"မပြေသည့် ဝဋ်ကြွေး" ငယ်ငယ်ကကြားဖူးတဲ့ဖြစ်ရပ်မှန်တစ်ခုအား အနည်းငယ် ပြင်ဆင်၍ရေးသားထားပါသည်
တောင်အရပ်ဘက်မှ
ှဖြတ်သန်းလာသော
လေနုအေးလေးက
ရွာပြင်ခပ်လှမ်းလှမ်းမှာရှိ တဲ့
စေတီလေးရဲ့ ဆည်းလည်းသံလေးမှာ
လေအရှိန်ဖြင့်တချွန်ချွန်မြ ည်ကာ
ဓမ္မတေးတစ်ပုဒ်အား
သီကြွေးလိုက်သည့်အလား ထိုအချိန်စေတီလေး၏ရင်ပြင်တွ င်တစ်ကိုယ်တည်း တရားထိုင်နေသူက
ဦးပဉ္ဇင်းလေး ဇဝန
ဦးပဉ္ဇင်းလေးက ဒီစေတီလေးမှာ
မနက်တကြိမ် ညနေပိုင်းတစ်ကြိမ် နေ့စဉ်တရားအားထုတ်နေကျ
စေတီလေးမှာ ဦးပဉ္ဇင်းလေး
သီတင်းသုံးသည့်
နိဗ္မာန်ကျောင်းနဲ့မလှမ်းမကမ်း
ဤနိဗ္မာန်ကျောင်းမှာလည်း တချိန်ကသုသာန်မြေဖြစ်ခဲ့ဖူး သည် ရွာနဲ့လည်းအလှမ်းဝေး
အုံ့ဆိုင်းနေသောသစ်ကြီး ဝါးကြီးများနှင့် သုသာန်ဟောင်းဆိုသည့်အသိကြော င့် မှောင်စပျိုးသည်နှင့်
လူပြတ်တတ်သည်
တရားရှာလိုသည့် ပုဂ္ဂိုလ်များအတွက်တော့တကယ့် နေရာကောင်း
တရားရှုမှတ်ခြင်းကို
ဖြုတ်ရန်အချိန်ကျပြီဖြစ်သော ကြောင့်
ဦးပဉ္ဇင်းလေးက တင်ပျဉ်ခွေကိုသတိနှင့်ဖြုတ် ချပြီး စေတီတော်အား
ထိခြင်းငါးပါးနှင့်
ဦးသုံးကြိမ်ချကန်တော့လိုက် ပြီး စေတီရင်ပြင်ကနေဖြည်းညင်းစွာ
ဆင်းလာခဲ့လိုက်သည်
ရွာထဲရှိကင်းတဲဆီမှ
ည ၉ နာရီသံချောင်းခေါက်သံလေးက
ပျံ့လွင့် လာသည် လပြည့်နေ့ဖြစ်သောကြောင့် တလောကလုံးက
လရောင်ဖြင့်ထိန်ထိန်ညီးလျက်
ဦးပဉ္ဇင်းလေးကစေတီတော်ကိုလက်ယာရစ်ပူဇော်ပြီး ကျောင်းဆောင်သို့ဆင်းမည်အပြု
''ဝုတ် ဝုတ် ဝုတ် ''
ဝူးးး ဝူးးးး ဝူးးး
ရွာဘက်ဆီမှခွေးဟောင်သံ
အူသံများ ကြားလိုက်ရပြီး
တဖြည်းဖြည်း အသံများက မိမိ၏ကျောင်းဘက်ဆီသို့ဦးတည်၍လာနေသည် စေတီစောင်းတန်းလှေကားကနေ
မဆင်းသေးဘဲ အသံလာရာဆီသို့ လှမ်းမျှော်ကြည့်လိုက်တော့
ရွာဘက်မှာ လင်းတချို့မှိတ်တချို့
မီးရောင်များနဲ့ ရွာလေးက
အိပ်မောကျလျက်
ခွေးဟောင်သံနှင့်အူသံများက မရပ်သွားဘဲပိုလို့ပင်ဆူညံလာ သည်
''ဖျတ် ဖျတ် ဖျတ်
ဘုတ် ဘုတ် ခွေးဟောင်သံခွေးအူသံများရှေ့ မှ မည်းမည်း သဏ္ဌာန်နှစ်ခုက တဖျတ်ဖျတ်ပြေးလာသည်က
ိုတွေ့လိုက်ရပြီး ထိုမည်းမည်း
သဏ္ဌာန်နှစ်ခုနောက်မှ ခွေးသံများက လိုက်ပါလာသည်ကိုတွေ့လိုက်ရသ ည်
လရောင်ဖြင့်ထင်ရှားစွာမြင်ေ နရသည့် လှည်းလမ်းကြောင်းဖွေးဖွေးတေ လျှာက်
မည်းမည်း သဏ္ဌာန်နှစ်ခုကအပြေးအလွှား ဒီအချိန်ကတော့ ရွာထဲရှိလူများက
လာလေ့မရှိ
ဧည့်စိမ်းများဖြစ်နိုင်ရာဟု ဦးပဉ္ဇင်းလေးကစောင့်ကြည့်နေ လိုက်သည်
မကြာခင်ပဲ မည်းမည်း သဏ္ဌာန်နှစ်ခုက ဦးပဉ္ဇင်းလေးရှေ့မှောက် လက်အုပ်ချီ၍ ရောက်လာကြတော့သည်
ယောက်ျားတယောက်နှင့်မိန်းမတ ယောက်
ယောက်ျားက အရပ်ရှည်ရှည်
ထောင်ထောင်မောင်းမောင်း
အသားမည်းမည်းနှင့် အပေါ်ပိုင်းအကျီ င်္မပါ
မိန်းမက ထဘီရင်လျား နှင့် ယောက်ျားဖြစ်သူနှင့်အရပ်အမောင်းခြင်းမတိမ်းမယိမ်း
''တပည့်တော်တို့အား သနားသောအားဖြင့် နေစရာတနေရာလောက်ပေးပါရန်လျောက်ထားအပ်ပါသည် ဘုရား ''
ခေါင်းငုံ့ထားသော နှစ်ယောက်ဆီမှယောက်ျားဖြစ်သူ၏တောင်းပန်စကား
''မင်းတို့က ဘယ်သူတွေလဲ ဘယ်ကလဲကွဲ့ ''
''တပည့်တော်တို့ ရှမ်းကြီးနဲ့ မဲတူလင်မယားပါ ဘုရား ''
''ဟေ ''
စင်စစ်ဒီလင်မယားကိုတစ်ရွာလုံးမသိသူမရှိ
ဒါဆိုလင်မယားကို ဦးပဉ္ဇင်းကောင်းကောင်းသိတာေ ပါ့ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကပဲ ရက်ခြား၍ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားသောကံဆိုးရှာသော လင်မယား
''တပည့်တော်တို့ စားရမဲ့ သောက်ရမယ့် နေရာမဲ့ဖြစ်နေလို့သနားပါဦး ဘုရား ''
''ဒကာတို့ဘယ်လိုဖြစ်ကြရတာလဲ ကွယ် '' ဟုမိန့်တော်မူလိုက်သည် သာရေးနာရေးကိစ္စမှတပါးမပင့်ဖိတ်လျင် ဒေသစာရီမကြွတတ်သည် ဦးပဉ္ဇင်းလေးက ဒီလင်မယား ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်ရ သည့်အကြောင်းရင်းကိုမသိ
ရှမ်းကြီးကဦးပဉ္ဇင်းလေး၏ အမေးကို လက်အုပ်ချီလျက်
''တပည့်တော်တို့အဖြစ်က ဒီလိုပါဘုရား . . . . .''
~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~~~
ရှမ်းကြီးနှင့်မဲတူလင်မယားကို မန်းကျီးကုန်းတစ်ရွာလုံးမသိ သူမရှိ စင်စစ်ဒီလင်မယားမမန်ကျီးကုန်းရွာဇာတိမဟုတ် မည့်သည့်ဇာတိကဆိုတာလည်း ဘယ်သူမှမသိကြ ဤရွာကိုစရောက်သည့်အချိန်မှစ ၍ ရွာနောက်ဘက်လယ်ကွင်းထဲမှာတဲ ထိုးနေကြသည် သားသမီးမရှိ ကြုံရာကျပန်းလုပ်ကိုင်စားသောက်ကြသည် ယောက်ျားက သူရင်းဌားလိုက် ကောက်စိုက်ပျိုးနှုတ်ကောက်ရိုးပုံစောင့်အကုန်လုပ်သည်
ရပ်ရေးရွာရေးတွင်လည်းထိပ်ဆုံးကပါဝင်တတ်သည် ကိုယ်တိုင်ဝမ်းနွေးရုံသာစား သောက်နေထိုင်ရသည် ဘဝဖြစ်သော်ငြား သူများ သာရေးနာရေးများတွင် ထင်းခွေရေခပ် ပန်းကန်ဆေး အောက်ခြေသိမ်း အကုန်လုပ်ကြသည် ထိုလင်မယားမှာထူးခြားတာတစ်ခုက ရာသီမရွေး လင်မယားနှစ်ယောက်လုံး အကျီင်္ င်္မဝတ်ကြ ရှမ်းကြီးမှာ အပေါ်ပိုင်းဗလာကျင်း၍ ဆေးပြင်းလိပ်ခဲရင်ခဲ မခဲရင် ကွမ်းတမြုံအား အမဲမြုပ်နေတတ်သည် မဲတူမှာလည်းထိုနည်းလည်းကောင်း ထဘီရင်လျားဖြင့် သာနေသည် မည်သည့်အခါမှ အကျီ င်္ဝတ်လေ့မရှိ
''အကျီ င်္ဝတ်လိုက်ရင် တကိုယ်လုံးယားလာပြီး ပြန်ချွတ်ပစ်ရတာပဲ ကြာတော့လည်း နေသားကျသွားပြီလေ ''
ဒါက သူတို့လင်မယား၏လက်သုံးစကား ဘယ်ဘဝကဝဋ်ကြွေးရယ်မသိ ဥတုသုံးပါးစလုံး လင်မယားနှစ်ယောက်မှာကျောပြောင်
တစ်ရွာလုံး နောက်ပြောင်၍နာမည်ပေးထားကြသ ည်က
'' ကာကဝလ္လိယလင်မယား ''
တစ်နေ့ လယ်ပိုင်ရှင် စိုးနိုင်ကတောရှင်း၍ကွမ်းစိုက်မယ်ကြံသည် ကွမ်းခြံစိုက်သည်ကို စိုးနိုင်လေ့လာထားသော်ငြားတ ကယ်တမ်းမလုပ်တတ် တစ်ရွာလုံးလဲ ဘယ်သူမှမစိုက်တတ်ကြ
ဤနေရာတွင်ရှမ်းကြီးတို့ကတော်သည် စိုးနိုင်ကငွေစိုက် ရှမ်းကြီးတို့က လူရင်းကတောတိုးကာကွမ်းခြံခု တ်တော့သည် တစ်ရွာလုံးက လူလည်းစိုးနိုင်အကြောင်းသိ၍ လူရင်းအပင်ပန်းခံရသော ရှမ်းကြီးလင်မယားကိုတားကြသည် မရ
''ဒီလု ဒီလိုတော့လုပ်မှာမဟုတ်ပါဘူး လေ ရပ်နဲ့ရွာနဲ့ပဲ ''
ဆိုသောရှမ်းကြီးစကားကြောင့် ဘယ်သူမှမတားကြတော့ ရှမ်းကြီးလင်မယားက တကယ့်အကြမ်းခံ ရေစိမ်ခံတွေ ရှမ်းကြီးက ပုဆိန်တလက်ဖြင့် တောရှင်း မဲတူက ဓားမတချောင်းကိုင်က တောခုတ်ဖြင့် မကြာမီမှာပဲ ကွမ်းခြံကြီးပေါ်ထွက်လာပေပြီ
ခြံရှင်း တိုင်ထောင် ကွမ်းစိုက် ကွမ်းညှပ် ကွမ်းရွက်ကို ဈေးပို့သည်အထိ ရှမ်းကြီးလင်မယားက ဒိုင်ခံ လူလည်စိုးနိုင်ကတော့ လူလည်ပီပီ ရှမ်းကြီးလင်မယားထံမှ ကွမ်းစိုက်နည်းကိုအနီးကပ်သင်ယူသည် ကွမ်းကလည်းခက်သား အသန့်အလွန်ကြိုက်သည် ကွမ်းခြံထဲအပေါ့အလေးစွန့်ခြ င်းမပြုရ ခြံထဲကိုယ်ဝန်ဆောင်သည်မဝင်ရ ဝင်မိပြီး ခူးမိပါက ကွမ်းပင်သေတတ်သည် ကွမ်းခြံတွင်လူစိမ်းတောင်အဝ င်မခံရ
နောက်ဆုံး ကွမ်းခြံအကြောင်းအား
စိုးနိုင် ကျွမ်းကျင်သွားလေပြီ ရှမ်းကြီးလင်မယားကလည်း
ဆရာစားမချန် က ကြီးမှ အ အဆုံးမချွင်းမချန်သင်ပေးသည်
နောက် လူလည်စိုးနိုင်
ကွမ်းခြံအထာလည်းကျွမ်းကျင်
ခြံမှလည်း သိန်းပေါင်းများစွာ
အမြတ်အစွန်းရပြီးနောက်
အများထင်သည့်အတိုင်း
စိုးနိုင်က ရှမ်းကြီးလင်မယားကို မဖြစ်စလောက်ငွေလေးပေး၍ ကွမ်းခြံမှ
ပ ထုတ်လိုက်တော့သည်
တစ်ရွာလုံးက မခံမရပ်နိုင်ကြ၍ သက်ဆိုင်ရာတိုင်တန်းရန်ပြော ကြသော်လည်း ရှမ်းကြီးလင်မယားကမမှု
''ဝဋ်ရှိလို့ခံရတာပဲလေ ''ဟူ၍
''တို့လင်မယားနှစ်ယောက်လုံး
အသန်အမာကြီးတွေ
လုပ်နိုင်ကိုင်နိုင်လည်းရှိ သေးတယ်
ဓားမဦးခိတောတိုးပြီး ကွမ်းဝယ်ခြံစိုက်ကြမယ် ''
လင်မယားနှစ်ယောက်တိုင်ပင်ကာ
ရွာတောင်ပိုင်းရှိကိုင်းတော ကြီးကို
ရှင်းလင်းလိုက်ကြ၏
ကိုင်းတောမှာကွင်းဖြစ်သွားသ ည်
သို့သော် ကိုင်းတော
အလယ်တွင်ညောက်ပင်ကြီး
ထီးထီးမားမားရှိနေသည် တစ်ရွာလုံးကတောစိုးသစ်ပင်ကြီးဖြစ်၍
မခုတ်ရန်တားမြစ်ကြသော်လည်း
''တောစိုးတွေ တောအုပ်တွေ အစောင့် ဘာညာမသိ ''
ဟူ၍ အပြတ်ရှင်းလိုက်ကြတော့သည် ညောင်ပင်ကြီးလည်းထင်းဖြစ်ပြီး ကွမ်းခြံအကောင်အထည်ပေါ်လာတော့ သည် ရှမ်းကြီးလင်မယားက ပန်းပန်ဆဲ
''အဲ့ဒါကံတက်နေသေးလို့ဟေ့ ကံနိမ့်ရင်ဒီလင်မယားမပြောနဲ့  အနော်ရထာမင်းကြီးတောင် ထိန်ပင်စောင့်နတ်က လက်စားချေသေးတာပဲ ''
ဒါကရွာသူရွာသားတို့၏ဝေဖန်သံ
သို့သော် လူကြမ်း က
နတ်ကြမ်းမခံနိုင်၍ထင်
ရှမ်းကြီးလင်မယားက
မြက်ရှရာပင်မရှိ တစ်ရွာလုံးကလဲ အပြိုင်ပေါ်ထွက်လာသောရှမ်းကြီး၏ ကွမ်းခြံကိုအားပေးကြသည်
စိတ်ကောင်းရှိ ဝိရိယကောင်း၍ထင့်
ရှမ်းကြီး၏ ကွမ်းခြံ ကအနီထဲမှအစိမ်းအကောင်အထည်ပေါ်လာပေပီ
~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~~~~~
''လုပ်ကြပါဦး ကိုရှမ်းကြီးဘာဖြစ်မှန်းမသိ လို့ ''
ညနေစောင်းခါနီးမှာ
မဲတူတယောက်ရွာထဲကို
အမောတကောဝင်လာသည်
တစ်ရွာလုံးက ကြိုးစား၍
ကိုယ်ပိုင်ကွမ်းခြံနှင့်ဖြစ်နေသော
လင်မယားကို ချီးကျူး၍မှမဆုံးသေး
ရှမ်းကြီးက တနေကုန်ကွမ်းခြံထဲမှာ
လုပ် မဲတူမက နံနက်စာသွားပို့ ညကျလင်မယားနှစ်ယောက်အတူပြန် နေကျ ကွမ်းခြံကရွာနှင့်အတော်ဝေးသ ည်
မဲတူမလာ၍ သတင်းပို့သည့်
အခ်ျန်ကနေဝင်ရီတရော
ကင်းတဲမှာရွာလူကြီး များ
ရဲများကမီးတုတ်ကိုယ်စီညှိ၍ ကွမ်းခြံထဲရောက်သွားတော့တွေ့ လိုက်ရသည့်မြင်ကွင်းက
ရှမ်းကြီးမှာ ကွမ်းခြံထောင့်တဲထဲတွင်
အကျီ င်္မဝတ်ထားသည့်ကျောပြောင်၌ လူတယောက်ကထုထောင်းထားသည့်အလား အညိုမည်းကွက်ကြီးများဖြင
့်သွေးအိုင်ထဲမှာဘည်လိမ် လျှာထွက်၍အသက်ပျောက်နေသည်
သေမှုသေခင်းဖြစ်လာပြီဖြစ်၍ ရဲများစစ်ဆေးအလောင်းကိုဆေးရုံယူကာ
ဆေးစစ်တော့ ဆရာဝန်ကပြင်ပ
ဒဏ်ရာများကိုကြည့်ရှု
ခွဲစိတ်ပြီးနောက်ဆုံးတွင်
ဆေးစာ၌ပါလာသည်ကား အတွင်းဒဏ်ရာမရှိ
ထိပိလန့်သေဆုံး
သွားရကြောင်းပေါ်ပေါက်လာကာမှ တစ်ရွာလုံးအံ့သြခဲ့ရတော့သည်
''ရှမ်းကြီးကို တောစိုးကြီးထောင်းတာ ''
''ကံနိမ့်ပြီလေ ''
''အကုသိုလ်ဝင်လာပြီပေါ့ ''
ဟူ၍ ပြောလာကြတော့သည်
မနက်ဖြန်ရှမ်းကြီးဆွမ်းသွပ် မဲတူမ၏တဲတွင်တစ်ရွာလုံးကူညီ နေကြသည် မဲတူမကညနေစောင်းတွင်
ကွမ်းခြံရှိ ရှမ်းကြီးအား
ဆွမ်းသွပ်အတွက်အိမ်ပြန်ခေါ်မ ယ်
်ပြောပြီးထွက်သွားတော့သည်
ခါတိုင်းလိုပဲ အဖော်မပါတစ်ကိုယ်တည်း
မဲတာမ ကွမ်းခြံတဲထဲ
ဝင်လိုက်သောအခါ
တစ်ကိုယ်လုံးချမ်းစိမ့်သွား တော့သည်
မျက်စိထဲတွင် ဖြတ်ခနဲလှုပ်ရှားဟန်တစ်ခုကို မြင်လိုက်ရသည် တစ်ခါမှကြက်သီးမထဖူးသော မဲတူ ချမ်းစိမ့်၍ကြက်သီးများထလာေ တာ့သည်
''ကိုရှမ်းကြီးရေ တော့်ကိုဆွမ်းသွပ်ရအောင် အိမ်လိုက်ခဲ့နော် ''
''ဘုတ် ''
''အင့် ''
မဲတူမပြော၍ပြန်အလှည့်
အိမ်ထဲဝင်လာသော
ဇရက်တကောင်နှင့်
တိုက်မိပြီးဇရက်ကပြုတ်ကျသွားပြီး
မဲတူမအား ကြည့်နေသည်
မဲတူမလည်း ဘာစိတ်ကူးပေါက်သည်မသိ ပြုတ်ကျသွားသော
ဇရက်လေးအားကောက်ယူလိုက်ပြီး ပခုံးပေါ်တင်လိုက်ကာ
''အိမ်လိုက်ခဲ့နော် ''
ဟုပြောလိုက်သည်
ထူးဆန်းသည့်ဇရက်လေးမှာလည်း မဲတူ၏စကားကိုနားထောင်သည့်အလား သူမပခုံးပေါ်တွင်အငြိမ့်သားက ပ်ပါလာသည်
နေဝင်သွားပြီ
ရှေ့မှာစမ်းချောင်းလေးတစ်ခု
ဒီလမ်းကရွာနှင့်ပိုနီးသည်
ရေကမနက်
ခြေကျင်းဝက်ခန့်သာနက်သည်
''အမေ့ ''
''ဝုန်းးးးး ''
မဲတူမဖြတ်အကူးရေလယ်အရောက်တွ င် မျက်စိကျိန်းမတတ်
အလင်းတန်းကြီးတစ်ခုကိုမြင်ြ ပီး
ရေထဲပစ်လဲကျသွားတော့သည်
ဘာဆိုဘာမှမသိတော့
ရွာသားများလိုက်လာခါမှ ခြေချင်းဝက်ခန့်ရှိသော
စမ်းချောင်းထဲတွင်လဲကျသေဆုံးနေသော
မဲတူမ ပခုံးထက်တွင်လည်း ကုပ်တွယ်၍သေဆုံးနေသောဇရက်တေ ကာင် ထူးဆန်းသည်က
မဲတူမ၏ကျောတွင်လည်း ရှမ်းကြီးကဲ့သို့ထုထောင်းရာ များနှင့်
ရှမ်းကြီး၏စကားအဆုံးတွင် ဦးပဉ္ဇင်းက
''အေးလေ ကံစီမံရာ
အတိုင်းပဲပေါ့ ဝဋ်ကြွေးတွေ
ဆပ်ရတယ်ပဲ
သဘောထားကြပါ ဘယ်သူ့မှ
အထိပ်တလန့် အနှောက်အယှက်မပေးရင် ဒီညောင်ပင်ကြီးမှာနေနိုင်ပါ တယ် ''
ဦးဇင်းလေးက စေတီထောင့် စောင်းတန်းအဆုံးမှာပေါက်နေေ သာ ညောင်ပင်ကြီးကိုလက်ညိုးထိုး ပြ၍
မျက်ကွယ်ပြုထွက်ခွာခဲ့လေတော့ သည်
''သြော် ဝဋ် ဝဋ် သံရာအဆက်ဆက် ဆပ်နေရအုံးမှာပါလား ''
ပြီးပါပြီ
written by Yin Nyein Aye
ှဖြတ်သန်းလာသော
လေနုအေးလေးက
ရွာပြင်ခပ်လှမ်းလှမ်းမှာရှိ
စေတီလေးရဲ့ ဆည်းလည်းသံလေးမှာ
လေအရှိန်ဖြင့်တချွန်ချွန်မြ
ဓမ္မတေးတစ်ပုဒ်အား
သီကြွေးလိုက်သည့်အလား ထိုအချိန်စေတီလေး၏ရင်ပြင်တွ
ဦးပဉ္ဇင်းလေး ဇဝန
ဦးပဉ္ဇင်းလေးက ဒီစေတီလေးမှာ
မနက်တကြိမ် ညနေပိုင်းတစ်ကြိမ် နေ့စဉ်တရားအားထုတ်နေကျ
စေတီလေးမှာ ဦးပဉ္ဇင်းလေး
သီတင်းသုံးသည့်
နိဗ္မာန်ကျောင်းနဲ့မလှမ်းမကမ
ဤနိဗ္မာန်ကျောင်းမှာလည်း တချိန်ကသုသာန်မြေဖြစ်ခဲ့ဖူး
အုံ့ဆိုင်းနေသောသစ်ကြီး ဝါးကြီးများနှင့် သုသာန်ဟောင်းဆိုသည့်အသိကြော
လူပြတ်တတ်သည်
တရားရှာလိုသည့် ပုဂ္ဂိုလ်များအတွက်တော့တကယ့်
တရားရှုမှတ်ခြင်းကို
ဖြုတ်ရန်အချိန်ကျပြီဖြစ်သော
ဦးပဉ္ဇင်းလေးက တင်ပျဉ်ခွေကိုသတိနှင့်ဖြုတ်
ထိခြင်းငါးပါးနှင့်
ဦးသုံးကြိမ်ချကန်တော့လိုက်
ဆင်းလာခဲ့လိုက်သည်
ရွာထဲရှိကင်းတဲဆီမှ
ည ၉ နာရီသံချောင်းခေါက်သံလေးက
ပျံ့လွင့် လာသည် လပြည့်နေ့ဖြစ်သောကြောင့် တလောကလုံးက
လရောင်ဖြင့်ထိန်ထိန်ညီးလျက်
ဦးပဉ္ဇင်းလေးကစေတီတော်ကိုလက
''ဝုတ် ဝုတ် ဝုတ် ''
ဝူးးး ဝူးးးး ဝူးးး
ရွာဘက်ဆီမှခွေးဟောင်သံ
အူသံများ ကြားလိုက်ရပြီး
တဖြည်းဖြည်း အသံများက မိမိ၏ကျောင်းဘက်ဆီသို့ဦးတည
မဆင်းသေးဘဲ အသံလာရာဆီသို့ လှမ်းမျှော်ကြည့်လိုက်တော့
ရွာဘက်မှာ လင်းတချို့မှိတ်တချို့
မီးရောင်များနဲ့ ရွာလေးက
အိပ်မောကျလျက်
ခွေးဟောင်သံနှင့်အူသံများက မရပ်သွားဘဲပိုလို့ပင်ဆူညံလာ
''ဖျတ် ဖျတ် ဖျတ်
ဘုတ် ဘုတ် ခွေးဟောင်သံခွေးအူသံများရှေ
ိုတွေ့လိုက်ရပြီး ထိုမည်းမည်း
သဏ္ဌာန်နှစ်ခုနောက်မှ ခွေးသံများက လိုက်ပါလာသည်ကိုတွေ့လိုက်ရသ
လရောင်ဖြင့်ထင်ရှားစွာမြင်ေ
မည်းမည်း သဏ္ဌာန်နှစ်ခုကအပြေးအလွှား ဒီအချိန်ကတော့ ရွာထဲရှိလူများက
လာလေ့မရှိ
ဧည့်စိမ်းများဖြစ်နိုင်ရာဟု
မကြာခင်ပဲ မည်းမည်း သဏ္ဌာန်နှစ်ခုက ဦးပဉ္ဇင်းလေးရှေ့မှောက် လက်အုပ်ချီ၍ ရောက်လာကြတော့သည်
ယောက်ျားတယောက်နှင့်မိန်းမတ
ယောက်ျားက အရပ်ရှည်ရှည်
ထောင်ထောင်မောင်းမောင်း
အသားမည်းမည်းနှင့် အပေါ်ပိုင်းအကျီ င်္မပါ
မိန်းမက ထဘီရင်လျား နှင့် ယောက်ျားဖြစ်သူနှင့်အရပ်အမေ
''တပည့်တော်တို့အား သနားသောအားဖြင့် နေစရာတနေရာလောက်ပေးပါရန်လျေ
ခေါင်းငုံ့ထားသော နှစ်ယောက်ဆီမှယောက်ျားဖြစ်သ
''မင်းတို့က ဘယ်သူတွေလဲ ဘယ်ကလဲကွဲ့ ''
''တပည့်တော်တို့ ရှမ်းကြီးနဲ့ မဲတူလင်မယားပါ ဘုရား ''
''ဟေ ''
စင်စစ်ဒီလင်မယားကိုတစ်ရွာလံ
ဒါဆိုလင်မယားကို ဦးပဉ္ဇင်းကောင်းကောင်းသိတာေ
''တပည့်တော်တို့ စားရမဲ့ သောက်ရမယ့် နေရာမဲ့ဖြစ်နေလို့သနားပါဦး
''ဒကာတို့ဘယ်လိုဖြစ်ကြရတာလဲ
ရှမ်းကြီးကဦးပဉ္ဇင်းလေး၏ အမေးကို လက်အုပ်ချီလျက်
''တပည့်တော်တို့အဖြစ်က ဒီလိုပါဘုရား . . . . .''
~~~~~~~~~~~~~~~~~~~~~~~~~~
ရှမ်းကြီးနှင့်မဲတူလင်မယားက
ရပ်ရေးရွာရေးတွင်လည်းထိပ်ဆံ
''အကျီ င်္ဝတ်လိုက်ရင် တကိုယ်လုံးယားလာပြီး ပြန်ချွတ်ပစ်ရတာပဲ ကြာတော့လည်း နေသားကျသွားပြီလေ ''
ဒါက သူတို့လင်မယား၏လက်သုံးစကား ဘယ်ဘဝကဝဋ်ကြွေးရယ်မသိ ဥတုသုံးပါးစလုံး လင်မယားနှစ်ယောက်မှာကျောပြေ
တစ်ရွာလုံး နောက်ပြောင်၍နာမည်ပေးထားကြသ
'' ကာကဝလ္လိယလင်မယား ''
တစ်နေ့ လယ်ပိုင်ရှင် စိုးနိုင်ကတောရှင်း၍ကွမ်းစိ
ဤနေရာတွင်ရှမ်းကြီးတို့ကတော
''ဒီလု ဒီလိုတော့လုပ်မှာမဟုတ်ပါဘူး
ဆိုသောရှမ်းကြီးစကားကြောင့်
ခြံရှင်း တိုင်ထောင် ကွမ်းစိုက် ကွမ်းညှပ် ကွမ်းရွက်ကို ဈေးပို့သည်အထိ ရှမ်းကြီးလင်မယားက ဒိုင်ခံ လူလည်စိုးနိုင်ကတော့ လူလည်ပီပီ ရှမ်းကြီးလင်မယားထံမှ ကွမ်းစိုက်နည်းကိုအနီးကပ်သင
နောက်ဆုံး ကွမ်းခြံအကြောင်းအား
စိုးနိုင် ကျွမ်းကျင်သွားလေပြီ ရှမ်းကြီးလင်မယားကလည်း
ဆရာစားမချန် က ကြီးမှ အ အဆုံးမချွင်းမချန်သင်ပေးသည်
နောက် လူလည်စိုးနိုင်
ကွမ်းခြံအထာလည်းကျွမ်းကျင်
ခြံမှလည်း သိန်းပေါင်းများစွာ
အမြတ်အစွန်းရပြီးနောက်
အများထင်သည့်အတိုင်း
စိုးနိုင်က ရှမ်းကြီးလင်မယားကို မဖြစ်စလောက်ငွေလေးပေး၍ ကွမ်းခြံမှ
ပ ထုတ်လိုက်တော့သည်
တစ်ရွာလုံးက မခံမရပ်နိုင်ကြ၍ သက်ဆိုင်ရာတိုင်တန်းရန်ပြော
''ဝဋ်ရှိလို့ခံရတာပဲလေ ''ဟူ၍
''တို့လင်မယားနှစ်ယောက်လုံး
အသန်အမာကြီးတွေ
လုပ်နိုင်ကိုင်နိုင်လည်းရှိ
ဓားမဦးခိတောတိုးပြီး ကွမ်းဝယ်ခြံစိုက်ကြမယ် ''
လင်မယားနှစ်ယောက်တိုင်ပင်ကာ
ရွာတောင်ပိုင်းရှိကိုင်းတော
ရှင်းလင်းလိုက်ကြ၏
ကိုင်းတောမှာကွင်းဖြစ်သွားသ
သို့သော် ကိုင်းတော
အလယ်တွင်ညောက်ပင်ကြီး
ထီးထီးမားမားရှိနေသည် တစ်ရွာလုံးကတောစိုးသစ်ပင်ကြ
မခုတ်ရန်တားမြစ်ကြသော်လည်း
''တောစိုးတွေ တောအုပ်တွေ အစောင့် ဘာညာမသိ ''
ဟူ၍ အပြတ်ရှင်းလိုက်ကြတော့သည် ညောင်ပင်ကြီးလည်းထင်းဖြစ်ပြ
''အဲ့ဒါကံတက်နေသေးလို့ဟေ့ ကံနိမ့်ရင်ဒီလင်မယားမပြောနဲ
ဒါကရွာသူရွာသားတို့၏ဝေဖန်သံ
သို့သော် လူကြမ်း က
နတ်ကြမ်းမခံနိုင်၍ထင်
ရှမ်းကြီးလင်မယားက
မြက်ရှရာပင်မရှိ တစ်ရွာလုံးကလဲ အပြိုင်ပေါ်ထွက်လာသောရှမ်းကြ
စိတ်ကောင်းရှိ ဝိရိယကောင်း၍ထင့်
ရှမ်းကြီး၏ ကွမ်းခြံ ကအနီထဲမှအစိမ်းအကောင်အထည်ပေ
~~~~~~~~~~~~~~~~~~~~~~~~~~
''လုပ်ကြပါဦး ကိုရှမ်းကြီးဘာဖြစ်မှန်းမသိ
ညနေစောင်းခါနီးမှာ
မဲတူတယောက်ရွာထဲကို
အမောတကောဝင်လာသည်
တစ်ရွာလုံးက ကြိုးစား၍
ကိုယ်ပိုင်ကွမ်းခြံနှင့်ဖြစ
လင်မယားကို ချီးကျူး၍မှမဆုံးသေး
ရှမ်းကြီးက တနေကုန်ကွမ်းခြံထဲမှာ
လုပ် မဲတူမက နံနက်စာသွားပို့ ညကျလင်မယားနှစ်ယောက်အတူပြန်
မဲတူမလာ၍ သတင်းပို့သည့်
အခ်ျန်ကနေဝင်ရီတရော
ကင်းတဲမှာရွာလူကြီး များ
ရဲများကမီးတုတ်ကိုယ်စီညှိ၍ ကွမ်းခြံထဲရောက်သွားတော့တွေ
ရှမ်းကြီးမှာ ကွမ်းခြံထောင့်တဲထဲတွင်
အကျီ င်္မဝတ်ထားသည့်ကျောပြောင်၌ လူတယောက်ကထုထောင်းထားသည့်အလ
့်သွေးအိုင်ထဲမှာဘည်လိမ် လျှာထွက်၍အသက်ပျောက်နေသည်
သေမှုသေခင်းဖြစ်လာပြီဖြစ်၍ ရဲများစစ်ဆေးအလောင်းကိုဆေးရ
ဆေးစစ်တော့ ဆရာဝန်ကပြင်ပ
ဒဏ်ရာများကိုကြည့်ရှု
ခွဲစိတ်ပြီးနောက်ဆုံးတွင်
ဆေးစာ၌ပါလာသည်ကား အတွင်းဒဏ်ရာမရှိ
ထိပိလန့်သေဆုံး
သွားရကြောင်းပေါ်ပေါက်လာကာမှ
''ရှမ်းကြီးကို တောစိုးကြီးထောင်းတာ ''
''ကံနိမ့်ပြီလေ ''
''အကုသိုလ်ဝင်လာပြီပေါ့ ''
ဟူ၍ ပြောလာကြတော့သည်
မနက်ဖြန်ရှမ်းကြီးဆွမ်းသွပ်
ကွမ်းခြံရှိ ရှမ်းကြီးအား
ဆွမ်းသွပ်အတွက်အိမ်ပြန်ခေါ်မ
်ပြောပြီးထွက်သွားတော့သည်
ခါတိုင်းလိုပဲ အဖော်မပါတစ်ကိုယ်တည်း
မဲတာမ ကွမ်းခြံတဲထဲ
ဝင်လိုက်သောအခါ
တစ်ကိုယ်လုံးချမ်းစိမ့်သွား
မျက်စိထဲတွင် ဖြတ်ခနဲလှုပ်ရှားဟန်တစ်ခုကို
''ကိုရှမ်းကြီးရေ တော့်ကိုဆွမ်းသွပ်ရအောင် အိမ်လိုက်ခဲ့နော် ''
''ဘုတ် ''
''အင့် ''
မဲတူမပြော၍ပြန်အလှည့်
အိမ်ထဲဝင်လာသော
ဇရက်တကောင်နှင့်
တိုက်မိပြီးဇရက်ကပြုတ်ကျသွာ
မဲတူမအား ကြည့်နေသည်
မဲတူမလည်း ဘာစိတ်ကူးပေါက်သည်မသိ ပြုတ်ကျသွားသော
ဇရက်လေးအားကောက်ယူလိုက်ပြီး
''အိမ်လိုက်ခဲ့နော် ''
ဟုပြောလိုက်သည်
ထူးဆန်းသည့်ဇရက်လေးမှာလည်း မဲတူ၏စကားကိုနားထောင်သည့်အလ
နေဝင်သွားပြီ
ရှေ့မှာစမ်းချောင်းလေးတစ်ခု
ဒီလမ်းကရွာနှင့်ပိုနီးသည်
ရေကမနက်
ခြေကျင်းဝက်ခန့်သာနက်သည်
''အမေ့ ''
''ဝုန်းးးးး ''
မဲတူမဖြတ်အကူးရေလယ်အရောက်တွ
အလင်းတန်းကြီးတစ်ခုကိုမြင်ြ
ရေထဲပစ်လဲကျသွားတော့သည်
ဘာဆိုဘာမှမသိတော့
ရွာသားများလိုက်လာခါမှ ခြေချင်းဝက်ခန့်ရှိသော
စမ်းချောင်းထဲတွင်လဲကျသေဆုံ
မဲတူမ ပခုံးထက်တွင်လည်း ကုပ်တွယ်၍သေဆုံးနေသောဇရက်တေ
မဲတူမ၏ကျောတွင်လည်း ရှမ်းကြီးကဲ့သို့ထုထောင်းရာ
ရှမ်းကြီး၏စကားအဆုံးတွင် ဦးပဉ္ဇင်းက
''အေးလေ ကံစီမံရာ
အတိုင်းပဲပေါ့ ဝဋ်ကြွေးတွေ
ဆပ်ရတယ်ပဲ
သဘောထားကြပါ ဘယ်သူ့မှ
အထိပ်တလန့် အနှောက်အယှက်မပေးရင် ဒီညောင်ပင်ကြီးမှာနေနိုင်ပါ
ဦးဇင်းလေးက စေတီထောင့် စောင်းတန်းအဆုံးမှာပေါက်နေေ
မျက်ကွယ်ပြုထွက်ခွာခဲ့လေတော
''သြော် ဝဋ် ဝဋ် သံရာအဆက်ဆက် ဆပ်နေရအုံးမှာပါလား ''
ပြီးပါပြီ
written by Yin Nyein Aye
"မပြေသည့် ဝဋ်ကြွေး" ငယ်ငယ်ကကြားဖူးတဲ့ဖြစ်ရပ်မှန်တစ်ခုအား အနည်းငယ် ပြင်ဆင်၍ရေးသားထားပါသည်
Reviewed by Unknown
on
12:11 PM
Rating:
Reviewed by Unknown
on
12:11 PM
Rating:


Post a Comment