလိုက်လာတဲ့
ခြေသံကိုကြားနေရတယ် ကုက္ကိုလ်ပင်ကျော်ခါနီးတော့
အနောက်ကနေ ကြက်သီးထဖွယ်ကတုန်ကယင်သံ
တစ်သံပေါ်ထွက်လာတယ်

'' ဆရာတော် ဘုရား ရပ်တော်မူပါဦး ဘုရား ''

ဦးဇင်းနောက်ပြန်လှည့်ကြည့်လိုက်တော့ မည်းမည်းကောင်တစ်ကောင်က မြေကြီးပေါ်မှာ ဒူးထောက်လက်အုပ်ချီနေဟန် ကြည့်နေဆဲမှာပင် ကုက္ကိုလ်ပင် ပေါ်မှမည်းမည်းကောင်များ တကောင်ပြီးတကောင်ဆင်းလာကြတော့သည်
စိတ်ထင် အကောင်နှစ်ဆယ်ကျော်လောက်တော့ရှိမယ်ထင်သည်

'' ပရလောကသားတွေပါလား ရွာထဲမှာဖြစ်ပျက်နေတဲ့ကိစ္စတွေက ဒကာကြီးတို့နဲ့များ သက်ဆိုင်နေကြသလား ''

'' အကြောင်းရှိလို့ အကျိုးဖြစ်တာပါ ဘုရား ဒီရွာဟာ တပည့်တော်တို့ရဲ့ရွာဟောင်းပါ ရွာထဲကမြေနေရာတွေလည်း ယခင်က တပည့်တော်တို့အပိုင်ပါ ဆရာတော်တို့ရွာပြောင်းလာတဲ့အပေါ်မှာ ဘာမှဒုက္ခမပေးချင်ပေမယ့် ရွာသားတွေက တနေ့တခြား ပိုပိုဆိုးလာကြပါတယ် ဒါကြောင့် ဒီမြေနေရာက တပည့်တော်တို့အပိုင်မှန်းသိအောင် အမျိုးမျိုးခြောက်လှန့်ပြပြီး ရွာကပြောင်းပြေးစေချင်မိပါတယ် ဒါပေမယ့် တပည့်တော်တို့ထဲမှာ အင်အားကြီးတဲ့ သုံးလေးကောင်ရှိပါတယ် သူတို့ကိုခြောက်လှန့်ရုံပဲ ခိုင်းထားပေမယ့် သူတို့က ခြောက်လှန့်ရုံမက လူသေတဲ့အထိပါကြံစည်ကြပါတယ် သူတို့ကို တပည့်တော်တို့မနိုင်တော့ပါဘူး ဘုရား အဲ့ဒါကြောင့် ဆရာတော့်ကိုအကူညီတောင်းရတာပါ ''

'' ဦးဇင်း နားလည်ပါပြီ ဒကာကြီးတို့ကိုရော ဘာများလုပ်ဆောင်ပေးရမလဲ ဒကာကြီးတို့ရွာနဲ့ပတ်သတ်ပြီးတော့ ''

'' ရွာထဲမှာ အရင်ရွာသားတွေရဲ့အရိုးစုတွေရှိနေပါသေးတယ် အဲ့ဒါတွေကိုတူးယူပြီး တပည့်တော်တို့အတွက် နေစရာတစ်ခုခုဖန်တီးပေးဖို့ တောင်းဆိုချင်ပါတယ် ဘုရား ''

'' ကောင်းပါပြီ ဒကာတို့ မနက်မိုးလင်းတာနဲ့ရွာလူကြီးတွေနဲ့တိုင်ပင်ပြီး စီစဉ်ဆောင်ရွက်ပေးပါ့မယ် ကဲခုတော့ ဦးဇင်းကိုခွင့်ပြုဦး ''

မနက်မိုးလင်းတာနဲ့ရွာလူကြီးတွေကို
အကျိုးကြောင်းပြောပြပြီး သေသူတွေရဲ့အိမ်ဝင်းထဲမှာလိုက်တူးတော့
အရိုးစုတွေ ပုပ်နဲ့တစ်လုံးနီးပါး ရခဲ့တယ် အဲ့ဒီ့အရိုးစုတွေ ကိုရွာနဲ့
ခပ်ဝေးဝေးနေရာတစ်ခု
( ယခုဂိုဒေါင်အမှတ် ၁၃ နေရာနား )မှာ
မြုပ်နှံပြီး အရင်ရွာသားတွေအတွက်
သချို င်္င်းတစ်ခု ဖန်တီးပေးလိုက်ရတော့တယ် အဲ့ဒီ့နောက်ပိုင်း ရွာမှာ အခြောက်အလှန့်နဲသွားသလို လူအသေအပျောက်များတာတွေ
လည်းမရှိတော့ဘဲ ရွာလေးက အရင်လိုပဲသာသာယာယာပြန်ဖြစ်သွားပါတယ်

( ယခင်ရေးသားခဲ့ဖူးသော ဂိုဒေါင်အမှတ် ၁၃ ရဲ့ အဓိကအပိုင်း မန်ကျည်းတောရွာအကြောင်းလေးပါ )

ပြီးပါပြီ
written by Yin Nyein Aye

ကျိန်စာသင့်ရွာကလေး ကျိန်စာသင့်ရွာကလေး Reviewed by Unknown on 11:57 AM Rating: 5

Post AD