Header AD

အမေရိကန်လေယာဉ်တင်သင်္ဘောကို ကိုရီးယားကျွန်းဆွယ်ကနေ ခြောက်ထုတ်ဖို့ တရုတ်နဲ့ ရုရှား သူလျှိုသင်္ဘောတွေ စေလွှတ်ဟုဆို

ဧပြီ ၁၈ – တရုတ်နဲ့ရုရှားဟာ အမေရိကန်ရေတပ်တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ဖွဲ့ကို ကိုရီးယားနဲ့ ဝေးရာအရပ်ဆီ ရောက်သွားအောင် ခြောက်ထုတ်ဖို့ သူလျှိုသင်္ဘောတွေ စတင်စေလွှတ်ခဲ့တယ်လို့ သတင်းတွေအရသိရပါတယ်။ ဒေသတွင်းတင်းမာမှုတွေမြင့်တက်လာတာနဲ့အတူ ဒေါ်နယ်ထရမ့်ကလည်းအင်အားပြသမှုတစ်ရပ်အနေနဲ့ ကိုရီးယားကျွန်းဆွယ်ဆီတိုက်ခိုက်ရေးတပ်ဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ဖို့ အမေရိကန်လေယာဉ်တင်သင်္ဘောUSS ကားလ်ဗင်ဆင်ကို စေလွှတ်ခဲ့ပါတယ်။
Raw Story ကလည်း ပြိုင်ဘက်အင်အားကြီးနိုင်ငံတွေလည်း သူလျှိုရေယာဉ်တွေစေလွှတ်ထားတယ်လို့ ယိုမီယူရီရှင်ဘွန်းမှာဖော်ပြထားတဲ့ ဂျပန်အစိုးရသတင်းအရင်းအမြစ်တွေရဲ့ပြောကြားချက်တွေကို ကိုးကားပြီး ရေးသားထားပါတယ်။ သည်သင်္ဘောတွေဟာ အဆိုပါဒေသတွင်း အမေရိကန်ပြည်ထောင်စုက အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်မယ့် အရေးကို နှစ်နိုင်ငံလုံးက သတိပေးကန့်ကွက်ပြီးနောက် အမေရိကန်ကို သတိပေးတဲ့လုပ်ရပ်တစ်ခုအဖြစ် ရည်ရွယ် စေလွှတ်ထားပုံရပါတယ်။
ရုရှားအစိုးရပြောခွင့်ရအမျိုးသား ဒီမီထရီပက်စ်ကော့ဗ်ကလည်း သည်တစ်ပတ်အစောပိုင်းမှာ သတင်းထောက်တွေ ကိုပြောရာမှာ သူတို့ဟာ နိုင်ငံအားလုံးကိုတည်ငြိမ်ကြဖို့ တောင်းဆိုထားပြီး ရန်စတဲ့ခြေလှမ်းတွေအထိဖြစ်စေနိုင်တဲ့ လုပ်ရပ်တိုင်းကို ရှောင်ရှားကြဖို့ အားလုံးကိုတောင်းဆိုထားတဲ့အကြောင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကလည်း သည်ပြောကြားချက်အတိုင်းထပ်တူပြုပြီးတော့ အမေရိကန် အစိုးရနဲ့ ပြုံးယမ်းအစိုးရကိုလည်း ပြန်လှည့်လို့မရနိုင်တဲ့အခြေအနေမရောက်ခင် အစွန်းကနေ နောက်ပြန်ဆုတ် ကြဖို့ ပြောကြားထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားဒုတိယသံအမတ်ကြီးကလည်း သည်ဒေသတွင်း အခုလိုရေတပ်တပ်ဖွဲ့ စေလွှတ်မှုကို ရှုတ်ချထားပါတယ်။ သူက အမေရိကန်ဟာ ကိုရီးယားကျွန်းဆွယ်ကို ကမ္ဘာ့ရန်အများဆုံးနေရာတစ်ခုဖြစ်အောင် လုပ်ဆောင်နေပြီး အချိန်မရွေး သာမိုနျူကလီးယားစစ်ပွဲတစ်ပွဲဖြစ်ပွားအောင်ဖန်တီးနေတယ်လို့ အမေရိကကို စွပ်စွဲထားပါတယ်။ ကိုရီးယားကျွန်းဆွယ်ကမ်းလွန်မှာ ထရမ့်အစိုးရရဲ့ သည်ကားလ်ဗင်ဆင် နျူကလီးယားတင် သင်္ဘောတပ်ဖွဲ့ စေလွှတ်တာဟာ မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ ဂရုမစိုက်တဲ့ကျူးကျော်မှုလုပ်ရပ်တွေဟာ အရေးကြီးတဲ့ အနေအထားထိရောက်ရှိနေပြီဆိုတာပြသလိုက်တာပဲဖြစ်တယ်လို့ သူကပဲဆက်ပြောပါတယ်။
ချိုလေးငယ်
ref: theSun. Apr 17, 2017

အမေရိကန်လေယာဉ်တင်သင်္ဘောကို ကိုရီးယားကျွန်းဆွယ်ကနေ ခြောက်ထုတ်ဖို့ တရုတ်နဲ့ ရုရှား သူလျှိုသင်္ဘောတွေ စေလွှတ်ဟုဆို အမေရိကန်လေယာဉ်တင်သင်္ဘောကို ကိုရီးယားကျွန်းဆွယ်ကနေ ခြောက်ထုတ်ဖို့ တရုတ်နဲ့ ရုရှား သူလျှိုသင်္ဘောတွေ စေလွှတ်ဟုဆို Reviewed by Unknown on 5:10 AM Rating: 5

Post AD