မကောင်းမှုဟူသည်
စိမ်းရွှင်ရွှင်ရနံ့တွေကြား ညီသုတ သတိရလာတော့ သွေးအိုင်ထဲမှာ သွေးကသူ့သွေးမဟုတ် မနေ့ညကပျော်ပါးရန် KTVမှခေါ်လာခဲ့သော ဖူးသစ်ဝေဆိုတဲ့မိန်းကလေး
ဘာတွေဘယ်လိုဖြစ်ကုန်သည် မသိ မနေ့က သူဆေးအလွန်ကျွံသုံးမိသည်ကို သာသတိရသည် သူအလန့်တကြားမတ်တပ်ထရပ်လိုက်တော့ လက်ထဲမှာ ပစ္စည်းတစ်ခုကိုင်ထားသည်ကိုေ တွ့လိုက်ရသည် ညီသုတ သွေးပျက်ခြောက်ခြားသွားမိသည် သွေးအိုင်ထဲမှာ လဲကျသေဆုံးနေတဲ့မိန်းကလေးရဲ့ ကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်တွေက သူ့လက်ထဲမှာကိုင်ထားတဲ့ ဓားရာများဖြစ်နေသည်ကို သူကိုယ်တိုင်သာသိသည် သွားပြီ လုံးဝသွားပြီ အမှားကြီးတစ်ခုကိုကျုးလွန်လိုက်မိပြီ ရူးမတတ်ဖြစ်နေတဲ့ စိတ်ကိုထိန်းချုပ်ပြီး ဘယ်နေရာရောက်နေမှန်းမသိတဲ့ ဟန်ဖုန်းကိုအသဲအသန်လိုက်ရှာ ရသည်
အဖေ အဖေပဲ ကယ်နိုင်တော့မယ်မဟုတ်လား
ညီသုတအဖေကလည်း သြဇာအာဏာရှိတဲ့ လူကြီးပိုင်းတယောက် ဒီလိုပြသာနာမျိုးကို အဖေဖြစ်သူဆီအကူညီတောင်းတာ အကောင်းဆုံးဖြစ်လိမ့်မည်
''ဟဲလို အဖေ အဖေသားကိုကယ်ပါဦးးဗျာ ''
''ညီသုတ မင်းဘာပြသာနာရှာပြန်ပြီလဲ ငါခုတလောအလုပ်ရှုပ်နေလို့ပြန်မလာနိုင်သေးဘူး ဆိုတာမင်းသိတယ်မလား ''
''အဖေ သားပြောတာနားထောင်ပါဦး သားလေ လူ လူသတ်မိပြီထင်တယ် ''
''ဘာ မင်းဘာပြောတယ် ''
''ဟုတ်တယ်မနေ့ညက အတူနေဖို့ခေါ်လာတဲ့မိန်းကလေး ကို ဆေးလွန်ပြီးသတ်လိုက်မိပြီ ''
''တောက် ညီသုတ မင့်ပြသာနာတွေ ငါရှင်းပေးရတာ တော်တော်များနေ့ပီ ငါသိတယ် ဒါပေမယ့် အခုပြသာနာက လုံးဝအကြီးကြီး ငါမင်းကိုမကူညီနိုင်တော့ဘူး မင်းဟာမင်းရှင်း ''
''ဟာ အဖေ အဖေမလုပ်ပါနဲ့ သားလည်းဘာလုပ်လို့ ဘာကိုင်ရမန်းမသိဘူး အဖေကနောက်ပိုင်းစုံစမ်းတဲ့အ ခါ ဒီကိစ္စက ပြသာနာကြီးဖြစ်မလာနိုင်ဘူးလား သားကလူသတ်သမားဆိုပြီးတော့လေ ''
''ဟားးဟား ညီသုတ မင်းက အခုငါ့ကိုခြိမ်းခြောက်နေတာလား ''
''ခြိမ်းခြောက်တာမဟုတ်ဘူးအေ ဖ အဖေ့အတွက်ရောသားအတွက်ပါမကော င်းတဲ့ကိစ္စပါ အခုကစပြီး အဖေဘာခိုင်းခိုင်းလုပ်ပေးပါ မယ် စကားလည်းနားထောင်မယ် ''
''အေးလေ ကောင်းပြီ ငါ့ကိုယ်ကျိုးအတွက်ပဲမင်းကိုကူညီလိုက်မယ် နောက်တခါ ပြသာနာရှာရင် လုံးဝကြည့်ပေးမှာမဟုတ်တော့ဘူး ငါ့လူတယောက်လွှတ်လိုက်မယ် သူကြည့်စီစဉ်ပေးလိမ့်မယ် သူ့စကားနားထောင် ''
''ဟုတ်အဖေ ကျေးဇူးပါ အဖေ ''
ဖုန်းချပြီးတော့ ညီသုတသွေးအိုင်ကြားကနေ ဘေးထွက်လိုက်တယ် သူနေတဲ့တိုက်ခန်းပေါ်ကနေ အဖေလွှတ်လိုက်မယ့်သူအလာကိုစောင့်နေလိုက်တယ် ငါးမိနစ်လောက်ကြာတော့ ကားတစ်စီးမီးတဝင့်ဝင့်နဲ့ရောက်လာတာကိုတွေ့လိုက်တယ် ညီသုတဘယ်လိုဝမ်းသာသွားမှန်း မသိ ခဏကြာတော့ အခန်းဘဲလ်နှိပ်သံကိုပါကြားလိုက်ရသည် အလောင်းကို ကျော်ခွပြီး အပြေးအလွှားတံခါးဖွင့်ပေးလို က်တော့ သူကြောင်တောင်တောင်တောင် ဖြစ်သွားတယ် ရောက်လာတဲ့သူက သူ့အဖေရဲ့ အတွင်းရေးမှူး
''ကို ဆက်ပိုင် ဘာလာလုပ်တာလဲ ''
''မင်းပြသာနာလာရှင်းတာ ဖယ် တံခါးသေချာပြန်ပိတ်လိုက် ပြီးတော့ မင်းရဲ့ခရီးဆောင်အိတ်ပေး ''
သူခိုင်းတာမှန်သမျှ အပြေးအလွှားလုပ်ပေးနေမိသည် ကိုဆက်ပိုင်က လက်အိတ်တွေဘာတွေသေချာစွပ်ပြီး ခရီးဆောင်အိတ်ထဲကို အလောင်းကိုမထည့်ရန်ပြင်နေသည်
''ဟေ့ရောင်ကြည့်မနေနဲ့ မကူအုံးဟ အလေးကြီးပဲ ''
ညီသုတလည်းအောင့်သက်သက်နဲ့ လူသေ ကောင်ကို ခြေထောက်ကဆွဲမပြီး အိတ်ထဲခွေခေါက်ထည့်လိုက်သည် သူ့ရဲ့ဧရာမ ခရီးဆောင်အိတ်နဲ့အပြည့်
''ဒါကိုယူပြီး ဟိုဘက်မှာခဏထားထားလိုက် ဒီသွေးတွေသန်ရှင်းရေးလုပ်ရမ ယ် ပုံးတလုံးနဲ့ရေရယ် အဝတ်ရယ်ယူလာခဲ့ ''
''အင်း ဒါနဲ့ခင်ဗျားက ဘာလို့မကြောက်မရွ့လုပ်ရဲရတာ လဲ အရင်ကလူတွေဘာတွေများသတ်ဖူးလား ''
''ဒါပေါ့ သတ်ဖူးခဲ့တယ် ငါ့အသက် ၂၀တောင်မပြည့်သေးဘူး ငါလူသတ်ခဲ့တုန်းက မင်းထက်တောင်ငယ်သေးတယ် ဒါပေမယ့် မင်းနဲ့တော့မတူဘူးပေါ့ ငါလူသတ်တယ် ထောင်ကျတယ် မင်းလို လိုက်ဖုံးဖိပေးမယ့် ချမ်းသာပြီးသြဇာအာဏာရှိတဲ့ အဖေမျိုးငါ့မှာမရှိခဲ့ဘူး ငါလုပ်တဲ့အပြစ်အတွက် ငါပေးဆပ်ခဲ့ရတယ် ကဲဒါတွေထားပါတော့မင်းကို တစ်ခုမေးဦးမယ် မင်းကောင်မလေးကိုခေါ်လာတာဘယ် သူတွေသိလဲ ဆိုင်ကနေခေါ်လာတာလား ''
''မဟုတ်ဘူး အဲ့ဆိုင်ကအပြန်လမ်းမှာတွေ့လို့ တင်ခေါ်လာတာ ''
''အဲ့ဒါဆိုကိစ္စမရှိဘူး ဒီတိုက်ခန်းကိုခေါ်လာတော့ကော ဘယ်သူတွေ မင်းတို့ကိုမြင်သွားကြလဲ ငါခုနကလာတော့အောက်ထပ်မှာ လုံခြုံရေးတွေ့ခဲ့တယ် ''
''ကျနော်ခေါ်လာတုန်းကတော့ လုံခြုံရေးဦးလေးကြီးရှိတယ် ဒါပေမယ့် လုံခြုံရေးက မနက်ပိုင်းတယောက် ညပိုင်းတယောက်ရှိတယ် ခုကနောက်တယောက်ပြောင်းလောက် ပါပြီ ''
''ကောင်းတယ် ငါတို့ဒီကဆင်းရင် မင်းကခပ်တည်တည်နဲ့အိတ်ကိုဆွဲထွက်ခဲ့ ခရီးသွားမယ့်ပုံစံမျိုးဟန်ေ ဆာင်ထား ဟန်မပျက်စေနဲ့ အလောင်းဖျောက်ပြီးတာနဲ့ မင်းဆေးရုံတန်းတက်ရမယ် မင်းအဖေက ဆေးဖြတ်ရမယ်ပြောတယ် ရှောင်နေခိုင်းတဲ့သဘောလည်းပါတာပေါ့ ''
တစ်နာရီလောက်ကြာတော့ အခန်းလည်းသန့်ရှင်းသပ်ရပ်သွားပြီဖြစ်သည် စီစဉ်ထားသည့်အတိုင်း တိုက်ခန်းကနေ အိတ်ဆွဲပြီးထွက်ခဲ့တော့သည် ဘယ်သူမှမရိပ်မိ ကားနောက်ခန်းပေါ်အထုတ်ကြီးဆွဲတင်ပြီး မြို့ပြင်ခပ်ဝေးဝေးဆီ မောင်းထွက်ခဲ့တော့သည်
''အစ်ကို ဘယ်ကိုမောင်းနေတာလည်း ''
'' မြုပ်ရမယ့်နေရာရှာနေတာ မြို့ပြင်မှာ ခြံပျက်ကြီးတွေရှိတယ် အဲ့မှာမြုပ်မှရမယ် လမ်းဘေးတို့ဘာတို့မြုပ်လို့ မကောင်းဘူး ''
''သြော် ဟုတ် ''
တကယ်တမ်းလူသတ်ခဲ့တာက သူ ဒါပေမယ့် သူများခိုင်းတာလုပ်နေရပြီး ဘာမှမစီစဉ်တတ် ကိုဆက်ပိုင်က အတော်ပင်သွေးအေးသည်
နှစ်နာရီခန့်မောင်းလာအပြီးမှာတော့ မှောင်မှောင်မည်းနေတဲ့ခြံကြီးတစ်ခုတည်းကို လမ်းပေါ်မှာပဲကားရပ်ခဲ့ပြီး အထုတ်ကြီးကိုနှစ်ယောက်မကာ သယ်ခဲ့သည် လက်တဖက်ကလည်းပေါက်ပြားတွေသယ်လျှက်
''ဒုတ် ဒုတ် ဒုတ် ''
''ဒီအနက်လောက်ဆိုရလောက်ပြီထ င်တယ် မြုပ်ရအောင် အိတ်ပါမြုပ်မလား အိတ်ထဲမှာမင့် ပစ္စည်းတွေပါသေးလားစစ်ကြည့်ဦး ''
''မပါဘူး ဒီအိတ်က ဝယ်ထားတာကြာပြီတခါမှမသုံးရေ သးဘူး ''
''အေး ရပြီ မြုပ်ကြတာပေါ့ ''
အလောင်းကိုထည့်ထားတဲ့အိတ်နဲ့ အတူမြေမြုပ်ပြီး ပြန်ဖို့ကာ အပေါ်မှခြေရာတွေဖျောက်ခဲ့တော့ သည်
''မင်းကိုဆေးရုံပို့ခဲ့မယ် အသိဆရာဝန်တယောက်ဆီအပ်ခဲ့မယ် ဒီကိစ္စကိုလုံးဝမင်းခေါင်းထဲ က ဖျောက်လိုက်တော့ အကယ်၍များ ဒီကိစ္စကိုကြားခဲ့ရင်တောင်ကိုယ်နဲ့မဆိုင်သလိုနေ ဟုတ်ပြီလား ''
''ဟုတ်ကဲ့ ဒါနဲ့အစ်ကိုက ဘာလို့ ကျနော့်ကိုကူညီတာလဲ ''
''မင်းကိုကူညီတာမဟုတ်ဘူး ငါ့ဆရာကိုငါကူညီတာ သူ့ငါ့အပေါ်မှာရှိတဲ့ကျေးဇူး ကြွေးတွေက ဆပ်လို့တောင်မကုန်နိုင်ဘူး အခုလည်းသူ့ပြသာနာကူဖြေရှင်း ပေးရုံလောက်ပါပဲ ''
ဆေးရုံရောက်လာတာနဲ့ ကိုဆက်ပိုင်အသိဆရာဝန်နဲ့စကားအနည်းငယ်ပြောပြီးနောက် ဆေးဖြတ်ဖို့လုပ်ငန်းကိုစတင် ခဲ့သည် ဆေးရုံမှာရှိနေသည့်အတောအတွင်း လူသတ်မှုအကြောင်းကိုမေ့ထားလိုက်သည် သတင်းအစအနလည်းမကြားရတော့မေ့ သလောက်ဖြစ်နေပြီ အလောင်းပဲမြင်ခဲ့ရသည်မှလွဲ၍ သူသတ်ခဲ့တာတောင်သူမမှတ်မိ
ဒီလိုနဲ့ ဆေးလုံးလုံးပြတ်တော့ မိဘတွေအိမ်မှာပဲနေဖို့ ဆုံးဖြတ်လိုက်တယ် ဆေးပြတ်သွားပြီဆိုတော့ အမေဖြစ်သူကလည်းအရမ်းကိုဝမ်း သာနေခဲ့သည် အဖြစ်မှန်တွေကိုတော့မသိသေး အဖေလည်း အလုပ်အားလို့အိမ်ပြန်ရောက်ေ နပေပြီ
ညနေစာစားပြီးအထုပ်တွေချ ပြီးတာနဲ့ ခုတင်ပေါ်ပစ်လဲချလိုက်သည် နားကြပ်တပ်ပြီး သီးချင်းနားထောင်ရင်းမှိန်း နေခိုက် ညီသုတအခန်းထဲမှာ အေးလာသလိုခံစားလိုက်ရသည် သူအိပ်နေတဲ့ခုတင်ဘေး ကနေ တစ်စုံတယောက်လမ်းလျောက်နေတဲ့ အသံကြားလိုက်ရတယ် ကြက်သီးဖြန်းခနဲထသွားပြီး ခုတင်ပေါ်ထထိုင်လိုက်တယ် အခန်းထဲမှာဘယ်သူမှမရှိဘူး သူ့မျက်စိရှေ့မှာပေါ်လာတာက သူ့ခရီးဆောင်ပိတ်အမည်းကြီး ပိတ်ကြီးကိုမြင်ပြီးတစုံတစ် ခုကိုသွားသတိရသည် အလောင်းထည့်တဲ့အိတ်ကလည်း သည်အိတ်လိုပဲ အမည်းကြီး
ညီသုတအတွေးထဲ အရင်က မြင်ကွင်းတွေဝင်လာသည်
အတွေးတွေကို အလျင်အမြန်ဖျောက်ပြီး သီချင်းကိုမိုင်ကုန်ဖွင့် စောင်ခေါင်းမူးခြုံပြီး ပြန်အိပ်လိုက်သည် တော်တော်အိပ်ပျော်သွားမှ အသံတွေဆူညံနေတာကြောင့် သူလန့်နိုးလာခဲ့သည် အခန်းတစ်ခုလုံးလည်းမှောင်မည်းလို့နေသည် ဘာမှမမြင်ရဘေးနားမှာရှိတဲ့ ဖုန်းကိုစမ်းလိုက်သည် ဖုန်းဖလက်ရ်မီးကိုဖွင့်နေခိုက် အခန်းပြင်ကနေတစုံတယောက် ပြေးသွားသည့်အသံကိုကြားလိုက်ရသည်
''ဘယ်သူလဲ အဖေလား အမေလား အပြင်ကဘယ်သူလည်း ''
အပြင်ကမီးရောင် သဲ့သဲ့ကြောင့် အခန်းတံခါးအောက်ခြေနားမှာအရိပ်တွေပြေးလွှားနေသည် ခြေသံကိုဖွဖွ လေးလျှောက်လာပြီး တံခါးကို ဖွင့်လိုက်တာနဲ့တပြိုင်နက် အခန်းရှေ့ကနေ တယောက်ယောက်ပြေးသွားသည်ကြို မင်လိုက်ရသည်
''ဘယ်သူလဲဟေ့ ''
သူနောက်ကနေ မေးလည်းမေးအော်လည်းအော်နဲ့ ပြေးသွားတဲ့အရာနောက်ဆက်လိုက်ခဲ့တယ် အိမ်ထဲမှာလည်း အလင်းရောင်နည်းနည်းပဲရှိတာေ ကြာင့်ရှေ့ကပြေးနေတဲ့သူကြို မင်ရတချက်မမြင်ရတချက်
လိုက်နေရင်း ခပ်မှောင်မှောင်တတနေရာရောက် တော့ ရှေ့က အရာရပ်သွားသည်ကိုမြင်လိုက်ရ သည် အမှောင်ထဲကို မီးအလင်းရောင်လှမ်းထိုးလိုက်တော့ ညီသုတ လိပ်ပြာလွင့်မတတ် လန့်သွားခဲ့သည် သူ့ရှေ့မှာရပ်နေတာက ဓားရာတွေအပြည့်နဲ့ရုပ်ပျက်ဆ င်းပျက်မိန်းကလေးတယောက်
''အားးးးးး ''
ညီသုတပြန်လှည့်ပြေးမယ်ပြင်လိုက်၏သို့သော် အေးစက်သောအရာတစ်ခုက သူ့လည်ပင်းပေါ် ထောက်လျကှ်ိသည် မဝင့်မရဲနောက်လှည့်ကြည့်လို က်တော့ ဓားတချောင်းကသူ့လည်ပင်းပေါ်မှာ လက်တဖက်ကိုလည်း ဓားရာတွေနဲ့ သရဲမက မလွှတ်တမ်းကိုင်ဆွဲထားသည် သူကြောက်ရွံ့နေတုန်းမှာပင် လည်ပင်းကို ရွီ့ကနဲ ဖြတ်သံကြားလိုက်ရသည် ဓားရာသိပ်မနက်မှန်းသိသော်လည်းအတော်လေးကိုစပ်သည် သူရုန်းကန်နေသော်လည်းမရ သရဲမကနောက်တချက် ထပ်မွှမ်းပြန်သည်
အားး
''နာလား ရှင်ကျွန်မကိုလည်း ဒီလိုပဲ ညှင်းသတ်ခဲ့တာလေ ရှင့်အလှည့်ကျနာတတ်တယ်လား ဟားး ဟားး ''
ပြောပြောဆိုဆို နောက်တချက်ထပ်ဖြတ်ပြန်သည် ညီသုတ မျင်လုံးအစုံကိုမှိတ်ထားမိလိုက်သည် တချက်ပြီးတချက် ဓားဖြင့်မွှန်းသံကြားနေရသော် လည်း အော်လို့မရ
ဂျောက် ဟင် သား သား ဘယ်လိုဖြစ်ရတာလည်း ဟီးး အီးးး
ညီသုတမျက်လုံးဖွင့်ကြည့်လို က်တော့ သူ့အမေနဲ့အဖေက ခပ်လှမ်းလှမ်းမှာ သူကမီးဖိုချောင်ထဲမှာငုတ်တု တ်အနေအထား သူ့လက်ထဲမှာ ဓားကိုင်ထားသည်ကိုသတိထားမိသ ည်
ပြီးတော့သူ့ကိုယ်သူလှီးနေသည့်ဟန် သူလက်ကို နောက်ဆုတ်လိုက်သည် သို့သော် နောက်တချက်ဆုတ်တိုင်း ရှေ့တချက်တိုးသွားသည် တားနေသည့်ကြားမှပင် သူ့လက်သူမထိန်းနိုင်တော့ အခါခါ လှီးဖြတ်နေတော့သည်
''သား သားရယ်မလုပ်ပါနဲ့ မလုပ်ပါနဲ့ သားဘာလိုချင်တုန်း ဘာဖြစ်ချင်တုန်းပြောပါအမေလု ပ်ပေးပါမယ် စိတ်လက်မာန်ပါမလုပ်ပါနဲ့ ''
''အမေကြီးမင်း သား ဆေးကြောင်နေတာလားမသိဘူး ''
မဟုတ်ပါဘူးအဖေရယ် မဟုတ်ဘူးအမေလို့ပြောချင်ပေမ ယ့် စကားသံတွေထွက်မလာ ပြီးတော့ ပုံရိပ်တစ်ခုက သူ့ရှေ့တဖြည်းဖြည်းပေါ်လာသည်
''ရှင်ကျွန်မကိုသတ်ခဲ့တယ်လို့ ဝန်ခံပြီး အပြစ်ခံယူမယ်ဆိုရင် လွှတ်ပေးမယ် မဟုတ်ရင်တော့ ရှင့်မိဘတွေရှေ့မှာပဲ ရှင့်ကိုရှင် လည်လှီးပြီးသေရလိမ့်မယ် ဘယ်လိုလဲ ''
''ဟီးးးး အီးးး ဝန် ဝန်ခံပါ့မယ် ကျနော်ကိုလွှတ်ပေးပါတော့ ''
'' ခုချက်ခြင်း ရဲစခန်းကိုပြေးသွားပြီး ကျနော်လူတယောက်ကိုသတ်ခဲ့တယ် ဆိုပြီးဝန်ခံရလိမ့်မယ် ဒါမှရှင့်အသက်ချမ်းသာမယ် ''
''ဟုတ် ဟုတ်ကဲ့ပါဗျာ လွှတ်ပေးပါတော့ ''
ညီသုတတောင်းပန်ပြီးသည်နှင့် လက်ထဲကဓားလွတ်ကျသွားတော့သည် အဖေနှင့်အမေက အနားမကပ်ရဲသေး ထိုင်နေရာက မမိဘတွေဘက်တချက်လှည့်ပြီး ဦးချကန်တော့လိုက်သည် ပြီးတာနဲ့ အိမ်ထဲကပြေးထွက်ပြီး သိပ်မလှမ်းတဲ့ ရဲစခန်းဆီ ပြေးခဲ့တော့သည် မိန်းကလေးကသူ့နောက်ကထပ်ချပ် မကွာ ခန္ဓာကိုယ်ပေါ်လည်း ဒဏ်ရာအပြည့်နဲ့ ရဲစခန်းထဲရောက်တော့ သွေးတွေဗလဗွနဲ့ဝင်လာတဲ့သူ့ကို အထူးအဆန်းနဲ့ကြောင်ကြည့်နြေ ကစဉ် ရဲအရာရှိတယောက်ဆီလျှောက်သွားပြီး ဖြစ်ကြောင်းကုန်စဉ်ရှင်းပြလိုက်သည်
သူပြောတဲ့စကားအပြီး ရဲများတယောက်မျက်နှာတယောက်ြ ကည့်ပြီး သူ့အား အချုပ်ခန်းထဲပို့ထားလိုက်တော့သည် ဆက်လက်စုံစမ်းမှုများဆောင်ရွ က်ပြီးချိန်တွင် ခြံပျက်ကြီးထဲမှာတွေ့တဲ့ ခရီးဆောင်အိတ်ထဲက အလောင်းတစ်လောင်းးးးးးးးးးး
ညီသုတရဲ့ သွားရမယ့် လမ်းးးကတော့ ……………………………
မည်မျှလောက်ချမ်းသာချမ်းသာ
ဘယ်လောက်ပဲ ဖုံးဖိထားပါစေ
မကောင်းမှုဟူသည်က ပေါ်လာတတ်စမြဲပင်
#မကောင်းမှုဟူသည်ဆိတ်ကွယ်ရာမ ရှိ
ပြီးပါပြီ
WB_Yin Nyein Aye
ဘာတွေဘယ်လိုဖြစ်ကုန်သည် မသိ မနေ့က သူဆေးအလွန်ကျွံသုံးမိသည်ကို
အဖေ အဖေပဲ ကယ်နိုင်တော့မယ်မဟုတ်လား
ညီသုတအဖေကလည်း သြဇာအာဏာရှိတဲ့ လူကြီးပိုင်းတယောက် ဒီလိုပြသာနာမျိုးကို အဖေဖြစ်သူဆီအကူညီတောင်းတာ အကောင်းဆုံးဖြစ်လိမ့်မည်
''ဟဲလို အဖေ အဖေသားကိုကယ်ပါဦးးဗျာ ''
''ညီသုတ မင်းဘာပြသာနာရှာပြန်ပြီလဲ ငါခုတလောအလုပ်ရှုပ်နေလို့ပြန
''အဖေ သားပြောတာနားထောင်ပါဦး သားလေ လူ လူသတ်မိပြီထင်တယ် ''
''ဘာ မင်းဘာပြောတယ် ''
''ဟုတ်တယ်မနေ့ညက အတူနေဖို့ခေါ်လာတဲ့မိန်းကလေး
''တောက် ညီသုတ မင့်ပြသာနာတွေ ငါရှင်းပေးရတာ တော်တော်များနေ့ပီ ငါသိတယ် ဒါပေမယ့် အခုပြသာနာက လုံးဝအကြီးကြီး ငါမင်းကိုမကူညီနိုင်တော့ဘူး
''ဟာ အဖေ အဖေမလုပ်ပါနဲ့ သားလည်းဘာလုပ်လို့ ဘာကိုင်ရမန်းမသိဘူး အဖေကနောက်ပိုင်းစုံစမ်းတဲ့အ
''ဟားးဟား ညီသုတ မင်းက အခုငါ့ကိုခြိမ်းခြောက်နေတာလ
''ခြိမ်းခြောက်တာမဟုတ်ဘူးအေ
''အေးလေ ကောင်းပြီ ငါ့ကိုယ်ကျိုးအတွက်ပဲမင်းကိ
''ဟုတ်အဖေ ကျေးဇူးပါ အဖေ ''
ဖုန်းချပြီးတော့ ညီသုတသွေးအိုင်ကြားကနေ ဘေးထွက်လိုက်တယ် သူနေတဲ့တိုက်ခန်းပေါ်ကနေ အဖေလွှတ်လိုက်မယ့်သူအလာကိုစေ
''ကို ဆက်ပိုင် ဘာလာလုပ်တာလဲ ''
''မင်းပြသာနာလာရှင်းတာ ဖယ် တံခါးသေချာပြန်ပိတ်လိုက် ပြီးတော့ မင်းရဲ့ခရီးဆောင်အိတ်ပေး ''
သူခိုင်းတာမှန်သမျှ အပြေးအလွှားလုပ်ပေးနေမိသည် ကိုဆက်ပိုင်က လက်အိတ်တွေဘာတွေသေချာစွပ်ပြ
''ဟေ့ရောင်ကြည့်မနေနဲ့ မကူအုံးဟ အလေးကြီးပဲ ''
ညီသုတလည်းအောင့်သက်သက်နဲ့ လူသေ ကောင်ကို ခြေထောက်ကဆွဲမပြီး အိတ်ထဲခွေခေါက်ထည့်လိုက်သည်
''ဒါကိုယူပြီး ဟိုဘက်မှာခဏထားထားလိုက် ဒီသွေးတွေသန်ရှင်းရေးလုပ်ရမ
''အင်း ဒါနဲ့ခင်ဗျားက ဘာလို့မကြောက်မရွ့လုပ်ရဲရတာ
''ဒါပေါ့ သတ်ဖူးခဲ့တယ် ငါ့အသက် ၂၀တောင်မပြည့်သေးဘူး ငါလူသတ်ခဲ့တုန်းက မင်းထက်တောင်ငယ်သေးတယ် ဒါပေမယ့် မင်းနဲ့တော့မတူဘူးပေါ့ ငါလူသတ်တယ် ထောင်ကျတယ် မင်းလို လိုက်ဖုံးဖိပေးမယ့် ချမ်းသာပြီးသြဇာအာဏာရှိတဲ့ အဖေမျိုးငါ့မှာမရှိခဲ့ဘူး ငါလုပ်တဲ့အပြစ်အတွက် ငါပေးဆပ်ခဲ့ရတယ် ကဲဒါတွေထားပါတော့မင်းကို တစ်ခုမေးဦးမယ် မင်းကောင်မလေးကိုခေါ်လာတာဘယ်
''မဟုတ်ဘူး အဲ့ဆိုင်ကအပြန်လမ်းမှာတွေ့လ
''အဲ့ဒါဆိုကိစ္စမရှိဘူး ဒီတိုက်ခန်းကိုခေါ်လာတော့ကော
''ကျနော်ခေါ်လာတုန်းကတော့ လုံခြုံရေးဦးလေးကြီးရှိတယ်
''ကောင်းတယ် ငါတို့ဒီကဆင်းရင် မင်းကခပ်တည်တည်နဲ့အိတ်ကိုဆွ
တစ်နာရီလောက်ကြာတော့ အခန်းလည်းသန့်ရှင်းသပ်ရပ်သွ
''အစ်ကို ဘယ်ကိုမောင်းနေတာလည်း ''
'' မြုပ်ရမယ့်နေရာရှာနေတာ မြို့ပြင်မှာ ခြံပျက်ကြီးတွေရှိတယ် အဲ့မှာမြုပ်မှရမယ် လမ်းဘေးတို့ဘာတို့မြုပ်လို့
''သြော် ဟုတ် ''
တကယ်တမ်းလူသတ်ခဲ့တာက သူ ဒါပေမယ့် သူများခိုင်းတာလုပ်နေရပြီး ဘာမှမစီစဉ်တတ် ကိုဆက်ပိုင်က အတော်ပင်သွေးအေးသည်
နှစ်နာရီခန့်မောင်းလာအပြီးမ
''ဒုတ် ဒုတ် ဒုတ် ''
''ဒီအနက်လောက်ဆိုရလောက်ပြီထ
''မပါဘူး ဒီအိတ်က ဝယ်ထားတာကြာပြီတခါမှမသုံးရေ
''အေး ရပြီ မြုပ်ကြတာပေါ့ ''
အလောင်းကိုထည့်ထားတဲ့အိတ်နဲ
''မင်းကိုဆေးရုံပို့ခဲ့မယ် အသိဆရာဝန်တယောက်ဆီအပ်ခဲ့မယ်
''ဟုတ်ကဲ့ ဒါနဲ့အစ်ကိုက ဘာလို့ ကျနော့်ကိုကူညီတာလဲ ''
''မင်းကိုကူညီတာမဟုတ်ဘူး ငါ့ဆရာကိုငါကူညီတာ သူ့ငါ့အပေါ်မှာရှိတဲ့ကျေးဇူး
ဆေးရုံရောက်လာတာနဲ့ ကိုဆက်ပိုင်အသိဆရာဝန်နဲ့စကာ
ဒီလိုနဲ့ ဆေးလုံးလုံးပြတ်တော့ မိဘတွေအိမ်မှာပဲနေဖို့ ဆုံးဖြတ်လိုက်တယ် ဆေးပြတ်သွားပြီဆိုတော့ အမေဖြစ်သူကလည်းအရမ်းကိုဝမ်း
ညနေစာစားပြီးအထုပ်တွေချ ပြီးတာနဲ့ ခုတင်ပေါ်ပစ်လဲချလိုက်သည် နားကြပ်တပ်ပြီး သီးချင်းနားထောင်ရင်းမှိန်း
ညီသုတအတွေးထဲ အရင်က မြင်ကွင်းတွေဝင်လာသည်
အတွေးတွေကို အလျင်အမြန်ဖျောက်ပြီး သီချင်းကိုမိုင်ကုန်ဖွင့် စောင်ခေါင်းမူးခြုံပြီး ပြန်အိပ်လိုက်သည် တော်တော်အိပ်ပျော်သွားမှ အသံတွေဆူညံနေတာကြောင့် သူလန့်နိုးလာခဲ့သည် အခန်းတစ်ခုလုံးလည်းမှောင်မည
''ဘယ်သူလဲ အဖေလား အမေလား အပြင်ကဘယ်သူလည်း ''
အပြင်ကမီးရောင် သဲ့သဲ့ကြောင့် အခန်းတံခါးအောက်ခြေနားမှာအရ
''ဘယ်သူလဲဟေ့ ''
သူနောက်ကနေ မေးလည်းမေးအော်လည်းအော်နဲ့ ပြေးသွားတဲ့အရာနောက်ဆက်လိုက
လိုက်နေရင်း ခပ်မှောင်မှောင်တတနေရာရောက်
''အားးးးးး ''
ညီသုတပြန်လှည့်ပြေးမယ်ပြင်လ
အားး
''နာလား ရှင်ကျွန်မကိုလည်း ဒီလိုပဲ ညှင်းသတ်ခဲ့တာလေ ရှင့်အလှည့်ကျနာတတ်တယ်လား ဟားး ဟားး ''
ပြောပြောဆိုဆို နောက်တချက်ထပ်ဖြတ်ပြန်သည် ညီသုတ မျင်လုံးအစုံကိုမှိတ်ထားမိလ
ဂျောက် ဟင် သား သား ဘယ်လိုဖြစ်ရတာလည်း ဟီးး အီးးး
ညီသုတမျက်လုံးဖွင့်ကြည့်လို
ပြီးတော့သူ့ကိုယ်သူလှီးနေသည
''သား သားရယ်မလုပ်ပါနဲ့ မလုပ်ပါနဲ့ သားဘာလိုချင်တုန်း ဘာဖြစ်ချင်တုန်းပြောပါအမေလု
''အမေကြီးမင်း သား ဆေးကြောင်နေတာလားမသိဘူး ''
မဟုတ်ပါဘူးအဖေရယ် မဟုတ်ဘူးအမေလို့ပြောချင်ပေမ
''ရှင်ကျွန်မကိုသတ်ခဲ့တယ်လိ
''ဟီးးးး အီးးး ဝန် ဝန်ခံပါ့မယ် ကျနော်ကိုလွှတ်ပေးပါတော့ ''
'' ခုချက်ခြင်း ရဲစခန်းကိုပြေးသွားပြီး ကျနော်လူတယောက်ကိုသတ်ခဲ့တယ်
''ဟုတ် ဟုတ်ကဲ့ပါဗျာ လွှတ်ပေးပါတော့ ''
ညီသုတတောင်းပန်ပြီးသည်နှင့်
သူပြောတဲ့စကားအပြီး ရဲများတယောက်မျက်နှာတယောက်ြ
ညီသုတရဲ့ သွားရမယ့် လမ်းးးကတော့ ……………………………
မည်မျှလောက်ချမ်းသာချမ်းသာ
ဘယ်လောက်ပဲ ဖုံးဖိထားပါစေ
မကောင်းမှုဟူသည်က ပေါ်လာတတ်စမြဲပင်
#မကောင်းမှုဟူသည်ဆိတ်ကွယ်ရာမ
ပြီးပါပြီ
WB_Yin Nyein Aye
မကောင်းမှုဟူသည်
Reviewed by Unknown
on
11:59 AM
Rating:
Reviewed by Unknown
on
11:59 AM
Rating:


Post a Comment