စက်ရုံက သရဲမ
ဒီအဖြစ်အပျက်တွေကတော့ ကျနော်ကိုယ်တွေ့ကြုံရတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အကြောင်းအရာတွေအားလုံး ကေ တာ့ ကျနော် အလုပ်လုပ်ခဲ့တဲ့ ရွှေပြည်သာက ငါးပုဇွန် cold store စက်ရုံမှာ ဖြစ်ခဲ့တာတွေပါ။
ကျနော်ကိုယ်တွေ့မကြုံရတာပဲရှိတာပါ။ ကျနော့်အနားမှာတင်ကပ်ကပ်ပြီးဖြစ်သွားတာတွေပါ။ အဲ့ဒိစက်ရုံက ခုထိရှိသေး တဲ့အတွက်ကြောင့် အမည် လိပ်စာတွေကိုတော့တပ်မရေးတော့ပါဘူး။ အဖြစ်အပျက်တွေက ဒီလိုပါ………။
၁- စက်ရုံမှာ ငါးခေါင်းခုတ်တဲ့အခန်းရှိပါတယ်။ ကျနော်တို့ခုစားနေကြတဲ့ ကိုရီးယားကင်တွေလုပ်ဖို့ ငါးတွေမကြိတ်ခင်မှာ ငါးကိုခေါင်းဖြတ်တဲ့အခန်းပါ။ အဲ့ဒါကို ကျနော်တို့ခုတ်ခန်းလို့ခေါ်ပါတယ်။ အဲ့ဒိခုတ်ခန်းကထွက်တဲ့ ခေါင်းမပါတဲ့ငါးတွေကို စက်ထဲတစ်ခါတည်းထည့်ပြီး အကြေးခွံချွတ်တဲ့ စက်ကချွတ်.. ကြိတ်တဲ့စက်ကကြိတ်ပါတယ်.. သဘောကတော့ခေါင်း ခု တ်တာကလွဲလို့ finished goods ထွက်တဲ့အထိ အားလုံးက automatic machine ကိုပဲသုံးပါတယ် (ဗဟုသုတ အေ နနဲ့ပါ)
အဲ့ဒိခုတ်ခန်းမှာက လူတွေအများကြီးခေါင်းခုတ်နေကြပါတယ် မိန်းကလေးတွေများပါတယ်.. အဲ့ဒိထဲမှာ ကောင်မလေး တစ်ယောက် ငါးခုတ်နေပါတယ်.. သူတို့ကကျွမ်းကျင်လုပ်သားတွေဆိုတော့ အရမ်းမြန်ပါတယ် သူ့ဟာနဲ့သူ timing မှန်မှန်ခုတ်နေတာပါ.. အဲ့ဒိမှာ သူ့တံတောင်ကို နောက်ကတစ်ယောက်ယောက်ကလှမ်းလှမ်းဆွဲတယ်လို့ခံစားရပါတယ်.. ပထမ တစ်ချက်နှစ်ချက်တုန်းက သူစိတ်ထင်လို့ထင်ပြီးလှည့်မကြည့်မိပါဘူး..။
နောက်တော့ လူစတယ်ထင်ပြီးလှည့်ကြည့်လိုက်ပါတယ်.. အဲ့ဒိမှာသူတွေ့လိုက်ပြီး တစ်ခါတည်းကိုမေ့သွားပါတယ်. နောက်တစ်ပါတ်လောက်ဖျားလို့ အလုပ်တောင်မဆင်းနိုင်တော့ပါဘူး.. … သူမြင်လိုက်ရတာဘာလဲသိချင်လား… မျက်နှာကြီးတဲ့..အဲ့ဒိမျက်နှာမှာ.. မျက်စိတွေ နှာခေါင်းတွေပါးစပ်တွေမပါတဲ့ မျက်နှာပြောင်ချောချောကြီးနဲ့တဲ့…။
၂- စက်ရုံမှာ canteen ရှိပါတယ်.. အဲ့ဒိ canteen ရဲ့အပေါ်ထပ်မှာ ညတာဝန်ကျတဲ့ သူတွေနားတဲ့ဝန်ထမ်းနားေ နဆော င်ရှိပါတယ်.။ တစ်ရက် ညနေမှာပါ.. ညပိုင်းတာဝန်ဆက်ကျတဲ့ engineer department က ယောက်ျားတစ်ယောက်က အပေါ်မှာ ခဏတက်နှပ်မယ်ဆိုပြီးတက်ခဲ့ပါတယ်… ဒါပေမယ့် မနှပ်လိုက်ရပဲ ခဏနေတော့ ဒရောသောပါးပြေးဆင်းလာ ရ ပါတယ်.. ဘာဖြစ်တာလဲမေးကြည့်တော့… မျက်နှာကျပ်မှာ တဲ့ ကားယားကြီး ဆံပင်ဖားလျားကြီးနဲ့ကပ်နေ တာတွေ့လို့ တဲ့ ……။
၃- ဒီတစ်ခေါက်ကစက်ရုံးမှူးပါ… သူက ကျနော်တို့နဲ့လည်း ရင်းနှီးပါတယ်.. သူပြန်ပြောတာက…. သူတစ်ရက် စက်ရုံမှာ တာဝန်နဲ့ညအိပ်ရပါတယ်။သူက စက်ရုံက ရာထူးကြီးတဲ့သူဆိုတော့ canteen အပေါ်ထပ်ကအခန်းထဲမှာမအိပ်ရပါဘူး.. office building ပေါ်ကအခန်းထဲမှာအိပ်ရပါတယ်.. ။
အဲ့ဒိ Office building မှာက M.D room, director rooms, account department, meeting room, ထမင်းစားခန်းစသည့်အခန်းတွေအပြင် ရုံးကတာဝန်ရှိသူတွေအတွက် master bedroom ၂ ခန်းလည်း ရှိပါသေး တယ်.. သူက အဲ့ဒိ master bedroom နှစ်ခန်းထဲက တစ်ခန်းမှာ ၀င်အိပ်ပါတယ်… ။
ညဖက် အပေါ့သွားချင်လို့နိုးလာပါတယ်. အခန်းထဲမှာသွားလို့ရပေမယ့် သူက မသွားပဲနဲ့ အပြင်က အခန်းတွေပါလျှောက် စစ်မယ်ဆိုပြီးအပြင်က toilet ကိုထွက်လာပါတယ် toilet က သူအိပ်တဲ့အခန်းနဲ့ဆိုရင် ဟိုဖက်ထိပ်နဲ့ ဒီဖက်ထိပ်ပါ.. အဲ. .ကြားက director ခန်းတစ်ခန်းက ပွင့်နေပါတယ် ဒါနဲ့သူပိတ်လိုက်ပြီး အိမ်သာဆက်သွားပါတယ် အိမ်သာက ပြန်လာေ တာ့ သူပိတ်ခဲ့တဲ့တံခါးကပဲထပ်ပွင့်နေပါတယ်.. ။
အဲ့ဒိအခန်းက အမြဲပိတ်ထားတာပါ.. director က overseas ကမို့လို့ပါ.. ။ ဒါနဲ့သူလည်းကြောက်ပြီး ခြံဝက လုံခြုံရေး အခန်းမှာသွားအိပ်မယ်ဆိုပြီး ဆောင်ကြီးခေါင်းမြီးခြုံပြီးဆင်းလာပါတယ် (ဆောင်းရာသီပါ)။ အဲ့ဒါ့ကို အထားနပ်နေ တဲ့ လုံခြုံရေးမှူးက ဂိတ်ကနေပြီး ရုံးပေါ်က မဲမဲကြီးဆင်းလာတယ်ပေါ့.. သရဲထင်ပြီးဓါတ်မီးနဲ့ထိုးပြီးလေးခွနဲ့ ချိန်ထားပါတယ်.. အဲ့ဒါစက်ရုံမှူးကလည်း သရဲရန်ထက် လေးခွကိုပိုကြောက်ပြီး.. ဦး.. ကျနော် မောင်…… ပါဆိုပြီး တစ်ညပြီးသွားပြန်ပါ တ ယ်…။
၎- လုံခြုံရေးမှူး အဖိုးကြီး အသက် ၅၀ ခန့် ကတော့တကယ့်ကို သတ်တိကောင်းသူပါ..သူလို့သာကျနော်တို့တွေကြုံရရင် အဲ့ဒိစက်ရုံမှာလုပ်ရဲမှာမဟုတ်ပါဘူး…..ဒီလိုပါ..။
အဲ့ဒိရွှေပြည်သာက စက်ရုံက ချောင်ကျတာကြောင့် ညဖက်ဆိုရင်အရမ်းလူပြတ်ပါတယ်.. မီးပျက်တဲ့ညတွေဆိုရင် ပါတ်ဝ န်းကျင်တစ်ခုလုံးက ဘာမှကိုမမြင်ရအောင်ပိန်းပိတ်အောင်မှောင်ပါတယ်… တစ်ည…. စက်ရုံရဲ့ ခြံထောင့်က ခွေးတွေက အရမ်းကိုအူးနေပါတယ်.. ။
လုံးခြုံရေးမှူးအဖိုးကြီးကလည်း သူခိုးကပ်တယ်ထင်ပြီး အဲ့ဒိခွေးတွေအူတဲ့ခြံထောင့်ကိုသွားပါတယ်… အဲ့ဒိမှာ လူရိပ်တစ်ခု ကိုတွေ့လိုက်ပါတယ်. ဒါနဲ့ တစ်ဖက်က ဓါတ်မီး တစ်ဖတ်က ဒုတ်ကိုကိုင်ပြီ ဆက်ချဉ်းကပ်သွားပါတယ် ဓါတ်မီးတော့ မဖွင့် ပါဘူး.. သူခိုးပြေးသွားမှာဆိုးလို့ပါ.. ။
သူက အမောင်ထဲမှာ ကျင့်သားရနေတော့ အဲ့ဒိအရိပ်ကိုတော့မြင်နေရတုန်းပါပဲ သူလည်းသတိနဲ့ ဖြည်းဖြည်းချင်းအသံ မကြားအောင်ချဉ်းကပ်သွားပါတယ်.အနီးရောက်တော့သိပ်မသင်္ကာတာနဲ့ ဓါတ်မီးဖွင့်ကြည့်လိုက်တဲ့အခါမှာ သူတွေ့လိုက် ရတာကတော့.. ခေါင်းကြီးက ဘေးတိုက် ၉၀ ဒီကရီထိဇတ်ကြိုးကျနေတဲ့ သရဲမကိုတွေ့လိုက်ရတာပါပဲ…………..
နောက်တစ်ခါ ကျတော့ သူ ညဘက်မီးပျက်တဲ့ရက်မှာ စက်ရုံဝင်းထဲ လျှောက်စစ်နေတုန်း မိန်းမ ရေးချိုးခန်းအိမ်သာေ ဆာင်နံရံထဲက လက်တစ်ဖက်ထွက်လာပြီးသူ့ဆီက တောင်းသလိုပုံစံမျိုးကိုတွေ့ရပါတယ် အဲ့ဒိလက်တစ်ဖက်ကတော့ ကျနော်တို့သာမမြင်ဘူးတာ..သူ့အတွက်ကတော့ ရိုးနေပြီဆိုပဲ…။
အဲ့ဒိ မိန်းမ ရေချိုးခန်းကလည်းအရမ်းကိုခြောက်ပါတယ်လို့ပြောပါတယ်. ဒါပေမယ့်ကျနော့်ကိုသေချာ ပြန်ပြောပြ တဲ့သူ မရှိတဲ့အတွက်ကြောင့်မရေးပြတော့ပါဘူး..။
၅- ဒီတစ်ခါကျတော့.. ကျနော့် အလုပ်လုပ်တဲ့ office building အပေါ်ထပ် account department ပါ.ကျနော်က အဲ့ဒိမှာ တစ်ယောက်တည်းသောယောက်ျားလေးပါ. Account department မှာက စုစုပေါင်းကျနော်အပါအ၀င် ၈ ယောက်လောက်ရှိပါတယ်.. အဲ့ဒိမှာ..တစ်နေ့ ကျနော်တို့တွေစုပြီးတော်ကီပြစ်ကျပါတယ်.. ။
အခန်းက hall ခန်းမို့လို့ ကိုယ့် computer ရှေ့ကိုယ်ထိုင်ပြီးလှမ်းလှမ်းပြီးလေပြစ်နေကြတာပါ ..လူကြီးတွေကလည်းရုံးေ စာစောဆင်းသွားပါတယ် ကျနော်တို့ အတွက်တော့ ပွဲတော်ကြီးပေါ့.. အဲ့လိုနဲ့ လေပြစ်နေတုန်း စက်ရုံက သရဲမအကြော င်းရောက်သွားပါတယ်.. ။
အဲ့ဒိမှာ ကျနော် ဘေး ကအစ်မတစ်ယောက်သူက ဒေါင့်ဆုံးမှာ ထိုင်တာပါ.. သူလည်းစကားဝင်ပြောပါတယ် ပြောနေရ င်း နဲ့ သူအရမ်းကိုကျပ်သီးတွေထလာပြီး အဲ့ဒိဒေါင့်ကနေပြေးလာပြီးအလယ်မှာလာ ထိုင်ပါတယ်.ဘာ လို့လဲအစ်မလို့ မေးေ တာ့.. ငါလည်းပြောနေရင်းနဲ့အရမ်းကြောက်လာလို့ ဒီကိုပြေးလာတဲ့.. ပြီးတော့သူ့လက်က မွေးညှင်းနုနုလေးတွေကေ ထာင်နေပါတယ်.. ။
အဲ့ဒါနဲ့ တစ်ပြိုင်နက်.. ကျနော်တို့တစ်ခန်းလုံးကျောထဲကစိမ့်ကနဲ့ဖြစ်သွားပြီး..ကျနော်တို့အားလုံးရဲ လက်က မွေးညှင်းတွေ ဟာ ထောင်လာပါတယ်… ကျနော့်စိတ်ထင်.. အခန်းထဲကိုဝင်လာလားမှမသိတာနော်…ကျနော်ကြားဖူးတာက သရဲ ပြိ တာတွေက လူနားရောက်လို့ရှိရင် လူက အလိုလို ကျောထဲက စိမ့်လာပြီး ကျပ်သိမ်းမွေးညှင်းတွေပါတွေထတယ် ဆို တာ ကို.. အဲ့ဒါနဲ့ အဲ့ဒိမှာပဲ ကျနော်တို့စကားဆက်မပြောရဲကြတော့ပဲ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေပါတယ်..။
ခဏနေတော့ စောစောက ထောင်နေတဲ့လက်ကမွေးညှင်းတွေက နဂိုပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်…။ အဲ့ဒါက အဲ့မှာ မပြီးသေးပါဘူး.. အဲ့နေ့ရုံးဆင်းတော့ ကျနော်တို့အားလုံးတူတူဆင်းကြပါတယ် .အမြဲလည်းတူတူပဲဆင်းနေကြပါ .အုပ် စု လိုက်ကြီးဆင်းတာပေါ့.. ကျနော့်ကနောက်ဆုံးမရောက်ခင်ရှေ့ကဆင်းပါတယ်.ကျနော့်နောက်မှာ အစ်မတစ်ယောက် ပဲရှိ ပါတော့တယ်…. ။
သူက ကျနော့်နောက်နားကနေပြီးတော့ အမလေး ဆိုပြီးအော်လိုက်ပါတယ်..ကျနော်အပါအ၀င် ကျနော့်ရှေ့က အစ်မတွေ လည်းအားလုံးကြားပါတယ်.ဘာဖြစ်တာလဲမေးတော့.သူက မဖြေပဲ တံခါးကိုမြန်မြန်ပိတ်ပြီး ဆင်းမယ်ဆင်းမယ် ဆိုပြီးနော က်ဆုံးကလူက ရှေ့ဆုံးလူကိုကျော်ပြီးသုတ်သုတ် သုတ်သုတ်နဲ့ ဆင်းသွားပါတယ်.. ဒါနဲ့ကျနော်တို့လည်း ဘာဖြစ်တာလဲ ပေါ့ဆိုပြီးသူ့နောက်ကနေ လိုက်ဆင်းသွားပါတယ်.. ။
ferry ပေါ်ရောက်မှသူကပြန်ပြောပြပါတယ်.. ငါ့အိပ်ကိုနောက်ကနေလှမ်းဆွဲလို့တဲ့ငါတောင်နောက် လှန်ကျမလိုဖြစ်သွား ရတယ်တဲ့… အဲ့လို…သရဲမက ကျီစားတာ….။
ကျနော်တို့အခန်းကလူတွေတော်တော်များများ..ကျနော်ကလွဲလို့ အားလုံးလိုလို နံမည်အခေါ်ခံရပါတယ်..သူက နံမည် လည်းခေါ်တက်ပါတယ်… သူခေါ်တဲ့ အသံကြားပြီးအခန်းထဲကိုယောင်တောင်ေ တာင်နဲ့ပြန်ပြန်ဝင် လာတဲ့သူတွေလည်း စက်ရုံမှာမနည်းတော့ပါဘူး.နံမည်ခေါ်တာကတော့.. ကျနော်တို့အတွက်ရိုးတောင်နေပါပြီ….။
တစ်ခါတုန်းကလည်း.. မနက် ferry ရောက်တဲ့အချိန် မနက် ၉နာရီ ၀န်းကျင်ပေါ့.. အခန်းထဲက မိန်းကလေးတွေအားလုံး အိမ်သာသွားကြပါတယ် ကျနော်နဲ့ နောက်အစ်မတစ်ယောက်ကတော့ အခန်းထဲမှာ air con ဖွင့် computer ဖွင့် ဖုံသု တ်ဘာလုပ်ညာလုပ်နဲ့ကျန်ခဲ့ပါတယ်.. အဲ့နေ့က ရုံးက ကလေးအမေတစ်ယောက်က သူ့ သုံးနှစ်အရွယ်ကလေးေ လးခေါ်ခဲ့ ပါတယ်. အိမ်သာသွားတဲ့ အုပ်စုထဲမှာ အဲ့ကလေးလေးလဲပါသွားပါတယ်.. .. ။
ခဏနေတော့ အားလုံး ၀ရုံးသုံးကားနဲ့ပြန်ရောက်လာကြပါတယ်.အခန်းထဲမှာကျန်တဲ့ကျနော်တို့က ဇဝေဇ၀ါနဲ့ဟာဘာဖြစ် လာကြတာလဲပေါ့… အိမ်သာထဲမှာ တဲ့ သရဲမထိုင်နေတာတွေ့လို့တဲ့. .ဟင်ကျနော်လည်းကြောင်သွား ပါတယ်.. ဘယ်လြို ဖစ်တာလဲပေါ့ အိမ်သာက နှစ်ခန်းပါတယ်။ တစ်ခန်းက ရိုးရိုး.တစ်ခန်းက ဗိုလ်ထိုင်ပါ။
အဲ့မှာ ကလေ အမေက သူ့ကလေးကိုသမီးအပေါ့သွားမ ယ်ဆိုသွားလေလို့ပြောပါတယ်… သူကမသွားပဲ.ဟိုမှာအ စ်မတ စ်ယောက်ထိုင်နေတယ်အမေရဲ့ဘယ်လိုသွားမလဲလို့ပြန်ပြောပါတယ်..ဒါနဲ့ အပြင်မှာရှိတဲ့သူတွေအားလုံးကလည်း တံခါး ဖွင့်ထားတဲ့အိမ်သာကိုပြိုင်တူကြည့်လိုက်ပါတယ်.ဘယ်သူမှမရှိပါ.. ကလေးကိုဘယ်မှာလဲလို့မေးတော့..ဟိုမှာလေ. အမေရဲ့ မျက်နှာမှာ ပေါင်ဒါတွေအများကြီးနဲ့ အစ်မကြီးတစ်ယောက်ထိုင်နေတယ်ဆိုပြီးလက်ညိုးပါထိုးပြပါတယ်..ဒါနဲ့ အိမ်သာသွားချင်တဲ့သူတွေတောင်ဆက်မသွားနိုင်တော့ပဲ ပြန်ပြေးလာခဲ့ကြတာပါ.. နေ့တစ်ဝက်လောက်ဘယ်သူမှ အိမ်သာမသွားရဲတော့ပါ။
ဒါတောင်ကျနော် အလုပ်သင်ဝင်တုန်း လေးငါးလလောက်အတွင်းမှာဖြစ်ခဲ့တာေ တွပါ.ကျနော်မသိ တဲ့ဇာတ်လမ်းတွေ လည်းအများကြီးရှိပါသေးတယ်။
ကျနော်ပြောချင်တာက.. သရဲ တစေ ဆိုတာသူ့ဟာသူရှိနေတာပါ.နေရာတိုင်းမှာရှိေ နနိုင်ပါတယ် ..သူတို့နေချင်သ လိုေ နနိုင်ပါတယ် ကိုယ့်ဘက်က အရမ်းကြီးကြောက်စရာမလိုပါဘူး။ သူတို့ကလည်း စတာနောက်တာကလွဲလို့ လူကိုလည်း အနတရယ်မပြုပါဘူး.. မြင်လိုက်ရတဲ့သူတွေသာ.မြင်ရတာပါ..ကျနော်ကတော့ အဲ့ဒိစက်ရုံမှာလုပ်နေတဲ့ကာလပါတ်လုံး မျက်မြင် ချောင်းသာမှာလို မတွေ့ခဲ့ဘူးပါဘူး။
ကျနော့်နာမည်လည်းအခေါ်မခံရပါဘူး။ အနံ့နဲ့လည်းအခြောက်မခံရပါဘူး။ ရုံးမှာ စောင့်အိပ်တဲ့ညတွေတုန်းကလည်း ဘာ မှကိုအခြောက်မခံရပါဘူး..။ကြည့်ရတာသရဲမက သူ့ထက်ရုပ်ပိုဆိုးတဲ့ကျနော့်ကိုမြင်ပြီးဝေးေ ၀းကရှောင်သွားတာလား မ သိဘူးနော်
ဒီထဲမှာသာလျှောက်ပြောနေတာ..ခုလည်း ညည ဒီပေတဖက်ပြီး..ဓါတ်လှေခါးစီးတာတောင်စိတ်မသန့်ချင်တော့ ဘူး
ှSource : 1920 သရဲ

Reviewed by Unknown
on
5:14 AM
Rating:
Reviewed by Unknown
on
5:14 AM
Rating:

Post a Comment